ဟေရှာယ 22:1 - မြန်မာ့စံမီသမ္မာကျမ်း1 စိတ်အာရုံချိုင့်ဝှမ်းနှင့်ဆိုင်သောဗျာဒိတ်တော်။ မည်သည့်အကြောင်းကြောင့် သင်တို့အားလုံး ခေါင်မိုးပြင်ပေါ်သို့တက်သွားကြသနည်း။ အခန်းကိုကြည့်ပါ။Common Language Bible1 ဤဗျာဒိတ်တော်သည်ဗျာဒိတ်ရူပါရုံချိုင့် ဝှမ်းနှင့် သက်ဆိုင်သည့်ဗျာဒိတ်တော်ဖြစ်၏။ မြို့သူမြို့သားအပေါင်းတို့သည်အဘယ်ကြောင့် မိမိတို့အိမ်ခေါင်မိုးများအပေါ်တွင်ပွဲလမ်း သဘင်ဆင်ယင်ကျင်းပနေကြပါသနည်း။ အဘယ်အမှုအရာဖြစ်ပျက်လျက်ရှိပါ သနည်း။- အခန်းကိုကြည့်ပါ။Garrad Bible1 ရူ ပါ ရုံ ချိုင့် ကို ရည် သော ဗျာ ဒိတ် ချက် ဟူ မူ ကား။ အ ချင်း မြို့ သူ မြို့ သား အ ပေါင်း တို့၊ အိမ် မိုး ပေါ် သို့ တက် ရ သည် မှာ မည် သို့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible1 ဗျာဒိတ်ရူပါရုံချိုင့်နှင့် ဆိုင်သောဗျာဒိတ်တော်ကား၊ သင့်တစ်မြို့လုံးသည် အိမ်မိုးပေါ်သို့တက်ရမည်အကြောင်း၊ အဘယ်အမှု ရောက်သနည်း။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ခေါင်မိုးများပေါ်တွင် ကောင်းကင်တန်ဆာရှိသမျှအား နံ့သာပေါင်းမီးရှို့ပူဇော်၏။ အခြားသောဘုရားများရှေ့တွင် သွန်းလောင်းရာပူဇော်သက္ကာကိုပူဇော်၏။ ထို့ကြောင့် ဂျေရုဆလင်မြို့ရှိအိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များသည် တောဖက်အရပ်ကဲ့သို့ ညစ်ညူးလိမ့်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။