Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 7:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အို ပြည်သား​၊ သင့်​ထံ ပျက်စီး​ခြင်း​ရောက်လာ​ပြီ​။ အချိန်​ကျရောက်​လေ​ပြီ​။ ထိတ်လန့်ချောက်ချားဖွယ်​နေ့ရက်​နီးလာ​ပြီ​။ တောင်​ပေါ်တွင် ဝမ်းမြောက်​စွာ​ကြွေးကြော်သံ​မ​ရှိ​တော့​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ပြည်​သူ​ပြည်​သား​တို့​ဆုံး​ပါး​ပျက်​စီး​ရာ အ​ချိန်​ရောက်​လာ​ပေ​တော့​အံ့။ တောင်​ပေါ်​တွင် ပွဲ​လမ်း​သ​ဘင်​များ​မ​ရှိ​တော့​ဘဲ ဗ​ရုတ်​သုတ် ခ​ဖြစ်​ရန်​အ​ချိန်​သည်​နီး​ကပ်​လာ​လေ​ပြီ။ ရောက်​လာ​တော့​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အို ပြည် သား ဝိ ပါက် ကို သင် ခံ ရ ပြီ။ အ ချိန် စေ့ ပြီ။ နေ့ ရက် နီး ပြီ။ တောင် များ ပေါ် တွင် ပျော် ရွှင် သံ မ ဟုတ်၊ အုတ် အုတ် သဲ သဲ သံ ဖြစ် လေ စွ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အို ပြည်​တော်​သား၊ သင်​သည် အ​လှည့်​ခံ​ရ​သော​အ​ချိန် ရောက်​လာ၏။ အ​ချိန်​စေ့​ပြီ။ ရွှင်​လန်း​စွာ ကြွေး​ကြော်​ခြင်း မ​ရှိ​ရ​ဘဲ၊ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို ပြု​ရ​သော​နေ့​နီး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 7:7
16 ပူးပေါင်းရင်းမြစ်များ  

အရုဏ်ဦး​အချိန်​ရောက်​သည်​နှင့် ကောင်းကင်တမန်​တို့​သည် လောတ​ကို​ဆော်ဩ​လျက် “​ထ​လော့​၊ ဤ​နေရာ​၌​ရှိ​သော သင်​၏​မယား​နှင့် သင်​၏​သမီး​နှစ်​ယောက်​ကို ခေါ်ဆောင်​သွား​လော့​။ သို့မဟုတ်လျှင် သင်​သည် ဤ​မြို့​အပေါ်​ကျရောက်​မည့်​အပြစ်ဒဏ်​နှင့်အတူ ဖျက်ဆီးသုတ်သင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ထိုအခါ ထာဝရဘုရား​အထံ​တော် မိုးကောင်းကင်​မှ ကန့်​နှင့်​မီး​ကို သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​အပေါ်​သို့ ထာဝရဘုရား​ရွာ​စေ​တော်မူ​၏​။


တောခွေး​တို့​သည် ထို​မြို့​၏​ခံတပ်​တို့​၌​လည်းကောင်း​၊ ခွေးအ​တို့​သည် ဇိမ်ခံ​ရာ​နန်းတော်​တို့​၌​လည်းကောင်း အူ​ကြ​လိမ့်မည်​။ ထိုသို့ ထို​မြို့​၏​အချိန်​သည် မကြာမီ​ရောက်လာ​မည်​။ ထို​မြို့​တည်​ရ​မည့်​နေ့ရက် ကြာရှည်​တော့​မည်​မ​ဟုတ်​။


သီးနှံ​ဖြစ်ထွန်း​သော​မြေ​၌ ဝမ်းမြောက်​ရွှင်လန်း​ခြင်း ပျောက်ကွယ်​လေ​ပြီ​။ စပျစ်ခြံ​၌ ရွှင်လန်း​စွာ​သီချင်းဆို​ခြင်း​မ​ရှိ​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​ခြင်း​လည်း​မ​ရှိ​။ စပျစ်သီးနယ်ရာကျင်း​၌ စပျစ်သီး​နင်းနယ်​သော​သူ​မ​ရှိ​။ ကြွေးကြော်​သံ​ကို ငါ​ရပ်စဲ​စေ​ပြီ​။


ကြည့်ရှု​လော့​။ နေဝင်​ချိန်​၌ ထိတ်လန့်ဖွယ်ဘေး​ရောက်လာ​သောကြောင့် နံနက်​ရောက်သော် သူ​တို့​မ​ရှိ​တော့​ချေ​။ ဤသည်ကား ငါ​တို့​ကို တိုက်ခိုက်လုယက်​ခဲ့​သော​သူ​တို့​၏​ဝေစု​၊ ငါ​တို့​ကို သိမ်းပိုက်​ခဲ့​သော​သူ​တို့​၏​ပေါက်မဲ ဖြစ်​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၌ နေ့ရက်​တစ်​ရက်​ရှိ​၏​။ ထို​နေ့​၌ စိတ်အာရုံ​ချိုင့်ဝှမ်း​တွင် ထိတ်လန့်ချောက်ချား​ခြင်း​ရှိ​မည်​၊ နိုင်ထက်စီးနင်း​ခံရ​မည်​၊ ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​။ မြို့ရိုး​ပြိုပျက်​၍ တောင်​များ​ဆီသို့ အော်ဟစ်သံ​များ ရောက်သွား​လိမ့်မည်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သွေးဆောင်​တော်မူ​ပြီ​။ အကျွန်ုပ် သွေးဆောင်​ခံရ​ပါ​ပြီ​။ ကိုယ်တော်​သည် အကျွန်ုပ်​ထက် ခွန်အားကြီး​သဖြင့် နိုင်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် နေ့စဉ် လှောင်ပြောင်​ခြင်း​ခံရ​ပါ​၏​။ လူ​တိုင်း အကျွန်ုပ်​ကို ပြက်ရယ်ပြု​ကြ​ပါ​၏​။


နွားထီးပျို​အားလုံး​ကို သတ်​ပစ်​ကြ​။ သူ​တို့​ကို စစ်ကြောစီရင်​မည့်​နေ့ရက်​ကာလ ရောက်လာ​ပြီ​ဖြစ်၍ သူ​တို့​ကို​သတ်​မည့်​နေရာ​သို့ ဆင်းသွား​စေ​လော့​။ သူ​တို့​၌ အမင်္ဂလာ​ရှိ​၏​။


သို့ဖြစ်၍ သူ​တို့​အား ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​မိန့်ဆို​သော​စကား​အလုံးစုံ​သည် ကြန့်ကြာ​ခြင်း​မ​ရှိ အမှန်​ဖြစ်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။


နေ့ရက်​အချိန် နီးလာ​ပြီ​။ စင်စစ် ထာဝရဘုရား​၏​နေ့ နီးလာ​ပြီ​။ ထို​နေ့​သည် မိုးတိမ်​ထူထပ်​သော​နေ့​၊ လူမျိုးတကာ​တို့​ပျက်စီး​ရာ​နေ့ ဖြစ်​လိမ့်မည်​။


အချိန်​ကျရောက်​ပြီ​။ နေ့ရက်​ရောက်လာ​လေ​ပြီ​။ လူ​အပေါင်း​တို့​အား ငါ​အမျက်​ထွက်​သည်​ဖြစ်၍ ဝယ်​သူ​လည်း ဝမ်း​မ​မြောက်​နှင့်​၊ ရောင်း​သူ​လည်း မ​ညည်းတွား​နှင့်​။


အလို​၊ ထာဝရဘုရား​၏​နေ့ရက်​ပါတကား​။ ထို​နေ့ရက် ရောက်လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံ​တော်​မှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​လိမ့်မည်​။


ကြည့်ရှု​လော့​။ တောင်​တို့​ကို ပုံဖော်​၍ လေ​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​၊ လူ​၏​အတွေး​ကို လူ​အား သိမြင်​စေ​သော​အရှင်​၊ အရုဏ်ဦး​ကို အမှောင်​ကျ​စေ​ပြီး မြေကြီး​ပေါ်ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို နင်းနယ်​တော်မူ​သော​အရှင်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။


အကြောင်းမူကား တရား​စီရင်​ခြင်း​ကို ဘုရားသခင်​၏​အိမ်​တော်​မှ အစပြု​မည့်​အချိန်​ရောက်​လေ​ပြီ။ ထိုသို့ ငါ​တို့​ထံမှ အစပြု​မည်​ဆို​လျှင် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို မ​နာခံ​သော​သူ​တို့​၏​နိဂုံး​သည် မည်သို့​ဖြစ်​မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ