သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
ဟေရှာယ 22:5 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့၌ စိတ်အာရုံချိုင့်ဝှမ်းတွင် ထိတ်လန့်ချောက်ချားခြင်းရှိမည်၊ နိုင်ထက်စီးနင်းခံရမည်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည်။ မြို့ရိုးပြိုပျက်၍ တောင်များဆီသို့ အော်ဟစ်သံများ ရောက်သွားလိမ့်မည်။ Common Language Bible ဤအချိန်သည်ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်း တွင်ကြောက်လန့်မှု၊ အရေးရှုံးနိမ့်မှုနှင့်ကစင့် ကလျားဖြစ်ပွားမှုများပေါ်ပေါက်ရာကာလ ပင်ဖြစ်၏။ အနန္တတန်ခိုးရှင်ထာဝရဘုရား ကလည်း ငါတို့အားထိုကာလနှင့်ကြုံတွေ့ စေတော်မူလေပြီ။ ငါတို့၏မြို့ရိုးများသည် အဖြိုခံရကြလေပြီ။ ကယ်မရန်လူတို့ အော်ဟစ်ကြသည့်အသံများသည်လည်း တောင်ကုန်းများတွင်ပဲ့တင်ထပ်လျက်နေ လေပြီ။ Garrad Bible အ သို့ ဆို သော်၊ အုတ် အုတ် သဲ သဲ ပြု ခြင်း၊ နင်း နယ် ခြင်း၊ ရှုပ် ထွေး ခြင်း၊ မြို့ ရိုး ကို ဖြို ဖျက် ခြင်း၊ တောင် ထိပ် တိုင် အောင် ဟစ် သံ ရောက် ခြင်း များ ဆိုင် ရာ နေ့ ရက် ကို ရူ ပါ ရုံ ချိုင့် တွင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် စီ ရင် တော် မူ ၏။ Judson Bible ကောင်းကင် ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည်၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူသဖြင့်၊ ဒုက္ခခံရာကာလ၊ နှိပ်စက်နှောင့်ယှက်ရာကာလ၊ မြို့ရိုးကိုဖြို၍ တောင်တို့ကို အော်ဟစ်ရာကာလသည် ရောက်လေပြီ။ |
သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးကို ဖြိုဖျက်ကြ၏။
ဘုရင့်အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် အလျင်အမြန်ထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင် ထုတ်ပြန်ကြေညာ၏။ ထိုစဉ် ရှင်ဘုရင်နှင့်ဟာမန်တို့သည် ထိုင်၍စားသောက်လျက်နေ၏။ ရှုရှန်မြို့ထဲတွင်မူကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။
သူ့ကို ဘုရားတရားမဲ့သောလူမျိုးထံသို့ ငါစေလွှတ်မည်။ ငါအမျက်ထွက်သောလူတို့တိုက်ယူထားသောပစ္စည်းကို လုယက်သိမ်းယူ၍ လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့ သူတို့ကိုနင်းချေရန် ငါမိန့်မှာထား၏။
စိတ်အာရုံချိုင့်ဝှမ်းနှင့်ဆိုင်သောဗျာဒိတ်တော်။ မည်သည့်အကြောင်းကြောင့် သင်တို့အားလုံး ခေါင်မိုးပြင်ပေါ်သို့တက်သွားကြသနည်း။
ထာဝရဘုရားသည် လက်တော်ကို ဤတောင်ပေါ်တွင်တင်ထားတော်မူမည်။ နွားချေးပုံ၌ ကောက်ရိုးကိုနင်းနယ်သကဲ့သို့ မောဘပြည်ကို နင်းနယ်တော်မူမည်။
သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
ယခု ငါ၏စပျစ်ခြံကို ငါမည်သို့ပြုမည်ကို သင်တို့အား ငါပြောမည်။ ခြံစည်းရိုးကို ငါဖယ်ရှားသဖြင့် စပျစ်ခြံသည် ဝါးမျိုဖျက်ဆီးခြင်းခံရမည်။ တံတိုင်းကို ငါဖြိုဖျက်သဖြင့် စပျစ်ခြံသည် နင်းချေခြင်းခံရမည်။
စပျစ်သီးနယ်ရာကျင်း၌ ငါ တစ်ပါးတည်း နင်းနယ်၏။ လူတစ်ယောက်မျှ ငါနှင့်မရှိ။ သူတို့ကို ငါ့အမျက်ဖြင့် နင်းနယ်ပြီ။ ငါ့ဒေါသဖြင့် နင်းချေပြီ။ သူတို့သွေးသည် ငါ့ဝတ်ရုံကိုစဉ်သဖြင့် ငါ့အဝတ်အစားရှိသမျှ စွန်းထင်းလေပြီ။
လူတို့ကို ငါ့အမျက်ဖြင့်နင်းချေပြီ။ ငါ့ဒေါသဖြင့် ယစ်မူးစေပြီ။ သူတို့၏သွေးကို မြေပေါ်သို့ကျစေပြီ။
အမင်္ဂလာနေ့ကြီးပါတကား။ ဤနေ့နှင့်တူသောနေ့မရှိ။ ယာကုပ်အမျိုးတို့ ဒုက္ခရောက်သောနေ့ဖြစ်၏။ သို့သော် သူတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သူ၏ရန်သူတို့သည် သူ့သခင်ဖြစ်လျက် ကောင်းစားကြလေပြီ။ သူကျူးလွန်သောအပြစ်များစွာကြောင့် ထာဝရဘုရားသည် သူ့ကို ဝမ်းနည်းကြေကွဲစေတော်မူပြီ။ သူ၏သားသမီးတို့ကို သုံ့ပန်းအဖြစ် ရန်သူတို့ခေါ်သွားလေပြီ။
ဘုရားရှင်သည် ယာကုပ်အမျိုး၏နေရာရှိသမျှကို မညှာမတာဝါးမျိုတော်မူပြီ။ ယုဒသမီးပျို၏ခံတပ်များကို အမျက်တော်ဖြင့် ဖြိုဖျက်တော်မူပြီ။ မြေတိုင်အောင် ရောက်စေတော်မူပြီ။ နိုင်ငံနှင့်အကြီးအကဲတို့ကိုလည်း ရှုတ်ချတော်မူပြီ။
ထာဝရဘုရားသည် ဇိအုန်သမီးပျို၏မြို့ရိုးကို ဖျက်ဆီးမည်ဟု ကြံရွယ်တော်မူပြီ။ မျဉ်းကြိုးကိုချပြီး လက်တော်ကိုဆန့်လျက် ဖျက်ဆီးတော်မူပြီ။ တံတိုင်းနှင့်မြို့ရိုးတို့အား ငိုကြွေးမြည်တမ်းစေတော်မူပြီ။ အားလုံးပြိုကျပျက်စီးလေပြီ။
အို ပြည်သား၊ သင့်ထံ ပျက်စီးခြင်းရောက်လာပြီ။ အချိန်ကျရောက်လေပြီ။ ထိတ်လန့်ချောက်ချားဖွယ်နေ့ရက်နီးလာပြီ။ တောင်ပေါ်တွင် ဝမ်းမြောက်စွာကြွေးကြော်သံမရှိတော့ပြီ။
အစ္စရေးအပြစ်ပြုရာဖြစ်သည့် အာဝင်မြို့ရှိအထွတ်အမြတ်ထားရာနေရာတို့သည် ဖျက်ဆီးခြင်းခံရမည်။ သူတို့၏ယဇ်ပလ္လင်များကိုလည်း ဆူးပင်နှင့် ဆူးလေပင်များက ဖုံးလွှမ်းနေလိမ့်မည်။ ထိုအခါ သူတို့က တောင်များအား “ငါတို့ကို ဖုံးအုပ်ကြပါ” တောင်ကုန်းများအား “ငါတို့အပေါ် ပြိုကျကြပါ”ဟု ဆိုကြလိမ့်မည်။
သူတို့တွင် သူတော်ကောင်းသည် ဆူးပင်နှင့်တူ၏။ ရိုးသားဖြောင့်မတ်သောသူသည် ဆူးချုံပုတ်ထက်ဆိုး၏။ သင့်ကင်းစောင့်များသတိပေးသောနေ့၊ သင်စစ်ကြောစီရင်ခြင်းခံရသောနေ့ ရောက်လာပြီ။ ယခု သူတို့ထိတ်လန့်ချောက်ချားရလေပြီ။
ထိုနေ့ရက်သည် အမျက်တော်ကျရောက်သောနေ့၊ ဆင်းရဲဒုက္ခကြောင့် ပူပင်သောကရောက်ရသောနေ့၊ ပျက်စီးဆိတ်သုဉ်းသောနေ့၊ အလင်းမဲ့၍အမှောင်ကျသောနေ့၊ တိမ်များဖြင့် အမှောင်ထုဖုံးအုပ်သောနေ့၊
ထိုအခါ လူတို့သည် တောင်များအား ‘ငါတို့အပေါ်သို့ပြိုကျကြပါ’ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား ‘ငါတို့ကိုဖုံးအုပ်ကြပါ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။