တရားဟော 33:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထာဝရအရှင် ဘုရားသခင်သည် သင်၏ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရလက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူကို သင့်မျက်စိရှေ့မှနှင်ထုတ်တော်မူ၍ ‘ဖျက်ဆီးလော့’ဟု မိန့်တော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible27 ဘုရားသခင်သည်သင်တို့ကိုအစဉ်အမြဲ ကွယ်ကာတော်မူ၏။ ထာဝရလက်ရုံးတော်သည်သင်တို့ကို ထောက်ပင့်တော်မူ၏။ ကိုယ်တော်သည်သင်တို့ချီတက်ရာလမ်းမှ ရန်သူများကိုနှင်ထုတ်တော်မူ၏။ ထိုရန်သူအပေါင်းတို့ကိုသုတ်သင်ဖျက်ဆီးရန် သင်တို့အားအမိန့်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible27 ရှေး မ ဆွ က၊ ဘု ရား သ ခင် သည် ခို လှုံ ရာ ဖြစ် သည့် အ လျောက်၊ လက် ရုံး တော် ဖြင့် ကာ လ အ စဉ် ထောက် ပင့် တော် မူ၏။ ပယ် ရှား လော့ ဟု မိန့် တော် မူ လျက် ရန် သူ တို့ ကို သင် တို့ ရှေ့ က နှင် ထုတ် တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible27 ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှနှင်ထုတ်၍ သူတို့ကိုဖျက်ဆီးသောအခွင့် ပေးတော်မူမည်။ အခန်းကိုကြည့်ပါ။ |
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာအလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။