Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 4:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဤသည်ကား ကိုယ်ကာယ​၌​အသက်ရှင်​ရ​မည့် ကျန်​ရှိ​သေး​သော​အချိန်​ကာလ​ကို လူ​တို့​၏​တပ်မက်​ခြင်း​အားဖြင့် မ​ဟုတ်​တော့​ဘဲ ဘုရားသခင်​၏​အလို​တော်​အားဖြင့် အသက်ရှင်​နိုင်​ရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သို့​ဖြစ်​၍​ဤ​လော​က​တွင်​သင်​တို့​အ​သက် ရှင်​ရန်​ကြွင်း​ကျန်​သေး​သည့်​အ​ချိန်​ကာ​လ​၌ လူ​တို့​တပ်​မက်​ခြင်း​စိတ်​ဆွဲ​ဆောင်​ရာ​သို့ မ​လိုက်​ဘဲ​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍​အ​သက်​ရှင်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 နောက်​တစ်​ဖန် သူ​တို့၏ တပ်​မက်​ခြင်း​တ​ရား​ကို မ​ကျင့်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း​ကျင့်​လျက်၊ ကိုယ်​ခ​န္ဓာ​အ​သက်​အ​ပိုင်း​အ​ခြား ကျန်​ရစ်​သော​ကာ​လ​ကို လွန်​စေ​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ဤသည်​မှာ လောက​တွင် အသက်ရှင်​နေထိုင်ရမည့်​ကျန်ရှိသော​အချိန်​၌ လူ့​တပ်မက်မှု​အတိုင်း မဟုတ်ဘဲ ဘုရားသခင်​၏ အလိုတော်​အတိုင်း အသက်ရှင်​နေထိုင်သွား​နိုင်ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 4:2
35 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​နိုင်​ရန် အကျွန်ုပ်​ကို​သင်ကြား​ပေး​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ကောင်းမြတ်​သော​ဝိညာဉ်​တော်​သည် အကျွန်ုပ်​ကို ညီညာ​သော​မြေပြင်​ပေါ်မှာ ပို့ဆောင်​တော်မူ​ပါစေသော​။


သို့သော် သူ​တို့​သည် အာဒံ​ကဲ့သို့ပင် ပဋိညာဉ်​ကို​ချိုးဖောက်​ပြီး ထို​အရပ်​တွင် ငါ့​ကို သစ္စာဖောက်​ကြ​ပြီ​။


အကြောင်းမူကား ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ထို​သူ​တို့​အား ‘သင်​တို့​လည်း စပျစ်ခြံ​သို့​သွား​ကြ​လော့။ ထိုက်သင့်​သည့်​လုပ်အားခ​ကို သင်​တို့​အား ငါ​ပေး​မည်’​ဟု ဆို​သဖြင့် သူ​တို့​သည်​သွား​ကြ​၏။


ထို​သား​နှစ်​ယောက်​တို့​တွင် မည်သူ​သည် ဖခင်​၏​အလို​ကို​ဆောင်ရွက်​ခဲ့​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ပထမ​သား​ဖြစ်​သည်”​ဟု ဖြေ​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​သည် သင်​တို့​ထက်​အလျင်​ဦးစွာ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ကြ​၏။


‘သခင်​ဘုရား၊ သခင်​ဘုရား’​ဟု ငါ့​ကို​ခေါ်​သော​သူ​တိုင်း ကောင်းကင်​နိုင်ငံ​တော်​သို့ ဝင်​ရ​မည်​မ​ဟုတ်။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​အလို​တော်​ကို ဆောင်ရွက်​သော​သူ​သာ ဝင်​ရ​လိမ့်မည်။


အကြောင်းမူကား ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​အမိ ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ လူ​သတ်​ခြင်း၊


ထို​သားသမီး​တို့​သည် မျိုးရိုး​ဇာတိ​အားဖြင့်​သော်​လည်းကောင်း၊ ကိုယ်ကာယ​၏​အလိုဆန္ဒ​အားဖြင့်​သော်​လည်းကောင်း၊ လူ​၏​အလိုဆန္ဒ​အားဖြင့်​သော်​လည်းကောင်း မွေးဖွား​ကြ​သည်​မ​ဟုတ်။ ဘုရားသခင်​အားဖြင့်​သာ မွေးဖွား​ကြ​၏။


မည်သူမဆို ထို​အရှင်​၏​အလို​တော်​ကို ဆောင်ရွက်​လို​သော​ဆန္ဒ​ရှိ​လျှင် ဤ​သွန်သင်​ချက်​သည် ဘုရားသခင်​ထံမှ​လာ​သလော​၊ သို့မဟုတ် ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​ဟောပြော​နေ​သလော​ဆို​သည်​ကို သိ​လိမ့်မည်။


သင်​တို့​သည် ဤ​လောက​၏​ပုံသဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်​သော​အရာ၊ နှစ်သက်​ဖွယ်​သော​အရာ၊ စုံလင်​သော​အရာ​တည်းဟူသော ဘုရားသခင်​အလို​တော်​ရှိ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​နိုင်​ရန် စိတ်နှလုံး​ကို အသစ်​ပြုပြင်​ခြင်း​ဖြင့် ပုံသဏ္ဌာန်​ပြောင်းလဲ​ခြင်း​ရှိ​ကြ​လော့။


ငါ​တို့​တွင် ကိုယ့်​အတွက်​အသက်ရှင်​သော​သူ တစ်ယောက်မျှ​မ​ရှိ။ ကိုယ့်​အတွက်​သေ​သော​သူ​လည်း တစ်ယောက်မျှ​မ​ရှိ။


ထိုနည်းတူ သင်​တို့​သည်​လည်း အပြစ်​အရာ​၌ သေ​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၌ ခရစ်တော်​ယေရှု​အားဖြင့် အသက်ရှင်​နေ​သည်​ဟု ကိုယ့်ကိုယ်ကိုယ်​မှတ်ယူ​ကြ​လော့။


လုံးဝ​မ​တည်​ရ။ အပြစ်​အရာ​၌ သေဆုံး​သော​ငါ​တို့​သည် ၎င်း​တွင် မည်သို့​အသက်ရှင်​နိုင်​ဦး​မည်နည်း။


ထိုနည်းတူ ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည်​လည်း ခရစ်တော်​၏​ကိုယ်ခန္ဓာ​အားဖြင့် ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ကြ​ပြီ။ ဤသည်ကား သင်​တို့​သည် အခြား​သူ​တည်းဟူသော သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော​အရှင်​နှင့် သက်ဆိုင်​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး ဘုရားသခင်​အတွက် အသီး​များ​ဖြစ်ထွန်း​စေရန်​ဖြစ်​၏။


ထိုသို့ လူ​အပေါင်း​တို့​အတွက် ကိုယ်တော်​အသေခံ​တော်မူ​ခြင်း​မှာ အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​အတွက် အသက်​မ​ရှင်​တော့​ဘဲ သူ​တို့​အတွက်​အသေခံ​တော်မူ​ပြီး ထမြောက်​တော်မူ​သော​အရှင်​အတွက် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။


ငါ​တို့​အားလုံး​သည်​လည်း တစ်ချိန်က ထို​သူ​တို့​ထဲတွင်​ပါ​လျက် မိမိ​တို့​သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​များ​ထဲ၌ အသက်ရှင်​နေထိုင်​ခဲ့​ပြီး ကိုယ်ကာယ​နှင့်​စိတ်နှလုံး​တို့​၏​အလို​အတိုင်း​ပြု​၍ အခြား​သော​သူ​တို့​ကဲ့သို့​ပင် သဘာဝ​အလျောက် အမျက်​တော်​ခံ​ထိုက်​သော​သူ​များ​ဖြစ်​ကြ​၏။


ထို့ကြောင့် လူမျိုးခြား​တို့​သည် သူ​တို့​၏​အနှစ်သာရ​ကင်းမဲ့​သော​စိတ်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​သကဲ့သို့ သင်​တို့​သည် နောက်ထပ် အသက်ရှင်​လျှောက်လှမ်း​ခြင်း​မ​ရှိ​ကြ​ရန် သခင်​ဘုရား​၌ ငါ​သတိပေး​လို​၏။


သို့ဖြစ်၍ မိုက်မဲ​သော​သူ​များ​မ​ဖြစ်​ကြ​ဘဲ သခင်​ဘုရား​၏​အလို​တော်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို နားလည်​ကြ​လော့။


မျက်နှာလို​မျက်နှာရ​လုပ်​သူ​များ​ကဲ့သို့ မျက်မှောက်​၌​သာ လုပ်ဆောင်​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ခရစ်တော်​၏​ကျွန်​များ​ကဲ့သို့ စိတ်နှလုံး​ပါ​လျက် ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​ကာ


ထို့ကြောင့် ငါ​တို့​သည်​လည်း ကြား​ရ​သည့်​နေ့​မှစ၍ သင်​တို့​အတွက် အစဉ်မပြတ်​ဆုတောင်း​လျက် သင်​တို့​သည် ဝိညာဉ်ရေး​ဆိုင်ရာ​ဉာဏ်ပညာ​နှင့် တတ်သိ​နားလည်​မှု​အလုံးစုံ​တို့​ဖြင့် ဘုရားသခင်​၏​အလို​တော်​ကို​သိ​သော​ဉာဏ်​နှင့်​ပြည့်ဝ​၍


အကြောင်းမှာ သင်​တို့​သည် သေဆုံး​ခဲ့​ပြီ​ဖြစ်၍ သင်​တို့​၏​အသက်​သည် ခရစ်တော်​နှင့်အတူ ဘုရားသခင်​၌​ဝှက်​ထား​လျက်​ရှိ​၏။


ခရစ်တော်​ယေရှု​၏​အစေအပါး​ဖြစ်၍ သင်​တို့​အထဲက​တစ်​ဦး​ဖြစ်​သော ဧပဖြ​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။ သင်​တို့​သည် စုံလင်​ရင့်ကျက်​သူ​အဖြစ်​ရပ်တည်​လျက် ဘုရားသခင်​၏​အလို​တော်​ရှိသမျှ​ကို အပြည့်အဝ​ဆောင်ရွက်​နိုင်​မည့်​အကြောင်း သူ​သည် သင်​တို့​အတွက် အစဉ်အမြဲ​ကြိုးစား​၍ ဆုတောင်း​ပေး​လျက်​ရှိ​၏။


အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား သင်​တို့​သည် ထိုသို့​ပြု​ကြ​ရန် ခရစ်တော်​ယေရှု​၌ ဘုရားသခင်​အလို​ရှိ​တော်မူ​၏​။


ရှေ့​တော်​၌​နှစ်သက်​ဖွယ်​သော​အမှု​ကို ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​တွင်​ပြု​တော်မူ​၍ ကိုယ်တော်​၏​အလို​တော်​ကို သင်​တို့​ဆောင်ရွက်​နိုင်​ရန် ကောင်း​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


ကိုယ်တော်​သည် မိမိ​ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ငါ​တို့​ကို အသီးဦး​သဖွယ်​ဖြစ်​စေရန် အလို​တော်​ရှိ​သည့်​အတိုင်း သမ္မာတရား​၏​နှုတ်ကပတ်တော်​အားဖြင့် ငါ​တို့​ကို​ဖြစ်ပွား​စေ​တော်မူ​၏။


ယခင် သင်​တို့​မသိနားမလည်​စဉ်​က လိုက်​ခဲ့​သော​တပ်မက်​မှု​များ​နောက်​သို့ ယခု​မ​လိုက်​ကြ​ဘဲ နာခံ​မှု​ရှိ​သော​သားသမီး​များ​ကဲ့သို့​ဖြစ်၍


ထို့ကြောင့် မကောင်းမှု​အမျိုးမျိုး​နှင့်တကွ ရှိသမျှ​သော​စဉ်းလဲ​ခြင်း၊ သူတော်ကောင်း​ယောင်ဆောင်​ခြင်း၊ မလိုမုန်းထား​ခြင်း​နှင့် ပုတ်ခတ်​ပြောဆို​ခြင်း​အလုံးစုံ​တို့​ကို ဖယ်ရှား​ကြ​လော့။


လောက​နှင့်​လောကီ​တပ်မက်​ခြင်း​တို့​သည် ရွေ့လျား​ကွယ်ပျောက်​သွား​မည်။ ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​သော​သူ​မူကား ကာလ​အစဉ်အဆက်​တည်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ