ယေဇကျေလ 25:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် လက်တော်ကိုဆန့်ပြီး ဖိလိတ္တိလူမျိုးတို့ကိုဆန့်ကျင်မည်။ ခေရသိလူမျိုးတို့ကို သုတ်သင်ပစ်မည်။ ပင်လယ်ကမ်းနားတွင်ကြွင်းကျန်သောသူတို့ကိုပါ ငါဖျက်ဆီးပစ်မည်။ အခန်းကိုကြည့်ပါ။Common Language Bible16 သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် လက်တော်ကိုဆန့်လျက်ဖိလိတ္တိပြည်သားတို့ အား တိုက်ခိုက်၍ခေရသိလူမျိုးတို့ကိုဖယ် ရှားပစ်မည်ဖြစ်ကြောင်းကြေညာ၏။ ပင်လယ် ကမ်းနားတွင်အသက်ရှင်လျက် ကျန်ရှိသမျှ သောသူတို့အားငါသုတ်သင်ပစ်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16 ငါ သည် ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ ခေ ရ သိ ခေါ် ဖိ လိ တ္တိ လူ မျိုး ကို ပယ် ရှား လျက်၊ သ မု ဒ္ဒ ရာ ကမ်း ရှိ အ ကြွင်း အ ကျန် တို့ ကို ဖျက် ဆီး လျက်၊ အခန်းကိုကြည့်ပါ။Judson Bible16 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဖိလိတ္တိလူတို့ကို ငါတိုက်၍ ခေရသိလူတို့ကို ပယ်ဖြတ်မည်။ ပင်လယ်ကမ်းနား၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီးမည်။ အခန်းကိုကြည့်ပါ။ |
ငါသည် လက်ကိုဆန့်၍ သင်တို့ကို ဆန့်ကျင်မည်။ သင်တို့ကို လုယက်ပစ္စည်းအဖြစ် လူမျိုးခြားတို့လက်သို့အပ်မည်။ လူမျိုးတကာတို့ထဲမှ ဖယ်ရှားပစ်မည်။ အတိုင်းတိုင်းအပြည်ပြည်ထဲမှ ဖျောက်ဖျက်ပစ်မည်။ သုတ်သင်ပယ်ရှင်းပစ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။