သြဗဒိ 1:19 - မြန်မာ့စံမီသမ္မာကျမ်း
တောင်ပိုင်းသားတို့သည် ဧသောတောင်ကို ပိုင်ဆိုင်ရလိမ့်မည်။ မြေနိမ့်သားတို့သည် ဖိလိတ္တိပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။ ဧဖရိမ်ပြည်၊ ရှမာရိပြည်တို့ကိုလည်း ပိုင်ဆိုင်လိမ့်မည်။ ဗင်္ယာမိန်အမျိုးသည် ဂိလဒ်ပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။
အခန်းကိုကြည့်ပါ။
``ယုဒပြည်တောင်းပိုင်းမှလူတို့သည် ဧဒုံပြည် ကိုလည်းကောင်း၊ အနောက်တောင်ခြေဒေသများမှလူတို့က ဖိလိတ္တိပြည်ကိုလည်းကောင်းသိမ်းယူကြ လိမ့်မည်။ ဣသရေလအမျိုးသားတို့သည်၊ဧဖရိမ်နှင့် ရှမာရိနယ်မြေများကိုပိုင်ဆိုင်ရကြလျက်၊ ဗင်္ယာမိန်လူမျိုးတို့ကဂိလဒ်ပြည်ကိုရရှိကြ လိမ့်မည်။
အခန်းကိုကြည့်ပါ။
နေ ဂပ် ခ ရိုင် သား တို့ နှင့် ချိုင့် ဝှမ်း ရာ အ ရပ် သား တို့ သည် ဧ သော တောင် မှ စ၍ ဖိ လ တ္တိ ပြည် ဧ ဖ ရိမ် နယ် ရှ မာ ရိ နယ် များ ကို အ ပိုင် ရ လျက် ဗင်္ယာ မိန့် အ နွယ် သား တို့ သည် ဂိ လဒ် နယ် ကို အ ပိုင် ရ ကြ ဦး မည်။
အခန်းကိုကြည့်ပါ။
တောင်မျက်နှာသားတို့သည် ဧသော၏တောင်ကိုလည်းကောင်း၊ မြေညီသော အရပ်သားတို့သည် ဖိလိတ္တိပြည်ကိုလည်းကောင်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကိုလည်းကောင်း၊ ဗင်္ယာမိန်အမျိုးသည် ဂိလဒ်ပြည်ကိုလည်းကောင်း သိမ်းယူကြလိမ့်မည်။
အခန်းကိုကြည့်ပါ။