ဟေရှာယ 65:25 - မြန်မာ့စံမီသမ္မာကျမ်း
25 ဝံပုလွေနှင့်သိုးကလေးတို့ အတူအစာစားကြမည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကိုစားမည်။ မြွေသည် မြေမှုန့်ကိုစားမည်။ ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
25 ဝံပုလွေနှင့်သိုးတို့သည်အတူအစာစား လျက် ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက် ကိုစားကြလိမ့်မည်။ မြွေများသည်မြေမှုန့်ကို သာစားကြလိမ့်မည်။ ငါ၏သန့်ရှင်းမြင့်မြတ် သည့်ဇိအုန်တောင်တော်ပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အရာနှင့်ဆိုးညစ်သည့် အရာရှိရလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
25 ထို အ ခါ ဝံ ပု လွေ နှင့် သိုး သား ငယ် တို့ သည် အ တူ ကျက် စား လျက်၊ ခြင်္သေ့ သည် နွား ကဲ့ သို့ ကောက် ရိုး ကို စား လ တ္တံ့။ မြွေ သည် မြေ မုန့် ကို သာ စား လ တ္တံ့။ သန့် ရှင်း သော တောင် တော် တစ် ပြင် လုံး၌ အ ဆိုး ကို မ ပြု၊ ဖျက် လည်း ဖျက် ကြ မည် မ ဟုတ် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
25 တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ