ယေဇကျေလ 34:27 - မြန်မာ့စံမီသမ္မာကျမ်း27 တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible27 သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible27 မြေ အ သီး အ နှံ ထွက် လျက် ရှိ ရာ၊ ပြည် တော် တွင် စိတ် ချ စွာ နေ ထိုင် သော ထို သူ တို့ သည်၊ ထမ်း ပိုး ကျင် များ ကို ချိုး ဖျက် ခြင်း၊ စေ စား သူ တို့ လက် မှ ကယ် လွှတ် ခြင်း ကို ပြု သော ငါ ကား၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သိ ရ ကြ လတ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible27 တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကို ပေးလိမ့်မည်။ ပြည်သားတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်းသော သူတို့လက်မှ ကယ်နုတ်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သိုးထိန်းတို့ကိုဆန့်ကျင်၍ သူတို့ထံမှ ငါ့သိုးတို့ကို ပြန်တောင်းမည်။ သူတို့ကို သိုးထိန်းအဖြစ်မှ နုတ်ပယ်ပစ်မည်။ သိုးထိန်းတို့သည် သူတို့ကိုယ်ကို ကျွေးမွေးနိုင်တော့မည်မဟုတ်။ ငါ့သိုးများကို သူတို့နှုတ်မှကယ်နုတ်မည်၊ သူတို့အစာ မဖြစ်စေရ’ဟု မိန့်တော်မူ၏။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။