အာမုတ် 9:12 - မြန်မာ့စံမီသမ္မာကျမ်း12 ဤသို့ဖြင့် သူတို့သည် ကြွင်းကျန်သည့်ဧဒုံပြည်နှင့် ငါ့နာမဖြင့် ခေါ်ဝေါ်သမုတ်သောတိုင်းနိုင်ငံအပေါင်းတို့ကို ပိုင်ဆိုင်ရလိမ့်မည်”ဟု ဤအမှုကို စီရင်တော်မူသည့်ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 သို့ဖြင့်ဣသရေလအမျိုးသားတို့သည် ကျန်ကြွင်းသမျှသောဧဒုံပြည်ကိုလည်း ကောင်း၊ တစ်ချိန်ကငါပိုင်စိုးခဲ့သောနိုင်ငံ တိုင်းကိုလည်းကောင်းပြန်လည်သိမ်းပိုက်ခွင့် ရလိမ့်မည်'' ဟုဤအမှုကိုဖြစ်စေမည့် ထာဝရဘုရားမိန့်တော်မူပြီ။ အခန်းကိုကြည့်ပါ။Judson Bible12 လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ထိုကာလ၌ ငါဆောက်တည်ပြန်မည်။ အက်ကွဲရာများကို စေ့စပ်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို ရှေးကာလ၌ရှိသကဲ့သို့ မတ်စေပြန်မည်ဟု၊ ဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ၏။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့် အံ့ဩမှင်တက်မိသူကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် မကယ်တင်နိုင်သောစစ်သူရဲကဲ့သို့ဖြစ်ရသနည်း။ အို ထာဝရဘုရား၊ စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။
ဧဒုံပြည်သားတို့ကလည်း “ငါတို့ ဖျက်ဆီးခံရလျှင် ငါတို့ပြန်လာ၍ အပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်မည်”ဟု ဆိုကြ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကလည်း “သူတို့ ပြန်လည်တည်ဆောက်လျှင် ငါဖြိုဖျက်မည်။ သူတို့ပြည်သည် ဆိုးယုတ်သောပြည်၊ သူတို့သည် ထာဝရဘုရား၏အမျက်တော်သင့်ခြင်းကို ခံရသောလူမျိုးဟု အစဉ်အခေါ်ခံရကြလိမ့်မည်။