မဿဲ 12:28 - မြန်မာ့စံမီသမ္မာကျမ်း28 သို့ရာတွင် ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible28 ငါသည်ဗေလဇေဗုလ၏တန်ခိုးအားဖြင့် မဟုတ်၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုး အားဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်သည်။ ထို သို့မှန်လျှင်ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့တွင်တည်လျက်ရှိပေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible28 ဘု ရား သ ခင်၏ ဝိ ညာဉ် တော် အား ဖြင့် နတ် များ ကို ငါ နှင် ထုတ် သည် မှန် လျှင် ဘု ရား သ ခင်၏ နိုင် ငံ တော် သည် သင် တို့ ထံ ရောက် နှင့် လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible28 ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ28 ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။