Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 32:44 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​ကို ငါ​ပြန်လာ​စေ​သဖြင့် ဗင်္ယာမိန်​ပြည်​၊ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ မြေနိမ့်ဒေသ​၊ တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၌ လယ်​တို့​ကို အသိသက်သေ​များ​ခေါ်​၍ စာချုပ်​တွင် လက်မှတ်ရေးထိုး​တံဆိပ်ခတ်​ပြီး ငွေ​ဖြင့်​ဝယ်ယူ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

44 လူ​တို့​သည်​လယ်​ယာ​များ​ကို​ဝယ်​ယူ​ကာ စာ ချုပ်​များ​ကို​အ​သိ​သက်​သေ​တို့​ရှေ့​တွင်​လက် မှတ်​ရေး​ထိုး​၍​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကြ​လိမ့် မည်။ သူ​တို့​သည်​ဤ​အမှု​တို့​ကို​ဗင်္ယာ​မိန်​နယ် နှင့်​ယေ​ရု​ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ များ၊ တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့် တောင်​ဘက်​ယု​ဒ​ပြည်​၌​လည်း​ကောင်း​ပြု ကြ​လိမ့်​မည်။ ငါ​သည်​လူ​တို့​အား​မိ​မိ​တို့ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မိန့်​မြွက်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

44 ဗျာ ဒိတ် တော် အ တိုင်း၊ သုံ့ ပန်း ခံ ရ သူ တို့ ကို ငါ ပြန် စေ မည် ဖြစ် သော ကြောင့်၊ ဗင်္ယာ မိန် နယ်၊ ယေ ရု ရှ လင် မြို့ ပတ် လည် ဇ န ပုဒ်၊ ယု ဒ ပြည် မြို့ ရွာ၊ ခန် တန်း၊ ချိုင့် ဝှမ်း ရာ၊ နေ ဂပ် အ ရပ် များ ရှိ မြို့ ရွာ များ တွင်၊ မြေ ကွက် များ ကို တန် ဖိုး နှင့် ရောင်း ဝယ်၍၊ စာ ချုပ် ခြင်း၊ တံ ဆိတ် ခတ် ပိတ် ခြင်း၊ သက် သေ ခေါ် ခြင်း များ ကို ပြု ကြ တော့ မည့် အ ကြောင်း၊ မိန့် ဆို သည် ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

44 ဗင်္ယာ​မိန်​ပြည်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​ပြည်​တွင်​ရှိ​သော မြို့​တို့၌​လည်း​ကောင်း၊ တောင်​ပေါ်​မြို့၊ ချိုင့်​ထဲ​မြို့၊ တောင်​ဘက်​မြို့​တို့၌​လည်း​ကောင်း၊ လူ​တို့​သည် လယ်​ယာ​တို့​ကို ငွေ​နှင့်​ဝယ်​ခြင်း၊ စာ​ချုပ်​ကို​စီ​ရင်​ခြင်း၊ တံ​ဆိပ်​ခတ်​ခြင်း၊ သက်​သေ​တို့​ကို​ခေါ်​ထား​ခြင်း အ​မှု​များ​ကို​ပြု​မြဲ​ပြု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 32:44
17 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ငါ့​အစေအပါး​၏​စကား​ကို တည်​စေ​၏​။ ငါ့​စေတမန်​တို့​၏​အကြံဉာဏ်​ကို အထမြောက်​စေ​၏​။ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​သည် လူ​တို့​နေထိုင်​ရာ​အရပ်​ဖြစ်​လိမ့်မည်​’​ဟူ၍​လည်းကောင်း​၊ ယုဒ​မြို့​တို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​တို့​သည် တည်ဆောက်​ခြင်း​ခံရ​မည်​။ မြို့​၏​ပြိုပျက်​ရာ​တို့​ကို ငါ​ပြန်လည်​ထူထောင်​မည်​’​ဟူ၍​လည်းကောင်း ငါ​မိန့်ဆို​၏​။


တောင်ဘက်​အရပ်​ရှိ​မြို့​များ ပိတ်​ထား​ခြင်း​ခံရ​ပြီ​။ ဖွင့်​မည့်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ယုဒ​ပြည်သား​အပေါင်း​တို့​သည် တစ်ယောက်မကျန်​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​ပြီ​။


သူ​တို့​သည် ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ ဗင်္ယာမိန်​ပြည်​၊ မြေနိမ့်ဒေသ​၊ တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​မှ ရောက်လာ​ကြ​လိမ့်မည်​။ သူ​တို့​သည် မီးရှို့ရာယဇ်​၊ ယဇ်ကောင်​များ​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ လော်ဗန်​နှင့်တကွ ကျေးဇူးတော်​ချီးမွမ်း​ရာ​ပူဇော်သက္ကာ​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ကြ​လိမ့်မည်​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ပျက်စီး​သွား​သော​ယာကုပ်​၏​တဲ​များ​ကို နဂိုအတိုင်း​ပြန်ဖြစ်​စေ​မည်​။ သူ​တို့​အိမ်သူအိမ်သား​များ​ကို ကရုဏာ​ထား​မည်​။ မြို့​ကို အပျက်အစီးပုံ​ပေါ်မှာ ပြန်တည်ဆောက်​စေ​မည်​။ နန်းတော်​သည်​လည်း မူလ​အတိုင်း တည်ရှိ​မည်​။


ထာဝရဘုရား​မိန့်​တော်မူ​သည်မှာ ‘ကြည့်ရှု​လော့​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ငါ့​လူမျိုး​တော်​အစ္စရေး​နှင့်​ယုဒ​တို့​ကို ငါ​ပြန်လာ​စေ​သော​နေ့ ရောက်လာ​ပြီ​။ ဘိုးဘေး​တို့​အား ငါ​ပေး​ခဲ့​သော​ပြည်​သို့ သူ​တို့​ကို ပြန်လာ​စေ​သဖြင့် ထို​ပြည်​ကို သူ​တို့​ပြန်လည်​ပိုင်ဆိုင်​ရ​လိမ့်မည်’​ဟူ၍ ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော သူ​တို့​ကို ငါ​ပြန်ခေါ်လာ​သောအခါ ယုဒ​ပြည်​၊ ယုဒ​မြို့ရွာ​တို့​တွင် ‘​အို ဖြောင့်မတ်​ခြင်း​တည်​ရာ သန့်ရှင်း​သော​တောင်​၊ ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​ပါစေ​’​ဟူသော ဤ​စကား​ကို တစ်ဖန် ပြောဆို​ကြ​လိမ့်မည်​။


သက်သေ​များ​ကို​လည်း​ခေါ်​၍ စာချုပ်​တွင် လက်မှတ်ရေးထိုး​ပြီး တံဆိပ်ခတ်​၏​။ ငွေ​ကို ချိန်ခွင်​၌ ချိန်တွယ်​ပေး​၏​။


‘ကြည့်ရှု​လော့​။ ငါ​သည် ပြင်းစွာ​သော​အမျက်ဒေါသ​ဖြင့် သူ​တို့​ကို​နှင်ထုတ်​ခဲ့​ရာ​အရပ်ရပ်​တို့​မှ ပြန်လည်​စုဝေး​စေ​ပြီး ဤ​အရပ်​သို့ ပြန်လာ​စေ​မည်​။ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​စေ​မည်​။


ဝမ်းမြောက်​ရွှင်မြူး​ခြင်း​အသံ​၊ သတို့သား​သတို့သမီး​အသံ​၊ ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၍ မေတ္တာကရုဏာ​တော်​အစဉ်အမြဲ​တည်​သောကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​ဟု ဆို​လျက် ထာဝရဘုရား​၏​အိမ်​တော်​သို့ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ယူဆောင်​လာ​သော​သူ​တို့​၏​အသံ​ကို ကြား​ရ​လိမ့်မည်​။ အကြောင်းမူကား ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်သား​တို့​ကို ငါ​ပြန်လာ​စေ​၍ ယခင်​က​ကဲ့သို့ ပြန်လည်​နေထိုင်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က ‘ဗင်္ယာမိန်​ပြည်​၊ ယုဒ​ပြည် ဂျေရုဆလင်​မြို့​ပတ်ပတ်လည်​ရှိ​မြို့ရွာ​များ​၊ မြေနိမ့်ဒေသ​ရှိ​မြို့ရွာ​များ​၊ တောင်ပေါ်ဒေသ​ရှိ​မြို့ရွာ​များ​၊ နေဂေ့​အရပ်​ရှိ​မြို့ရွာ​များ​၌ သိုးထိန်း​သည် သိုးစု​ကို ပြန်လည်​ရေတွက်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ယာကုပ်​အမျိုးအနွယ် ငါ့​အစေအပါး​ဒါဝိဒ်​ကို ငါ​စွန့်ပယ်​မည်​။ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​အမျိုးအနွယ်​တို့​ကို အုပ်စိုး​မည့်​သူ​ကို​လည်း သူ​တို့​ထဲမှ ငါ​ပေါ်ထွန်း​စေ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​ကို ငါ​ပြန်လာ​စေ​မည်​၊ သနားစုံမက်​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။


ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ယုဒ​လူမျိုး​၊ အစ္စရေး​လူမျိုး​တို့​ကို ပြန်လာ​စေ​မည်​။ ယခင်က​ကဲ့သို့ ပြန်လည်​တည်ဆောက်​မည်​။


တောင်ပိုင်းသား​တို့​သည် ဧသော​တောင်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ မြေနိမ့်​သား​တို့​သည် ဖိလိတ္တိ​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ ဧဖရိမ်​ပြည်​၊ ရှမာရိ​ပြည်​တို့​ကို​လည်း ပိုင်ဆိုင်​လိမ့်မည်​။ ဗင်္ယာမိန်​အမျိုး​သည် ဂိလဒ်​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။


ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော အစ္စရေး​လူမျိုး​အလုံးအရင်း​တို့​သည် ခါနာန်​ပြည်​ကို ဇရတ္တ​မြို့​တိုင်အောင် ပိုင်ဆိုင်​ရ​လိမ့်မည်​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ သေဖရဒ်​ပြည်​သို့​ရောက်ရှိ​သွား​သော ဂျေရုဆလင်​မြို့သား​တို့​သည် နေဂေ့​အရပ်​ရှိ​မြို့​များ​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။


ထို​နေရာ​သည် ကြွင်းကျန်​သော​ယုဒ​အမျိုးအနွယ်​တို့​အတွက် ဖြစ်​လိမ့်မည်​။ သူ​တို့​သည် ထို​နေရာ​တွင် ကျက်စား​၍ နေဝင်ချိန်​၌ အာရှကေလုန်​မြို့​ရှိ​အိမ်​တို့​တွင် လဲလျောင်း​ကြ​လိမ့်မည်​။ စင်စစ် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို အကြည့်အရှု​ကြွလာ​၍ ဖမ်းခေါ်​သွား​ခြင်း​ခံ​ရာ​မှ ပြန်လာ​စေ​တော်မူ​မည်​။


ဂျေရုဆလင်​မြို့​နှင့် အနီး​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၌ လူ​အများ​စိုးရိမ်ကြောင့်ကြမှု​ကင်း​စွာ​နေထိုင်​ကြ​ရ​စဉ်က​၊ နေဂေ့​အရပ်​နှင့်​မြေနိမ့်ဒေသ​တွင် လူသူ​နေထိုင်​သေး​စဉ်က ထာဝရဘုရား​သည် ရှေး​ပရောဖက်​တို့​မှတစ်ဆင့် ဤ​စကား​တို့​ကို​မိန့်​တော်မူ​ခဲ့​ရ​သည် မ​ဟုတ်​လော’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ