Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇေဖနိ 1:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို​နေ့ရက်​သည် အမျက်​တော်​ကျရောက်​သော​နေ့​၊ ဆင်းရဲဒုက္ခ​ကြောင့် ပူပင်သောက​ရောက်​ရ​သော​နေ့​၊ ပျက်စီး​ဆိတ်သုဉ်း​သော​နေ့​၊ အလင်းမဲ့​၍​အမှောင်​ကျ​သော​နေ့​၊ တိမ်​များ​ဖြင့် အမှောင်ထု​ဖုံးအုပ်​သော​နေ့​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို နေ့ တော် သည်၊ အ မျက် ဒဏ် သင့် ရာ နေ့၊ ညှဉ်း ပန်း နှိပ် စက် ရာ နေ့၊ ဖျက် ဆီး ပယ် ရှား ရာ နေ့၊ မိုး ပိတ် လျက် မှောင် အ တိ နေ့၊ မိုး အုံ့ ၍ မှောင် ကျ ရာ နေ့၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​နေ့​သည် အ​မျက်​ထွက်​သော​နေ့၊ ဆင်း​ရဲ​ပူ​ပန်​ခြင်း​ကို ခံ​ရ​သော​နေ့၊ သုတ်​သင်​ပယ်​ရှင်း ဖျက်​ဆီး​ရာ​နေ့၊ အ​လင်း​ကွယ်၍ မှောင်​မိုက်​သော​နေ့၊ မိုး​အုံ့၍ ထူ​ထပ်​သော​မှောင်​မိုက်​ဖုံး​လွှမ်း​သော​နေ့၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇေဖနိ 1:15
17 ပူးပေါင်းရင်းမြစ်များ  

ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် ပြင်းထန်​သော​အမျက်​ဒေါသ​ဖြင့် ရက်စက်ကြမ်းတမ်း​စွာ​လာ​နေ​ပြီ​။ ကမ္ဘာမြေကြီး​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ မြေပြင်​ပေါ်မှ​အပြစ်သား​တို့​ကို သုတ်သင်ပယ်ရှင်း​တော်မူ​မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၌ နေ့ရက်​တစ်​ရက်​ရှိ​၏​။ ထို​နေ့​၌ စိတ်အာရုံ​ချိုင့်ဝှမ်း​တွင် ထိတ်လန့်ချောက်ချား​ခြင်း​ရှိ​မည်​၊ နိုင်ထက်စီးနင်း​ခံရ​မည်​၊ ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​။ မြို့ရိုး​ပြိုပျက်​၍ တောင်​များ​ဆီသို့ အော်ဟစ်သံ​များ ရောက်သွား​လိမ့်မည်​။


ကမ္ဘာမြေကြီး​ကို​ကြည့်​လျှင်​ဖြစ်စေ ဆင်းရဲဒုက္ခ​နှင့် ဘေးဥပဒ်​အရိပ်​ဖြင့် မှောင်မည်း​နေ​သည်​ကို​သာ​မြင်​ရ​၍ မှောင်မိုက်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​မည်​။


အမင်္ဂလာ​နေ့​ကြီး​ပါ​တကား​။ ဤ​နေ့​နှင့်​တူ​သော​နေ့​မ​ရှိ​။ ယာကုပ်​အမျိုး​တို့ ဒုက္ခ​ရောက်​သော​နေ့​ဖြစ်​၏​။ သို့သော် သူ​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် မိမိ​တပ်​တော်​ရှေ့​တွင် ကျယ်လောင်​သော​အသံ​ဖြင့် အမိန့်ပေး​တော်မူ​၏​။ အကြောင်းမှာ တပ်တော်​သည် အလွန်​ကြီးမား​၏​။ အမိန့်​တော်​အတိုင်း လုပ်ဆောင်​သော​သူ​သည်​လည်း ခွန်အားကြီး​၏​။ ထာဝရဘုရား​၏​နေ့ရက်​သည် အလွန်​ကြောက်မက်ဖွယ်​ကောင်း​သော​နေ့​ကြီး​ဖြစ်၍ မည်သူ​ခံရပ်​နိုင်​မည်နည်း​။


ထို​နေ့​သည် အမှောင်​တကာ့​အမှောင်​နေ့​၊ မိုးအုံ့​၍​အမှောင်​ကျ​သော​နေ့ ဖြစ်​၏​။ တောင်​ပေါ်တွင် အရုဏ်ဦး​အလင်း​ဖြာကျ​သကဲ့သို့ အင်အားကြီး​သော​လူမျိုး​ကြီး​တစ်​မျိုး ပေါ်လာ​မည်​။ ဤ​အဖြစ်မျိုး​သည် ရှေး​က​လည်း မ​ဖြစ်​ဖူး​။ နောင်ကာလ​မျိုးဆက်​အစဉ်အဆက်​တွင်​လည်း ဖြစ်​လိမ့်မည်​မ​ဟုတ်​။


ကြောက်မက်​ဖွယ်​ကောင်း​သော ထာဝရဘုရား​၏​နေ့ရက်​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​၍ လ​သည် သွေး​ဖြစ်​လိမ့်မည်​။


ထာဝရဘုရား​၏​အမျက်​တော်​ကျရောက်​သော​နေ့​၌ သူ​တို့​၏​ရွှေ​ငွေ​များ​သည် သူ​တို့​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ သဝန်တို​ခြင်း​မီး​သည် မြေ​တစ်ပြင်လုံး​ကို လောင်ကျွမ်း​သွား​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​ကို ထိတ်လန့်​တုန်လှုပ်​စွာ​ဖြင့် ဘဝနိဂုံးချုပ်​စေ​မည်​။


အမိန့်​တော်​ရောက်လာ​၍ ဖွဲ​ကဲ့သို့ လွင့်သွား​ရ​သော​နေ့ မ​တိုင်​မီ​၊ ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော် သင်​တို့​အပေါ် မ​ကျရောက်​မီ​၊ ထာဝရဘုရား​၏​အမျက်​တော်​နေ့ သင်​တို့​ထံ ရောက်​မ​လာ​မီ


ထို​နေ့ရက်​တို့​၏​ဆင်းရဲ​ဒုက္ခ​ပြီးဆုံး​သည်​နှင့် ချက်ချင်း​ပင် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို​မ​ပေး​ဘဲ​နေ​လိမ့်မည်။ ကြယ်​တို့​သည်​လည်း ကောင်းကင်​မှ​ကြွေကျ​ကာ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​လိမ့်မည်။


သို့သော် သင်​၏​မာကျော​ခက်ထန်​မှု​နှင့်​နောင်တ​မ​ရ​သော​စိတ်နှလုံး​တို့​ကြောင့် သင်​သည် အမျက်​တော်​နေ့​တည်းဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သည့် တရား​စီရင်​ခြင်း​ထင်ရှား​ရာ​နေ့​အတွက် အမျက်​တော်​ကို မိမိ​အဖို့​သိုမှီး​လျက်​ရှိ​၏။


သင်​ယုံကြည်ကိုးစား​သော သင့်​ပြည်​တစ်ပြည်လုံး​ရှိ​မြို့​အားလုံး​၏​မြင့်မား​ခိုင်ခံ့​သော​မြို့ရိုး​များ မ​ပြိုကျ​မ​ချင်း သူ​တို့​သည် သင့်​ကို​ဝိုင်း​ထား​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​တစ်ပြည်လုံး​ရှိ​မြို့​အားလုံး​ကို သူ​တို့​ဝိုင်း​ထား​လိမ့်မည်​။


ယခု​ရှိ​သော ကောင်းကင်​နှင့်​မြေကြီး​မူကား ထို​နှုတ်ကပတ်တော်​အားဖြင့် မီး​အတွက်​သိုမှီး​ထား​ခြင်း​ခံရ​၍ ဘုရား​တရား​မဲ့​သော​သူ​တို့​၏​ပျက်စီး​ခြင်း​နှင့် တရား​စီရင်​ခြင်း​နေ့ရက်​တိုင်အောင် ထိန်းသိမ်း​ထား​ခြင်း​ခံရ​လျက်​ရှိ​၏။


အကြောင်းမူကား အမျက်​တော်​ထင်ရှား​ရာ​နေ့ရက်​ကြီး​ကျရောက်​လာ​ပြီ​ဖြစ်၍ မည်သူ​သည် ခံရပ်​နိုင်​မည်နည်း”​ဟု ပြောဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ