Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 30:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 နေဂေ့​အရပ်​ရှိ တိရစ္ဆာန်​များ​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​ကား သူ​တို့​သည် မိမိ​တို့​ဥစ္စာပစ္စည်း​များ​ကို မြည်း​တို့​၏​ကျော​ပေါ်​၊ မိမိ​တို့​၏​ဥစ္စာဘဏ္ဍာ​များ​ကို ကုလားအုတ်​တို့​၏​ဘို့​ပေါ်​တင်​၍ ဆင်းရဲဒုက္ခ​နှင့်​ဘေးဥပဒ်​၊ ခြင်္သေ့မ​နှင့်​ခြင်္သေ့ပျို​၊ အဆိပ်ပြင်း​သော​မြွေပွေး​နှင့် ပျံသန်း​တတ်​သော​မီးမြွေ​ရှိ​ရာ​အရပ်​ကို ဖြတ်သန်း​ပြီး အကျိုး​မ​ပြု​သော​လူမျိုး​ထံ သယ်ဆောင်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဤ​ဗျာ​ဒိတ်​တော်​သည်​တောင်​ပိုင်း​သဲ​ကန္တာ​ရ တွင်​ရှိ​သည့် တိ​ရစ္ဆာန်​များ​နှင့်​သက်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ကိုယ်​တော်​က``သံ​တ​မန် တို့​သည်​ခြင်္သေ့​များ​ခို​အောင်း​ရာ၊ မြွေ​ဆိုး​များ၊ န​ဂါး​ပျံ​များ​ရှိ​၍​ဘေး​အန္တ​ရာယ်​ပေါ​များ ရာ​အ​ရပ်​ကို​ဖြတ်​၍​သွား​ရ​ကြ​၏။ ထို​သူ​တို့ သည်​မိ​မိ​တို့​အား​အ​ဘယ်​အ​ကူ​အ​ညီ​မျှ မ​ပေး​နိုင်​သည့်​လူ​မျိုး​အ​တွက် အ​ဖိုး​ထိုက် လက်​ဆောင်​ပဏ္ဏာ​များ​ကို​မြည်း​များ၊ ကု​လား အုတ်​များ​နှင့်​တင်​ယူ​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 တောင် ပြည် ရှိ တိ ရ စ္ဆာန် များ ကို ရည် သော ဗျာ ဒိတ် ဟူ မူ ကား၊ သီ ဟ၊ ခြင်္သေ့၊ မြွေ ဆိုး၊ န ဂါး ပျံ ပေါ များ သ ဖြင့်၊ အ လွန် နှိပ် စက်၍ ဆင်း ရဲ သော ပြည် ကို ဖြတ် သန်း လျက်၊ မြည်း ကျော ပေါ် တွင် ဥ စ္စာ ပ စ္စည်း ကိုလည်း‌ ကောင်း၊ ကု လား အုပ် ဘို့ ပေါ် တွင် ဘ ဏ္ဍာ များ ကိုလည်း‌ ကောင်း၊ အ သုံး မ ပြု သော လူ မျိုး ထံ သို့ ဆောင် သွား ကြ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ခြင်္သေ့​မ၊ ခြင်္သေ့​ပျို၊ မြွေ​ဆိုး၊ ပျံ​တတ်​သော​မီး​မြွေ များ​သ​ဖြင့်၊ အ​လွန်​ခဲ​ယဉ်း၍ ဆင်း​ရဲ​သော​ပြည်​ကို လျှောက်​လျက်၊ တောင်​မျက်​နှာ​သို့​သွား​သော တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ တင်​သော​ဝန်​များ​ကို ကြည့်​ရှု​ကြ​လော့။ မြည်း​ပ​ခုံး​ပေါ်​မှာ ဥ​စ္စာ​ပ​စ္စည်း​များ​ကို​လည်း​ကောင်း၊ ကု​လား​အုတ်၏​ဘို့​ပေါ်​မှာ ဘ​ဏ္ဍာ​များ​ကို​လည်း​ကောင်း တင်၍၊ ကျေး​ဇူး​မ​ပြု​နိုင်​သော လူ​မျိုး​ထံ​သို့ ဆောင်​သွား​ကြ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 30:6
31 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် အာဗြံ​သည် ထိုမှ​ထွက်ခွာ​လာ​၍ နေဂေ့​အရပ်​သို့ ဆက်၍​ခရီးပြု​လေ​၏​။


သူ​သည် မြောက်မြား​စွာ​သော အမွှေးနံ့သာ​များ​၊ ရွှေ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် နောက်လိုက်​ဗိုလ်ပါ​အများအပြား​တို့​နှင့် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ရှောလမုန်​မင်းကြီး​ထံသို့​ဝင်​ကာ စိတ်​ထဲ၌​ရှိသမျှ​တို့​ကို မေးမြန်း​ပြောဆို​လေ​၏​။


ထိုအခါ အာသ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာတိုက်​တို့​မှ ရွှေ​ငွေ​တို့​ကို​ယူ​၍ ဒမတ်စကပ်​မြို့​၌​နန်းစံ​သော ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​ထံသို့ ပေးပို့​လျက်


ရှောလမုန်​မင်းကြီး ဂုဏ်သတင်းကြီး​သည်​ကို ရှေဘ​ဘုရင်မ​ကြားသိ​သောအခါ ရှောလမုန်​မင်းကြီး​ကို စကားထာဝှက်​၍ ပညာစမ်း​ရန် ရောက်ရှိ​လာ​၏​။ သူ​သည် မြောက်မြား​စွာ​သော အမွှေးနံ့သာ​များ​၊ ရွှေ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် နောက်လိုက်ဗိုလ်ပါ​အများအပြား​တို့​နှင့် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ရှောလမုန်​မင်းကြီး​ထံသို့​ဝင်​ကာ စိတ်​ထဲ၌​ရှိသမျှ​တို့​ကို မေးမြန်း​ပြောဆို​လေ​၏​။


သူ​သည် ခွန်အား​ကြီး​သည်​ဆို​ပြီး သူ့​ကို ယုံစား​၍​ရ​မည်လော​။ သင်​လုပ်ဆောင်​ရ​မည့်​အလုပ်ကြမ်း​များ​ကို သူ့​အား လွှဲပေး​၍​ရ​မည်လော​။


သူ​တို့​ဘဝ​ခါးသီး​ရ​လောက်အောင်​ပင် ကြမ်းတမ်း​သော​အလုပ်​များ​ဖြစ်​သည့် သရွတ်ဖျော်​လုပ်ငန်း​၊ အုတ်ဖုတ်​လုပ်ငန်း​၊ လယ်ယာ​လုပ်ငန်း​ရှိသမျှ​တို့​၌ ခိုင်း​စေ​၏​။ ခိုင်းစေ​လေ​သမျှ​တို့​၌​လည်း ရက်စက်ကြမ်းတမ်း​စွာ ခိုင်း​စေ​၏​။


ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ သင့်​ကို ရိုက်​သော​ကြိမ်လုံး​ကျိုး​သောကြောင့် ဝမ်းမြောက်​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား မြွေ​အမျိုး​ထဲက မြွေပွေး​ပေါက်လာ​လိမ့်မည်​။ သူ​၏​သားပေါက်​သည်​လည်း ပျံသန်း​တတ်​သော​မီးမြွေ​ဖြစ်​လိမ့်မည်​။


ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​သိုမှီး​ထား​သော​ဥစ္စာ​နှင့် သိုလှောင်​ထား​သော​အရာ​များ​ကို မိုးမခပင်​ပေါက်​ရာ​ချောင်း​တစ်ဖက်ကမ်း​သို့ သယ်ဆောင်​သွား​ကြ​လိမ့်မည်​။


အီဂျစ်​ပြည်သား​တို့​ကို ကြမ်းကြုတ်​သော​သခင်​တို့​၏​လက်​သို့ ငါ​အပ်​မည်​။ ခက်ထန်​သော​ဘုရင်​သည် သူ​တို့​ကို​အုပ်စိုး​လိမ့်မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ထို​လမ်း​၌ ခြင်္သေ့​မ​ရှိ​။ ကြမ်းကြုတ်​သော တောရိုင်းတိရစ္ဆာန် တစ်​ကောင်​မျှ ထို​လမ်း​ပေါ်သို့ မ​တက်လာ​။ မည်သည့်​တိရစ္ဆာန်​ကို​မျှ မ​တွေ့​ရ​။ ရွေးနုတ်​ခံရ​သော​သူ​တို့​သာ ထို​လမ်း​၌ သွားလာ​ကြ​လိမ့်မည်​။


ထို​နေ့ရက်​တွင် သူ​တို့​သည် သမုဒ္ဒရာ​မြည်ဟည်း​သကဲ့သို့ မာန်ဖီ​ကြ​လိမ့်မည်​။ ထို​ပြည်​ကို​ကြည့်​လျှင် ဆင်းရဲဒုက္ခ​အမှောင်ထု​သာ​ရှိ​၏​။ မိုးတိမ်​များ​ကြောင့် အလင်း​သည် မှောင်မိုက်​လေ​၏​။


သင်​သည် ရှင်ဘုရင်​ထံသို့ နံ့သာဆီ​ဖြင့် သွား​၏​။ နံ့သာ​မျိုး​များစွာ​ဖြင့် ကိုယ့်ကိုယ်ကိုယ်​မွှေးကြိုင်​စေ​၏​။ သင်​၏​သံတမန်​တို့​ကို​လည်း အဝေး​သို့​စေလွှတ်​၏​။ သင်​သည် မရဏာနိုင်ငံ​တိုင်အောင် နိမ့်ကျ​၏​။


ကမ္ဘာမြေကြီး​ကို​ကြည့်​လျှင်​ဖြစ်စေ ဆင်းရဲဒုက္ခ​နှင့် ဘေးဥပဒ်​အရိပ်​ဖြင့် မှောင်မည်း​နေ​သည်​ကို​သာ​မြင်​ရ​၍ မှောင်မိုက်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​မည်​။


သင်​တို့​၏​ဘိုးဘေး​တို့​အား အီဂျစ်​ပြည်​သံ​မီးပြင်းဖို​မှ ငါ​ထုတ်ဆောင်​လာ​ခဲ့​စဉ်က ငါ့​စကား​ကို​နားထောင်​၍ ငါ​ဆင့်ဆို​သမျှ​တို့​ကို​ပြု​ကြ​လော့​။ သို့ပြုလျှင် သင်​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​၍ ငါ​သည်​လည်း သင်​တို့​၏​ဘုရား​ဖြစ်​မည်​ဟု ငါ​ပဋိညာဉ်​ပြု​ထား​ခဲ့​၏​။


သူ​တို့​က ‘ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ပြီးလျှင် ချောက်​ပေါများ​သော​သဲကန္တာရ​၊ ခြောက်သွေ့​၍​သေမင်းအရိပ်​လွှမ်းမိုး​ရာ​၊ နေထိုင်​သွားလာ​သူ​မ​ရှိ​ရာ တောကန္တာရ​တစ်လျှောက် ပို့ဆောင်​တော်မူ​သော​ထာဝရဘုရား​သည် အဘယ်မှာ​နည်း’​ဟု မ​မေး​ကြ​။


“​အချင်း​လူသား​၊ တောင်ဘက်​သို့ မျက်နှာမူ​ပြီး တောင်ဘက်​အရပ်​ကို ဆန့်ကျင်​ဟောပြော​လော့​။ တောင်ဘက်​ရှိ​တောအုပ်​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။


ဧဖရိမ်​သည် လေ​ကို​စား​၏​။ အရှေ့​လေ​နောက်​သို့ လိုက်​၏​။ သူ​တို့​ပြု​သော​လိမ်လည်မှု​၊ အကြမ်းဖက်မှု​တို့​သည် တစ်နေ့​ထက်​တစ်နေ့ များများ​လာ​၏​။ အဆီးရီးယား​တို့​နှင့် ပဋိညာဉ်​ဖွဲ့​လျက်​နှင့်ပင် အီဂျစ်​ပြည်​သို့ ဆီ​ကို ပို့ပေး​၏​။


ထာဝရဘုရား​သည် ယုဒ​ကို စွဲချက်တင်​တော်မူ​ပြီ​။ ယာကုပ်​ကို သူ​ကျင့်ကြံ​ခဲ့​သည့်​အတိုင်း သူ့​ကို​ဒဏ်ခတ်​တော်မူ​မည်​။ သူ​လုပ်ဆောင်​ခဲ့​သည့်​အတိုင်း သူ့​ကို​ပြန်​ပေးဆပ်​စေ​မည်​။


သင်​သည် စား​ရ​သော်လည်း ဝလင်​မည်​မ​ဟုတ်​။ ဝမ်း​ဟာ​နေ​လိမ့်မည်​။ နောက်ဆုတ်​သော်လည်း လွတ်မြောက်​မည်​မ​ဟုတ်​။ လွတ်မြောက်​လျှင်ပင် သင့်​ကို ဓား​လက်​သို့ ငါ​အပ်​မည်​။


မြင်း​နက်​များ​က​သော​စစ်ရထား​သည် မြောက်​ပြည်​သို့ ထွက်သွား​၍ မြင်း​ဖြူ​များ​က​သော​စစ်ရထား​သည် သူ​တို့​နောက်​သို့ လိုက်​၏​။ အစက်အပြောက်​ပါ​သော​မြင်း​များ​က​သော​စစ်ရထား​သည် တောင်​ပြည်​သို့ ထွက်သွား​လေ​၏”​ဟု ဆို​၏​။


အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


ထာဝရဘုရား​က မောရှေ​အား “​မီးမြွေ​ရုပ်​ကို​လုပ်​၍ တိုင်​ပေါ်၌​တင်​ထား​လော့​။ အကိုက်​ခံရ​သော​သူ​တိုင်း ထို​မြွေရုပ်​ကို​ကြည့်​လျှင် အသက်ချမ်းသာ​ရာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


တရား​စီရင်​တော်မူ​သည့်​အခါ တောင်​အရပ်​မှ​ဘုရင်မ​သည် ဤ​မျိုးဆက်​နှင့်အတူ​ထမြောက်​လျက် ဤ​မျိုးဆက်​၏​အပြစ်​ကို ထင်ရှား​စေ​လိမ့်မည်။ အကြောင်းမူကား သူ​သည် ရှောလမုန်​၏​ဉာဏ်ပညာ​စကား​ကို နားထောင်​ရန် မြေကြီး​အစွန်အဖျား​မှ​လာ​၏။ ကြည့်ရှု​လော့။ ဤ​အရပ်​၌ ရှောလမုန်​ထက် ကြီးမြတ်​သော​သူ​ရှိ​၏။


ထို​ဘုရင်​သည် မိမိ​အတွက် မြင်း​တို့​ကို မ​စုဆောင်း​ရ​။ မြင်း​များ​ကို​စုဆောင်း​ရ​ရှိ​ရန် လူ​တို့​ကို​အီဂျစ်​ပြည်​သို့ ထပ်၍​ပြန်​မ​သွား​စေ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​က ‘​သင်​တို့​သည် ထို​လမ်း​သို့ နောက်တစ်ဖန် လုံးဝ​ပြန်​မ​သွား​ရ​’​ဟု သင်​တို့​အား​မိန့်​တော်မူ​ခဲ့​၏​။


ယနေ့​မြင်​ရ​သည့်​အတိုင်း ထာဝရဘုရား​သည် သင်​တို့​ကို မိမိ​၏​အမွေခံ​လူမျိုး​တော်​အဖြစ် ခေါ်ယူ​၍ အီဂျစ်​ပြည် သံ​မီးပြင်းဖို​ထဲမှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။


မီးမြွေ​နှင့်​ကင်းမြီးကောက်​ပေါများ​သော​အရပ်​၊ ရေ​မ​ရှိ​ဘဲ ခြောက်သွေ့​သော​အရပ်​၊ ကြောက်မက်​ဖွယ်​ကောင်း​သော တောကန္တာရ​ကြီး​၌ သင့်​ကို​ပို့ဆောင်​တော်မူ​သော​အရှင်​၊ သင့်​အတွက် ရေ​ကို မီးခတ်​ကျောက်​ထဲမှ​ထွက်​စေ​တော်မူ​သော​အရှင်​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ