Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဇ​ရ 4:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထိုအခါ ရှင်ဘုရင်​က သူ​တို့​ထံသို့ ပြန်စာ​ပို့လိုက်​သည်​မှာ “​ဗိုလ်ချုပ်​ရေဟုံ​၊ စာရေးတော်ကြီး​ရှိမရှဲ​၊ ကျန်ရှိ​သော​ရှမာရိ​မြို့သား​အပေါင်းပါ​များ​နှင့် ကျန်ရှိ​သော​ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​နေ​သူ​များ​အား နှုတ်ဆက်​လိုက်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 မင်း​ကြီး​၏​ပြန်​ကြား​လွှာ​မှာ၊ ``ဘု​ရင်​ခံ​ရေ​ဟုံ၊ အ​တွင်း​ဝန်​ရှိ​မ​ရှဲ​နှင့်​တ​ကွ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​သော​ရှ​မာ​ရိ​မြို့​သား​များ​နှင့် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​သား​တို့​အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​သည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို့ ကြောင့် ဘု ရင် မင်း သည်၊ ဘု ရင် ခံ ရေ ဟုံ၊ အ တွင်း ဝန် ရှိ မ ရှဲ တို့ မှ စ၍၊ ရှ မာ ရိ နယ် နှင့် မြစ် ကြီး အ နောက် ဘက် ပြည် နယ် များ တွင် နေ ထိုင် သော ဘက် ပါ သူ တို့ ထံ အ မိန့် တော် ပြန် လိုက် သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ရှင်​ဘု​ရင်​သည် စာ​တိုက်​စိုး​ရေ​ဟုံ​နှင့် မြို့​စာ​ရေး​ရှိ​မ​ရှဲ မှ​စ၍၊ ရှ​မာ​ရိ​မြို့၌​နေ​သော ထို​သူ​တို့၏ အ​ပေါင်း​အ​ဖော်​များ၊ မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ခြား​သူ​များ​တို့​ရှိ​ရာ​သို့ ပြန်​ပေး​လိုက်​သော စာ​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 4:17
11 ပူးပေါင်းရင်းမြစ်များ  

အကယ်၍ ဤ​မြို့​ကို ပြန်လည်​တည်ဆောက်​၍ မြို့ရိုး​ကို​လက်စသတ်​ပြီးလျှင် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​သည် အရှင့်​ပိုင်မြေ​ဖြစ်​တော့​မည်​မ​ဟုတ်​ကြောင်း​ကို အရှင်မင်းကြီး​အား အကျွန်ုပ်​တို့​လျှောက်ထား​အပ်​ပါ​သည်​”​ဟု ပါရှိ​၏​။


သင်​တို့​ပို့လိုက်​သော​စာ​ကို ငါ့​ရှေ့မှောက်​တွင် သေသေချာချာ​ဖတ်ပြ​ကြ​ပြီ​။


အာတဇေရဇ်​မင်းကြီး​လက်ထက်​၌​လည်း ဗိရှလံ​၊ မိသရေဒတ်​၊ တဗေလ​တို့​နှင့် ကျန်​အပေါင်းပါ​တို့​သည် ပါးရှား​ဘုရင်​အာတဇေရဇ်​မင်းကြီး​ထံသို့ စာ​ရေးသား​ပေးပို့​ကြ​၏​။ ထို​စာ​ကို အာရမိတ်​ဘာသာ​သို့ ဘာသာပြန်ဆို ရေးသား​ပေး​လိုက်​၏​။


မင်းကြီး​ထံ သူ​တို့​ပေးလိုက်​သော​စာ​တွင် ဤသို့ ရေးသား​ထား​၏​။ “ဒါရိ​မင်းကြီး​၌ ငြိမ်ဝပ်ချမ်းသာ​အပေါင်း ရှိ​ပါစေသော​။


“​ဘုရင်​တို့​၏​ဘုရင် အာတဇေရဇ်​မင်းကြီး​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​၏​ပညတ်တရား​ကို ကောင်း​စွာ​သိနားလည်​သော​ကျမ်းပြုဆရာ ယဇ်ပုရောဟိတ်​ဧဇရ​အား နှုတ်ဆက်​လိုက်​ပါ​၏​။


နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ကို​ပြောဆို​သော ကမ္ဘာ​အရပ်ရပ်​ရှိ​လူမျိုး​အပေါင်း​တို့​ထံသို့ ငါ​နေဗုခဒ်နေဇာ​မင်းကြီး ပြောကြား​လိုက်​ပါ​၏​။ သင်​တို့ ကြီးပွား​တိုးတက်​ကြ​ပါစေသော​။


ထို့နောက် ဒါရိ​မင်းကြီး​သည် မြေ​တစ်ပြင်လုံး​ရှိ​နိုင်ငံ​အသီးသီး​မှ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​အပေါင်း​တို့​ထံသို့ စာရေး​လိုက်​၏​။ ထို​စာ​တွင် “​သင်​တို့​၌ ငြိမ်ဝပ်ချမ်းသာ တိုးပွား​ပါစေသော​။


မည်သည့်​အိမ်​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ‘ဤ​အိမ်​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ’​ဟူ၍ ဦးစွာ​နှုတ်ဆက်​ကြ​လော့။


“ကလောဒိ​လုသိ​သည် မြတ်​သော​ဘုရင်ခံ​ဖေလဇ်​မင်း​ကို နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​သည်။


ထိုသို့ ဘုရားသခင်​ချစ်​တော်မူ​၍ သန့်ရှင်း​သူ​များ​အဖြစ်​ခေါ်ယူ​တော်မူ​သော ရောမ​မြို့သူ​မြို့သား​အပေါင်း​တို့​ထံသို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ