၁ ရာချုပ် 5:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible26 သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible26 ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် သည် အာ ရှု ရိ ဘု ရင် ပု လ မင်း၊ တိ ဂ လတ် ပိ လေ သာ မင်း တို့ သ ဘော ကို ဆော် သြ တော် မူ သည် နှင့် ဟာ လ နယ်၊ ဟာ ဗော် နယ်၊ ဟာ ရ နယ် များ သို့ လည်း ကောင်း၊ ဂေါ ဇန် နယ် ရှိ မြစ် အ နီး သို့ လည်း ကောင်း သိမ်း သွား လျက် ယ နေ့ တိုင် အောင် နေ ရာ ချ ထား၏။ အခန်းကိုကြည့်ပါ။Judson Bible26 သို့ဖြစ်၍ ဣသရေလအမျိုး၏ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့် ရှင်ဘုရင်တိဂလတ်ပိလေသာစိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင်နေရာချထား၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ဆက်သားတို့သည် ရှင်ဘုရင်နှင့်မှူးမတ်တို့ထံမှ စာကိုယူ၍ အစ္စရေးပြည်နှင့်ယုဒပြည်တစ်လျှောက်လုံးသို့သွား၏။ ရှင်ဘုရင်၏အမိန့်တော်စာတွင် “အို အစ္စရေးအမျိုးသားတို့၊ အာဗြဟံ၊ ဣဇက်နှင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာကြလော့။ သို့မှ အဆီးရီးယားဘုရင်တို့လက်မှလွတ်မြောက်၍ ကြွင်းကျန်သောသင်တို့ထံသို့ ကိုယ်တော်ပြန်လာတော်မူမည်။