Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 22:5 - Common Language Bible

5 ဤ​အ​ချိန်​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​ဝှမ်း တွင်​ကြောက်​လန့်​မှု၊ အ​ရေး​ရှုံး​နိမ့်​မှု​နှင့်​က​စင့် က​လျား​ဖြစ်​ပွား​မှု​များ​ပေါ်​ပေါက်​ရာ​ကာ​လ ပင်​ဖြစ်​၏။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က​လည်း ငါ​တို့​အား​ထို​ကာ​လ​နှင့်​ကြုံ​တွေ့ စေ​တော်​မူ​လေ​ပြီ။ ငါ​တို့​၏​မြို့​ရိုး​များ​သည် အ​ဖြို​ခံ​ရကြ​လေ​ပြီ။ ကယ်​မ​ရန်​လူ​တို့ အော်​ဟစ်​ကြ​သည့်​အ​သံ​များ​သည်​လည်း တောင်​ကုန်း​များ​တွင်​ပဲ့​တင်​ထပ်​လျက်​နေ လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 အ သို့ ဆို သော်၊ အုတ် အုတ် သဲ သဲ ပြု ခြင်း၊ နင်း နယ် ခြင်း၊ ရှုပ် ထွေး ခြင်း၊ မြို့ ရိုး ကို ဖြို ဖျက် ခြင်း၊ တောင် ထိပ် တိုင် အောင် ဟစ် သံ ရောက် ခြင်း များ ဆိုင် ရာ နေ့ ရက် ကို ရူ ပါ ရုံ ချိုင့် တွင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် စီ ရင် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ကောင်း​ကင် ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​တွင် စီ​ရင်​တော်​မူ​သ​ဖြင့်၊ ဒု​က္ခ​ခံ​ရာ​ကာ​လ၊ နှိပ်​စက်​နှောင့်​ယှက်​ရာ​ကာ​လ၊ မြို့​ရိုး​ကို​ဖြို၍ တောင်​တို့​ကို အော်​ဟစ်​ရာ​ကာ​လ​သည် ရောက်​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၌ နေ့ရက်​တစ်​ရက်​ရှိ​၏​။ ထို​နေ့​၌ စိတ်အာရုံ​ချိုင့်ဝှမ်း​တွင် ထိတ်လန့်ချောက်ချား​ခြင်း​ရှိ​မည်​၊ နိုင်ထက်စီးနင်း​ခံရ​မည်​၊ ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​။ မြို့ရိုး​ပြိုပျက်​၍ တောင်​များ​ဆီသို့ အော်ဟစ်သံ​များ ရောက်သွား​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 22:5
22 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​က``ယ​နေ့​သည်​ဒု​က္ခ​ရောက်​ရာ​နေ့​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​၍ အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် သား​ဖွား​ချိန်​စေ့​သော်​လည်း သား​ဖွား​နိုင်​ရန် အား​မ​ရှိ​သည့်​အမျိုး​သ​မီး​နှင့်​တူ​ပါ​၏။-


သူ​၏​တပ်​သား​တို့​သည်​မြို့​ရိုး​ကို​ဖြို​ချကြ​၏။-


မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ရှု​ရှန်​မြို့​တော် တွင်​ဤ​အ​မိန့်​တော်​ကို​ထုတ်​ပြန်​ကြေ​ငြာ ကြ​၏။ ထို​နောက်​စာ​ပို့​လု​လင်​တို့​သည်​ကြေ ငြာ​ချက်​ကို​ပြည်​နယ်​များ​သို့​ယူ​ဆောင်​သွား ကြ​၏။ ရှု​ရှန်​မြို့​တော်​တွင်​မ​ငြိမ်​မ​သက်​ဖြစ် နေ​ချိန်​၌​မင်း​ကြီး​နှင့်​ဟာ​မန်​တို့​သည်​ထိုင် လျက်​စ​ပျစ်​ရည်​သောက်​နေ​ကြ​လေ​သည်။


ဘု​ရား​မဲ့​လူ​မျိုး၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ပေး​သည့်​လူ​တို့​အား​တိုက်​ခိုက်​ရန်​အာ ရှု​ရိ​အ​မျိုး​သား​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။ သူ​တို့​သည်​လု​ယက်​ခိုး​ဝှက်​ကာ​ထို​လူ​စု​ကို မြေ​မှုန့်​သ​ဖွယ် လမ်း​များ​ပေါ်​တွင်​ကျော်​နင်း ကြ​စေ​ရန်​ငါ​စေ​လွှတ်​ခဲ့​သ​တည်း'' ဟု မိန့်​တော်​မူ​၏။


ဤ​ဗျာ​ဒိတ်​တော်​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့် ဝှမ်း​နှင့် သက်​ဆိုင်​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့် မိ​မိ​တို့​အိမ်​ခေါင်​မိုး​များ​အ​ပေါ်​တွင်​ပွဲ​လမ်း သ​ဘင်​ဆင်​ယင်​ကျင်း​ပ​နေ​ကြ​ပါ​သ​နည်း။ အ​ဘယ်​အ​မှု​အ​ရာ​ဖြစ်​ပျက်​လျက်​ရှိ​ပါ သ​နည်း။-


ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ကို​ကွယ် ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် မော​ဘ​ပြည်​သူ​တို့​မူ​ကား​နွား​ချေး​နှင့်​ရော နှော​နေ​သော​ကောက်​ရိုး​ကဲ့​သို့​နင်း​ချေ​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။-


မင်း​ကြီး​က``ယ​နေ့​သည်​ဒုက္ခ​ရောက်​ရာ​နေ့ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အပြစ်​ဒဏ်​ကို ခံ​ရ​၍​အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ချိန်​ရောက်​သော်​လည်း ခွန်​အား​မ​ရှိ​သ​ဖြင့် သား​မ​ဖွား​နိုင်​သည့် အ​မျိုး​သ​မီး​နှင့်​တူ​ပါ​၏။-


``ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ဤ​သို့​ပြု​မည်။ ယင်း​၏​ခြံ​စည်း​ရိုး​ကို​ဖယ်​ရှား​ပစ်​ပြီး​လျှင် အုတ်​ရိုး​ကို​လည်း​ဖြို​ချ​ကာ​တော​တိ​ရစ္ဆာန် များ​အား​စား​သောက်​နင်း​ချေ​စေ​မည်။-


ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ တို့​ကို​စ​ပျစ်​သီး​များ​သ​ဖွယ်​နင်း​နယ်​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​ငါ့​အား​ကူ​ညီ​ရန် မ​လာ​မ​ရောက်​ကြ။ ငါ​သည်​အ​မျက်​ထွက် သ​ဖြင့်​သူ​တို့​အား​နင်း​နယ်​ရာ​တွင်​ငါ​၏ အ​ဝတ်​များ​သည်​သူ​တို့​၏​သွေး​များ​ဖြင့် စွန်း​၍​သွား​ပေ​သည်။-


ငါ​သည်​မိ​မိ​၏​အ​မျက်​ဒေါ​သ​အ​လျောက် လူ​မျိုး​တ​ကာ​တို့​ကို​နှိမ်​နင်း​ချေ​မှုန်း​ခဲ့​၏။ သူ​တို့​၏​သွေး​ကို​မြေ​ပေါ်​သို့​သွန်း​လောင်း ခဲ့​၏'' ဟု​မိန့်​တော်​မူ​၏။


ထိတ်​လန့်​ဖွယ်​ကောင်း​သည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​လိမ့်​မည်။ အ​ခြား​အ​ဘယ်​နေ့​ရက်​ကို​မျှ​ထို​နေ့​ရက်​နှင့် နှိုင်း​ယှဉ်​၍​မ​ရ။ ထို​နေ့​ရက်​သည်​ယာ​ကုပ်​အ​မျိုး​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​မည့်​နေ့​ရက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


သူ​၏​ရန်​သူ​များ​သည်​သူ့​ကို​အ​နိုင်​ရ​ကာ​မိ​မိ​တို့ အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ကြ​၏။ သူ​သည်​မြောက်​များ​စွာ​သော​အ​ပြစ်​တို့​ကို ကူး​ခဲ့​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​တော်​မူ​၏။ သူ​၏​သား​သ​မီး​များ​သည်​သုံ့​ပန်း​များ ဖြစ်​ရ​ကြ​လေ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ ယု​ဒ​ရွာ​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​တော်​မူ​၍ ယု​ဒ​ပြည်​ကို​ကာ​ကွယ်​သည့်​ခံ​တပ်​များ​ကို ဖြို​ချ​တော်​မူ​၏။ ကိုယ်​တော်​သည်​နိုင်​ငံ​နှင့်​အုပ်​စိုး​သူ​မင်း​များ​ကို အ​သ​ရေ​ပျက်​စေ​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ရိုး​များ ပြို​ပျက်​စေ​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သ​ဖြင့် ယင်း​တို့​ဧ​ကန်​မု​ချ​လုံး​ဝ​ပျက်​စီး​စိမ့်​သော​ငှာ တိုင်း​ထွာ​သတ်​မှတ်​ပေး​တော်​မူ​၏။ ယ​ခု​အ​ခါ​ပြ​အိုး​များ​နှင့်​မြို့​ရိုး​များ​သည် အ​တူ​တ​ကွ​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​ကြ​၏။


ပြည်​သူ​ပြည်​သား​တို့​ဆုံး​ပါး​ပျက်​စီး​ရာ အ​ချိန်​ရောက်​လာ​ပေ​တော့​အံ့။ တောင်​ပေါ်​တွင် ပွဲ​လမ်း​သ​ဘင်​များ​မ​ရှိ​တော့​ဘဲ ဗ​ရုတ်​သုတ် ခ​ဖြစ်​ရန်​အ​ချိန်​သည်​နီး​ကပ်​လာ​လေ​ပြီ။ ရောက်​လာ​တော့​မည်။


အာ​ဝင်​မြို့​တောင်​ကုန်း​ပေါ်​ရှိ ဣ​သ​ရေ​လ ပြည်​သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​များ​သည် ပြို​ပျက်​ရ​လိမ့်​မည်။ သူ​တို့​၏​ယဇ်​ပလ္လင်​များ ပေါ်​တွင်​ဆူး​ပင်​များ၊ ပေါင်း​ပင်​များ​ပေါက် လိမ့်​မည်။ ထို​အ​ခါ​လူ​တို့​က​တောင်​များ ကို``ငါ​တို့​အား​ဖုံး​ကွယ်​ထား​ကြ​ပါ'' ဟူ​၍ လည်​ကောင်း၊ တောင်​ကုန်း​များ​ကို``ငါ​တို့​အား ဖုံး​အုပ်​ထား​ကြ​ပါ'' ဟူ​၍​လည်​ကောင်း ဟစ်​အော်​တောင်း​ပန်​ကြ​လိမ့်​မည်။


အ​တော်​ဖြောင့်​ဆုံး​ဟု​ဆို​ရ​သော​သူ​များ ပင်​လျှင် ပေါင်း​ပင်​ကဲ့​သို့​အ​သုံး​မ​ကျ​ချေ။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ကင်း​စောင့် သ​ဖွယ်​ဖြစ်​သော ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သ​တိ​ပေး​သည့်​အ​တိုင်း လူ​များ​ကို​ဒဏ်​ခတ် မည့်​အ​ချိန်​ရောက်​လာ​ပြီ။ သူ​တို့​သည်​ယ​ခု အ​ခါ​က​ယောင်​ချောက်​ချား​ဖြစ်​လျက်​ရှိ ကြ​၏။-


ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊


ထို​သို့​မြင်​ရ​သော​အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည် တောင်​များ​ပေါ်​သို့​ပြေး​ကြ​စေ။-


ထို​အ​ချိန်​၌​လူ​တို့​က​တောင်​များ​အား `ငါ​တို့ အ​ပေါ်​သို့​ပြို​လဲ​ကြ​ပါ' ဟူ​၍​လည်း​ကောင်း၊ တောင်​ကုန်း​များ​အား `ငါ​တို့​ကို​ဖုံး​အုပ်​ကြ ပါ' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ