Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 15:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 အကယ်၍ ထို​အကောင်​သည် ခြေမသန်​ခြင်း​၊ မျက်စိမမြင်​ခြင်း စသည့် ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ဖြစ်​နေ​လျှင် ထို​အနာအဆာ​ရှိ​သော​အကောင်​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်​မ​ပူဇော်​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ထို​နွား​နှင့်​သိုး​တို့​တွင်​ခြေ​ဆွံ့​ခြင်း၊ မျက်​စိ​ကန်း ခြင်း၊ သို့​မ​ဟုတ်​အ​ခြား​သော​အ​နာ​အ​ဆာ တစ်​ခု​ခု​ရှိ​လျှင် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​မ​ပူ​ဇော်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ခြေ၊ မျက် စိ၊ အင်္ဂါ ချို့ တဲ့ ခြင်း မှ စ၍ အ ချက် မ လွတ်၊ ကြန် အင် ယွင်း မူ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ မ ပူ ဇော် ရ ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​သိုး​နွား​တို့၌ ခြေ​ဆွံ့၊ မျက်​စိ​ကန်း​အ​စ​ရှိ​သော အင်္ဂါ​ချို့​တဲ့​ခြင်း​အ​ပြစ်၊ အ​ခြား​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 15:21
6 ပူးပေါင်းရင်းမြစ်များ  

သူ​သည် နွား​ကို မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​နွား​ထီး​ကို ပူဇော်​ရ​မည်​။ ထာဝရဘုရား လက်ခံ​တော်မူ​မည့်​အကြောင်း ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပူဇော်​ရ​မည်​။


အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​နှစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​ခုနစ်​ကောင်​ကို မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။


အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​ခုနစ်​ကောင်​ကို မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။


နွား​၊ သို့မဟုတ် သိုး​တို့​၏​ကိုယ်ခန္ဓာ​၌ ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ရှိ​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထို​အမှု​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ