သူတို့အားလုံးကို လဲစရာအဝတ်တစ်စုံစီပေး၏။ ဗင်္ယာမိန်ကိုမူကား ငွေစသုံးရာနှင့် လဲစရာအဝတ်ငါးစုံပေး၏။
သူကြီး 14:12 - မြန်မာ့စံမီသမ္မာကျမ်း ရှံဆုန်က ထိုသူတို့အား “ယခု သင်တို့ကို စကားထာဝှက်မည်။ ပွဲခံရာခုနစ်ရက်အတွင်း အဖြေကို ရှာတွေ့ပြီး ပြောပြနိုင်လျှင် ပိတ်ချောဝတ်ရုံအထည်သုံးဆယ်နှင့် ဝတ်စုံအစုံသုံးဆယ်ကို သင်တို့အားငါပေးမည်။ Common Language Bible ရှံဆုန်ကသူတို့အား``သင်တို့အားစကား ထာကိုငါဝှက်မည်။ သင်တို့သည်မင်္ဂလာဆောင် ပွဲရက်ခုနစ်ရက်မလွန်မီဖော်နိုင်လျှင် ခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ကိုငါပေးမည်။- Garrad Bible ရှံ ဆုန် က စ ကား ထာ ဝှက် ပါ မည်။ ပွဲ ခံ သော ခု နစ် ရက် အ တွင်း ဘော် ဆို နိုင် လျှင် ပိတ် တ ဘက် ထည် သုံး ဆယ် နှင့် အ ဝတ် စုံ သုံး ဆယ် ပေး ပါ မည်။ Judson Bible ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဖော်ပြနိုင်လျှင် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။ |
သူတို့အားလုံးကို လဲစရာအဝတ်တစ်စုံစီပေး၏။ ဗင်္ယာမိန်ကိုမူကား ငွေစသုံးရာနှင့် လဲစရာအဝတ်ငါးစုံပေး၏။
ထာဝရဘုရား၏နာမတော်ဖြင့် ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မ ကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။
သူကလည်း “အဆင်ပြေပါ၏။ အကျွန်ုပ်သခင်က ‘ယခုလေးပင် ဧဖရိမ်တောင်ပေါ်ဒေသမှ ပရောဖက်အဖွဲ့သားလူငယ်နှစ်ဦး ငါ့ထံသို့ရောက်လာသဖြင့် သူတို့အဖို့ ငွေတစ်တာလန်နှင့် အဝတ်နှစ်စုံ ပေးပါလော့’ဟု မှာလိုက်ပါ၏”ဟု ဆို၏။
ဆီးရီးယားဘုရင်ကလည်း “ယခုပင် သွားပါ။ အစ္စရေးဘုရင်ထံ စာပါးလိုက်မည်”ဟု ဆိုသဖြင့် သူသည် ငွေတာလန်တစ်ဆယ်၊ ရွှေရှယ်ကယ်ခြောက်ထောင်နှင့် အဝတ်ဆယ်စုံကိုယူ၍ ခရီးထွက်သွားလေ၏။
ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးအမြောက်အမြားနှင့်အတူ ခုနစ်ရက်တိုင်တိုင် ပွဲတော်ကျင်းပလေ၏။
ငါသည် သုတ္တံစကားတို့ကိုဂရုစိုက်နားထောင်မည်။ ငါ၏ပဟေဠိကို စောင်းတီး၍ဖွင့်ပြမည်။
ဤသည်ကား သုတ္တံစကား၊ ဥပစာစကားမှစ၍ ပညာရှိတို့၏စကားများနှင့် သူတို့၏ပဟေဠိများကို နားလည်စေရန်အတွက်ဖြစ်၏။
သူသည် ပိတ်ချောဝတ်ရုံများကိုပြုလုပ်ရောင်းချကာ ခါးဝတ်တန်ဆာများကိုလည်း ကုန်သည်များထံသွင်းတတ်၏။
“အချင်းလူသား၊ အစ္စရေးလူမျိုးတို့အား စကားထာဝှက်၍ ပုံဥပမာခိုင်းနှိုင်းပြလော့။
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ သူတို့က အကျွန်ုပ်အား ‘ဤသူသည် ပုံဥပမာ ပြောနေပါသည်’ဟူ၍ ဆိုကြပါ၏”ဟု ပြန်လျှောက်လေ၏။
ဤအကြောင်းကြောင့် ငါသည် သူတို့အား ပုံဥပမာများဖြင့်မြွက်ဆိုရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မြင်လျက်ပင်မမြင်၊ ကြားလျက်ပင်မကြား၊ နားလည်းမလည်ကြသောကြောင့်ဖြစ်၏။
ယေရှုသည် ဤအကြောင်းအရာအလုံးစုံတို့ကို ပုံဥပမာများဖြင့် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူ၏။ ပုံဥပမာမပါဘဲ သူတို့အား မြွက်ဆိုတော်မမူ။
ပိုးမွှားနှင့်သံချေးဖျက်ဆီးတတ်၍ သူခိုးများဖောက်ထွင်းခိုးယူနိုင်ရာ မြေကြီးပေါ်၌ ဥစ္စာဘဏ္ဍာများကို သင်တို့အတွက် သိုမှီးမထားကြနှင့်။
ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် အထူးနေရာများရွေးချယ်နေကြပုံကို ကိုယ်တော်မြင်တော်မူလျှင် ထိုသူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ
တပည့်တော်တို့က “ယခု ကိုယ်တော်သည် ပုံဥပမာကိုမဆောင်တော့ဘဲ အတိအလင်းမြွက်ဆိုတော်မူ၏။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။
ထိုအရပ်သားတို့က ရှံဆုန်နှင့်တွေ့ဆုံပြီး သူနှင့်အတူ ပွဲခံဖို့ရန် အဖော်အယောက်သုံးဆယ်ကို ခေါ်လာပေး၏။
သင်တို့ အဖြေမပြောပြနိုင်လျှင် ပိတ်ချောထည်ဝတ်ရုံအထည်သုံးဆယ်နှင့် ဝတ်စုံအစုံသုံးဆယ်ကို ငါ့အားပေးရမည်”ဟု ဆိုလေ၏။ ထိုသူတို့ကလည်း “သင့်စကားထာကို ပြောပါ။ ငါတို့နားထောင်မည်”ဟု သူ့အားဆိုလေ၏။