ယောရှု 13:25 - မြန်မာ့စံမီသမ္မာကျမ်း25 သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ ယာဇာမြို့၊ ဂိလဒ်ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်ရှိ အာရော်မြို့အထိ အမ္မုန်အမျိုးသားတို့၏ပြည်တစ်ဝက်၊ အခန်းကိုကြည့်ပါ။Common Language Bible25 သူတို့၏နယ်မြေသည်ယာဇာမြို့နှင့်ဂိလဒ် ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်တွင် ရှိသောအာရော်မြို့အထိကျယ်ပြန့်သော အမ္မုန်ပြည်တစ်ဝက်ပါဝင်သည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ယာ ဇာ မြို့ မှ စ၍၊ ဂိ လဒ် နယ် အ တွင်း မြို့ ရှိ သ မျှ နှင့် ရ ဗ္ဗာ မြို့ ရှေ့ အာ ရော် မြို့ တိုင် အောင် အ မ္မုန် ပြည် တစ် ဝက်၊ အခန်းကိုကြည့်ပါ။Judson Bible25 ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည်တစ်ဝက်၊ အခန်းကိုကြည့်ပါ။ |
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့ စစ်ထွက်တိုက်ချိန်ရောက်သောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့်တပ်မှူးများအပါအဝင် အစ္စရေးစစ်သည်အပေါင်းတို့ကို စစ်ထွက်တိုက်စေ၏။ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း ဝိုင်းထားလိုက်ကြ၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။
စိဗမာ၏အကောင်းဆုံးစပျစ်ပင်များသည် ယာဇာမြို့တိုင်အောင်ရောက်၍ တောကန္တာရအထိပြန့်ပွားသွားပြီး အခက်အလက်တို့သည် ဆန့်ထွက်လျက် ပင်လယ်ကိုကျော်လွန်သွား၏။ ထိုစပျစ်ပင်များကို တိုင်းနိုင်ငံတို့၏အရှင်သခင်တို့သည် ချိုးကြ၏။ ဟေရှဘုန်လယ်ပြင်များ၊ စိဗမာစပျစ်ပင်များသည် ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။