အပြစ်မဲ့သူကို သူ့အိမ်၊ သူ့အိပ်ရာပေါ်အထိ လာသတ်သောလူဆိုးတို့ကို ထိုထက်မက ပြုသင့်သည်မဟုတ်လော။ ယခုမှာ ငါသည် သူ့သွေးကြွေးကို သင်တို့ထံမှတောင်း၍ သင်တို့ကို မြေကြီးပေါ်မှ ဖယ်ရှားပစ်သင့်သည် မဟုတ်လော”ဟု ဆိုပြီးလျှင်
ဟေဗြဲ 9:14 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။ Common Language Bible ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။ Garrad Bible ထာ ဝ ရ ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် ထံ ကြန် အင် မ ယွင်း သော ကိုယ် ကို ဆက် ကပ် တော် မူ သော ခ ရစ် တော်၏ အ သွေး တော် သည် အ သေ ဖြစ် သော ကိုယ် ကျင့် များ မှ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် အား ဝတ် ပြု စေ ရန် သင် တို့ သြ တ္တ ပ္ပ စိတ် ကို လွှတ် လျက် သာ၍ စင် ကြယ် စေ မည် မ ဟုတ် လော။ Judson Bible ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော် အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည် မဟုတ်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။ |
အပြစ်မဲ့သူကို သူ့အိမ်၊ သူ့အိပ်ရာပေါ်အထိ လာသတ်သောလူဆိုးတို့ကို ထိုထက်မက ပြုသင့်သည်မဟုတ်လော။ ယခုမှာ ငါသည် သူ့သွေးကြွေးကို သင်တို့ထံမှတောင်း၍ သင်တို့ကို မြေကြီးပေါ်မှ ဖယ်ရှားပစ်သင့်သည် မဟုတ်လော”ဟု ဆိုပြီးလျှင်
အို ထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ အို ထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ စေတမန်ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အား ကဲ့ရဲ့ပြစ်တင်စေသောသနာခရိပ်မင်းကြီး၏စကားအလုံးစုံတို့ကို နားထောင်တော်မူပါ။
ထိုသို့ဆိုလျှင် ရေသောက်သကဲ့သို့ မကောင်းမှုကိုပြု၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ အကျင့်ပျက်ပြားသောသူတို့မူကား အဘယ်သို့ဆိုဖွယ်ရာရှိမည်နည်း။
အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။
သူသည် ရက်စက်ကြမ်းကြုတ်မှုကိုမပြု။ သူ၏နှုတ်၌ လိမ်လည်လှည့်ဖြားခြင်းမရှိသော်လည်း သူ့ကို ဆိုးယုတ်သောသူတို့နှင့်အတူမြှုပ်နှံရန် စီရင်ကြ၏။ သူသေသောအခါ ချမ်းသာသောသူ၌ရှိ၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ပထမလ၊ ပထမရက်တွင် အပြစ်အနာအဆာကင်းသော နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်အောင်ပြုရမည်။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။
အနာအဆာပါသောမည်သည့်အကောင်ကိုမျှ မပူဇော်ရ။ ပူဇော်လျှင် သင်တို့အား လက်ခံတော်မူမည်မဟုတ်။
လဆန်းတစ်ရက်နေ့တိုင်း အပြစ်အနာအဆာကင်းသည့် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
တစ်ဖန် သူတို့အား ‘ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကား အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် နေ့စဉ်မပြတ်ပူဇော်ရမည်။
ဥပုသ်နေ့၌လည်း အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်နှစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့် တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကိုလည်းကောင်း၊ သိုးသငယ်အတွက် သွန်းလောင်းရာပူဇော်သက္ကာကိုလည်းကောင်း ပူဇော်ရမည်။
သို့ရာတွင် ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် မိမိတို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကို သိကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် မိမိထံတောင်းလျှောက်သောသူများအား ကောင်းသည့်အရာများကို သာ၍ပင်ပေးတော်မူမည်မဟုတ်လော။
ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ။ ရိတ်သိမ်းခြင်းလည်းမရှိ။ သိုလှောင်ရုံများနှင့် ကျီများလည်းမရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်တို့ထက် များစွာအဖိုးထိုက်ကြ၏။
ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မည်မျှပို၍ဆင်ယင်ပေးတော်မူလိမ့်မည်နည်း။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
ရွေးကောက်တော်မူသောတမန်တော်များကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မိန့်မှာတော်မူပြီးနောက် အထက်သို့ဆောင်ယူခြင်းခံတော်မူသောနေ့တိုင်အောင် ဖြစ်ပျက်သမျှတို့ကို ပထမစာစောင်၌ ငါရေးသားဖော်ပြခဲ့၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
ဘုရားသခင်သည် သူတို့နှင့်ငါတို့ကို လုံးဝခွဲခြားတော်မမူဘဲ ယုံကြည်ခြင်းအားဖြင့် သူတို့၏စိတ်နှလုံးကို စင်ကြယ်စေတော်မူ၏။
တစ်နည်းအားဖြင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မူချိန်မှစ၍ ဘုရားသခင်၏မမြင်ရသောဂုဏ်အင်္ဂါများတည်းဟူသော ကိုယ်တော်၏ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်တော်မူခြင်းတို့သည် ဖန်ဆင်းတော်မူသောအရာများအားဖြင့် ရှင်းလင်းစွာသိနိုင်သည်ဖြစ်၍ သူတို့သည် ဆင်ခြေပေး၍မရနိုင်ကြ။
မြင့်မြတ်သန့်ရှင်းခြင်း၏ဝိညာဉ်တော်အနေဖြင့်ဆိုလျှင် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော်အရာ၌ ခန့်အပ်ထားခြင်းခံရသော ငါတို့၏သခင်ယေရှုခရစ်တော်ဖြစ်၏။
သို့သော် သူတို့ကျူးလွန်သောအပြစ်သည် လောကီသားတို့၏ကြွယ်ဝမှုဖြစ်ခဲ့ပြီး သူတို့၏ရှုံးနိမ့်ခြင်းသည် လူမျိုးခြားတို့၏ကြွယ်ဝခြင်းဖြစ်ခဲ့လျှင် သူတို့၏ပြည့်စုံခြင်းသည် မည်မျှပို၍များသောအကျိုးကို ဖြစ်စေလိမ့်မည်နည်း။
အဘယ်ကြောင့်ဆိုသော် သင်သည် သဘာဝအတိုင်း ရိုင်းသည့်သံလွင်ပင်မှ ခုတ်ဖြတ်ခံရ၍ ကောင်းသည့်သံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရသည်မှန်လျှင် သဘာဝအတိုင်း ကောင်းသည့်သံလွင်ပင်၏အကိုင်းများကိုမူကား မူရင်းသံလွင်ပင်၌ မည်မျှပို၍လွယ်ကူစွာ ကိုင်းဆက်ကူးနိုင်လိမ့်မည်နည်း။
သင်တို့၏ကိုယ်အင်္ဂါများကိုလည်း မတရားမှု၏လက်နက်များအဖြစ် အပြစ်အား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သေသောသူတို့ထဲမှ အသက်ရှင်လာသူကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်အား ဆက်သ၍ သင်တို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏လက်နက်များအဖြစ် ဘုရားသခင်အား ဆက်သကြလော့။
သို့သော် ယခုအခါ သင်တို့သည် အပြစ်၏လက်မှလွတ်မြောက်ခွင့်ရ၍ ဘုရားသခင်၏ကျွန်ဖြစ်လာကြပြီး သန့်ရှင်းခြင်းသို့ရောက်စေသည့်အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။
ထို့ကြောင့် ကျမ်းစာ၌ “ပထမလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏”ဟု ရေးထား၏။ နောက်ဆုံးအာဒံသည် အသက်ကိုရရှိစေသောဝိညာဉ်ဖြစ်၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်၌အသက်ရှင်နိုင်ရန် ပညတ်တရားအားဖြင့် ပညတ်တရားအရာ၌ သေဆုံးခဲ့ပြီ။ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရပြီ။
ကျူးလွန်သောအပြစ်များ၌ သေနေသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ (သင်တို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရကြ၏။)
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
အကယ်၍ ထိုအကောင်သည် ခြေမသန်ခြင်း၊ မျက်စိမမြင်ခြင်း စသည့် ဆိုးရွားသောအနာအဆာတစ်စုံတစ်ရာဖြစ်နေလျှင် ထိုအနာအဆာရှိသောအကောင်ကို သင်၏ဘုရားသခင်ထာဝရဘုရားအား ယဇ်မပူဇော်ရ။
နွား၊ သို့မဟုတ် သိုးတို့၏ကိုယ်ခန္ဓာ၌ ဆိုးရွားသောအနာအဆာတစ်စုံတစ်ရာရှိလျှင် သင်၏ဘုရားသခင်ထာဝရဘုရားအား မပူဇော်ရ။ ထိုအမှုကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
သင်တို့၏ပုန်ကန်တတ်သောသဘော၊ ခေါင်းမာတတ်သောသဘောကို ငါသိ၏။ ယနေ့ ငါသည် သင်တို့နှင့်အတူအသက်ရှင်နေစဉ်တွင်ပင် သင်တို့သည် ထာဝရဘုရားကိုပုန်ကန်ကြပြီ။ ငါသေပြီးလျှင် ထိုထက်မက ပုန်ကန်ကြလိမ့်မည်။
ထာဝရအရှင် ဘုရားသခင်သည် သင်၏ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရလက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူကို သင့်မျက်စိရှေ့မှနှင်ထုတ်တော်မူ၍ ‘ဖျက်ဆီးလော့’ဟု မိန့်တော်မူမည်။
မီးထဲမှမိန့်တော်မူသည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသံတော်ကို အကျွန်ုပ်တို့ကြားရသကဲ့သို့ မည်သည့်သတ္တဝါသည် ကြား၍ အသက်ချမ်းသာရာရဖူးသနည်း။
အကြောင်းမူကား သင်တို့သည် ငါတို့ကို မည်ကဲ့သို့လက်ခံကြသည်ကိုလည်းကောင်း၊ အသက်ရှင်တော်မူ၍စစ်မှန်သောဘုရားသခင်ကို အစေခံရန်နှင့်
ထာဝရဘုရင်၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းတော်မူသော မမြင်ရသည့် တစ်ဆူတည်းသောဘုရားသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းတော်နှင့်ဂုဏ်တော်ရှိပါစေသော။ အာမင်။
ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏။
သို့သော် ခရစ်တော်သည် တစ်ခုတည်းသောယဇ်ကို အပြစ်များအတွက် ထာဝစဉ်ပူဇော်ပြီးလျှင် ထိုအချိန်မှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်လျက်
အကယ်၍ စုံလင်စေနိုင်ခဲ့လျှင် ဝတ်ပြုသောသူတို့သည် တစ်ခါတည်းနှင့် စင်ကြယ်ခြင်းသို့ရောက်လျက် အပြစ်ရှိသည်ဟူသောအသိစိတ်မရှိတော့သဖြင့် ယဇ်ပူဇော်ခြင်းကိုရပ်တန့်ကြလိမ့်မည်မဟုတ်လော။
ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့်ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက် ကိုယ်ခန္ဓာကိုလည်း စင်ကြယ်သောရေဖြင့်ဆေးကြောကာ ယုံကြည်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝနှင့် ဖြောင့်မှန်သောစိတ်နှလုံးတို့ဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
ယာကုပ်သည် သေချိန်နီးစဉ်တွင် ယုံကြည်ခြင်းအားဖြင့် ယောသပ်၏သားတစ်ဦးစီကို ကောင်းချီးပေး၍ မိမိတောင်ဝှေးထိပ်ကိုမှီလျက်ရှိခိုးလေ၏။
ထို့ကြောင့် ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့ကိုသန့်ရှင်းစေရန် မြို့တံခါးအပြင်၌ ဒုက္ခဝေဒနာခံစားတော်မူ၏။
ညီအစ်ကိုတို့၊ သင်တို့တွင် မယုံကြည်တတ်သောဆိုးညစ်သည့်စိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင်ထံတော်မှ ထွက်ခွာသွားမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။
ထို့ကြောင့် ငါတို့သည် ခရစ်တော်နှင့်ဆိုင်သည့် အခြေခံသွန်သင်ချက်ကို ထားရစ်ခဲ့၍ စုံလင်ရင့်ကျက်ခြင်းသို့ တက်လှမ်းကြကုန်စို့။ သေခြင်းနှင့်ဆိုင်သောအကျင့်များမှ နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊
ထိုအရှင်သည် သွေးသားဇာတိနှင့်ဆိုင်သောညွှန်ကြားချက်ဖြစ်သည့် ပညတ်တရားအားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောအသက်နှင့်ဆိုင်သည့်တန်ခိုးတော်အားဖြင့် ထာဝရယဇ်ပုရောဟိတ်ဖြစ်လာ၏။
အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။
ဆိတ်နှင့်နွားသငယ်တို့၏သွေးအားဖြင့်မဟုတ်ဘဲ မိမိ၏သွေးတော်အားဖြင့် သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းနှင့်အပြီးဝင်တော်မူ၍ ထာဝရရွေးနုတ်ကယ်တင်ခြင်းအကျိုးကို သက်ရောက်စေတော်မူ၏။
ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်ချိန်မှစ၍ ဒုက္ခဝေဒနာကို အကြိမ်ကြိမ်ခံစားရပေလိမ့်မည်။ ယခုမူကား မိမိကိုယ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်တရားကိုပယ်ဖျက်ရန် ကပ်ကာလအဆုံး၌ တစ်ကြိမ်တည်းပေါ်ထွန်းတော်မူ၏။
ဒုတိယအခန်းထဲသို့မူကား ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ တစ်နှစ်တစ်ကြိမ်ဝင်လေ၏။ ထိုသို့ဝင်သောအခါ မိမိအတွက်လည်းကောင်း၊ လူတို့မသိနားမလည်၍ကျူးလွန်မိသောအပြစ်များအတွက်လည်းကောင်း ပူဇော်သည့်သွေးမပါဘဲဝင်ခြင်းမရှိ။
ထိုတဲတော်သည် ဤမျက်မှောက်ကာလအတွက် ပုံဥပမာဖြစ်၍ ပူဇော်သောပူဇော်သက္ကာနှင့်ယဇ်တို့သည် ဝတ်ပြုသူ၏အသိစိတ်ကိုမစုံလင်စေနိုင်ကြောင်း ဖော်ပြ၏။
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်
ဤသည်ကား ကိုယ်ကာယ၌အသက်ရှင်ရမည့် ကျန်ရှိသေးသောအချိန်ကာလကို လူတို့၏တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်၏အလိုတော်အားဖြင့် အသက်ရှင်နိုင်ရန်ဖြစ်၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
ကိုယ်တော်သည် အပြစ်များကိုယူဆောင်သွားရန် ပေါ်ထွန်းတော်မူခဲ့ကြောင်း သင်တို့သိကြ၏။ ကိုယ်တော်၌ကား မည်သည့်အပြစ်မျှမရှိ။
သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။