ဟေရှာယ 61:1 - မြန်မာ့စံမီသမ္မာကျမ်း
1 ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ
1 ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ
1-3 သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှာ လည်း ကောင်း၊ စိတ် နှ လုံး ကြေ ကွဲ သူ တို့ ကို ပတ် စည်း စေ ခြင်း ငှာ လည်း ကောင်း၊ သုံ့ ပန်း လူ တို့ အား လွတ် သွား ခွင့်၊ အ ကျဉ်း သား တို့ အား ပွင့် လွတ် ခွင့် ကို ကြား ပြော စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ၊ ငါ တို့ ဘု ရား သ ခင် လက် စား ချေ တော် မူ မည့် ရက် ကာ လ များ ကို ကြား ပြော စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သူ ရှိ သ မျှ တို့ အား နှစ် သိမ့် စေ ခြင်း ငှာ လည်း ကောင်း၊ ညည်း တွား ရ သော ဇိ အုန် မြို့ သူ မြို့ သား တို့ အား၊ ပြာ ထိုင် ခြင်း အ စား ဦး ရစ် ပေါင်း ခြင်း၊ ညည်း တွား ခြင်း အ စား ရွှင် လန်း ရာ နံ့ သာ ဆီ၊ စိတ် အား လျော့ ခြင်း အ စား ချီး မွမ်း ရာ အ ဝတ် တန် ဆာ များ ကို စီ မံ ပေး အပ် စေ ခြင်း ငှာလည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ ငါ့ အ ပေါ် တွင် အ ရှင် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် တည် နေ လျက် ရှိ ၏။ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား စေ ရန်၊ စိုက် ပျိုး တော် မူ ရာ ဖြောင့် မတ် သော ညန် ပင် ဟု သ မုတ် ခံ ရ ကြ သည့် ပြင်၊
အခန်းကိုကြည့်ပါ။ ကော်ပီ
1 ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊
အခန်းကိုကြည့်ပါ။ ကော်ပီ