ယေဇကျေလ 34:25 - မြန်မာ့စံမီသမ္မာကျမ်း25 ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible25 သူတို့၏လုံခြုံရေးကိုစိတ်ချရစေရန်ငါ သည်သူတို့နှင့်ပဋိညာဉ်ပြုတော်မူမည်။ ကြောက်မက်ဖွယ်ကောင်းသည့်သားရဲတိရစ္ဆာန် အပေါင်းကိုပြည်တွင်းမှဖယ်ရှားပစ်မည်။ သို့မှသာလျှင်ငါ၏သိုးတို့သည်ဘေးမဲ့ လုံခြုံစွာတောကန္တာရများ၌နေရကြ ၍ တောများတွင်အိပ်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible25 ငါ သည် မ ဟာ မိတ် ပ ဋိ ညာဉ် ကို ဖွဲ့၍၊ ပြည် တော် ရှိ သား ရဲ ဘေး ပ ပျောက် စေ သ ဖြင့်၊ သဲ တော တွင် စိတ် ချ စွာ နေ ထိုင် ခွင့်၊ သစ် တော တွင် အိပ် ပျော် ခွင့် ပေး မည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible25 သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌ အိပ်ပျော်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ အိမ်များကို ဆောက်ကြလိမ့်မည်။ စပျစ်ခြံများ စိုက်ပျိုးကြလိမ့်မည်။ သူတို့ဝန်းကျင်တွင်နေထိုင်၍ သူတို့ကို မထီမဲ့မြင်ပြုခဲ့သောလူများကို ငါဒဏ်ခတ်သောအခါ သူတို့သည် စိတ်အေးလက်အေး နေထိုင်ရလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။