Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 14:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဖိတ်ခေါ်​ခြင်း​ခံရ​သော​သူ​တို့​သည် အထူး​နေရာ​များ​ရွေးချယ်​နေ​ကြ​ပုံ​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် ထို​သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 စား​သောက်​ပွဲ​သို့​ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည် အ​ကောင်း​ဆုံး​သော​နေ​ရာ​များ​ကို​ရွေး​ချယ်​နေ ကြ​သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ထို​သူ တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​မိန့်​ကြား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အ ဖိတ် ခံ ရ သူ တို့ သည် မြင့် မြတ် သော နေ ရာ များ ကို ရွေး ချယ် ကြ ကြောင်း ဂ ရု စိုက် လျက် ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​အ​ခါ ခေါ်​ဖိတ်​သော​သူ​တို့​သည် မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို ရွေး​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ သူ​တို့​အား ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ဖိတ်ခေါ်ခြင်း​ခံရသော ဧည့်သည်များ​သည် စားပွဲဝိုင်း​၏​အထူး​နေရာ​ကိုသာ ရွေးချယ်​လျက် ရှိကြောင်း​ကို ယေရှု​သည် မြင်တော်မူ​လျှင် သူတို့​အား ပုံဥပမာ​ပေး​၍ မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

7 ထို​အ​ခါ ခေါ်​ဖိတ်​သော​သူ​တို့​သည် မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို ရွေး​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ သူ​တို့​အား ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 14:7
12 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား မြင့်မြတ်​သော​သူ​၏​ရှေ့​တွင် နှိမ့်ချ​ခြင်း​ခံရ​သည်​ထက် “​ဤ​နေရာ​သို့​တက်လာ​ပါ​”​ဟု ဖိတ်ခေါ်​ခြင်း​ခံရ​သည်​က ပို၍​ကောင်း​၏​။ သင့်​မျက်စိ​ဖြင့်​တွေ့မြင်​သော​အရာ​ကို


ဉာဏ်ပညာ​သည် ဟစ်ခေါ်​၍ ထိုးထွင်းဉာဏ်​သည် မိမိ​၏​အသံ​ကို​လွှင့်​သည်​မ​ဟုတ်​လော​။


“အချင်း​လူသား​၊ အစ္စရေး​လူမျိုး​တို့​အား စကားထာဝှက်​၍ ပုံဥပမာ​ခိုင်းနှိုင်းပြ​လော့​။


ယေရှု​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား မြွက်ဆို​တော်​မ​မူ။


စားသောက်ပွဲ​များ​၌ အထူး​နေရာ​ကို​လည်းကောင်း၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊


ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​ကို​လည်းကောင်း၊ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း နှစ်သက်​ကြ​၏။


“ကျမ်းပြု​ဆရာ​တို့​ကို သတိထား​ကြ​လော့။ သူ​တို့​သည် ဝတ်လုံ​ကို​ဝတ်​လျက် သွားလာ​ရန် အလိုရှိ​ကြ​၍ ဈေး​အရပ်​၌ နှုတ်ဆက်​ခံရ​ခြင်း​ကို​လည်းကောင်း၊ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ အထူး​ထိုင်ခုံ​များ​ကို​လည်းကောင်း၊ စားသောက်ပွဲ​များ​၌ အထူး​နေရာ​များ​ကို​လည်းကောင်း နှစ်သက်​ကြ​၏။


မည်သည့်​အမှု​ကို​မျှ တုပြိုင်​လို​သော​စိတ်​နှင့်​လည်းကောင်း၊ အချည်းနှီး​ကျော်စော​လို​သော​စိတ်​နှင့်​လည်းကောင်း မ​ပြု​ဘဲ နှိမ့်ချ​သော​စိတ်​ရှိ​လျက် သူတစ်ပါး​တို့​သည် မိမိ​တို့​ထက် ထူးမြတ်​သည်​ဟု မှတ်ယူ​ကြ​လော့။


ငါ​သည် အသင်းတော်​ထံသို့ စာ​အနည်းငယ်​ရေး​ခဲ့​သော်လည်း သူ​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော ဒယောတရပ်​သည် ငါ​တို့​ကို​လက်​မ​ခံ။


ရှံဆုန်​က ထို​သူ​တို့​အား “​ယခု သင်​တို့​ကို စကားထာဝှက်​မည်​။ ပွဲခံရာ​ခုနစ်​ရက်​အတွင်း အဖြေ​ကို ရှာတွေ့​ပြီး ပြောပြ​နိုင်​လျှင် ပိတ်ချော​ဝတ်ရုံ​အထည်​သုံးဆယ်​နှင့် ဝတ်စုံ​အစုံ​သုံးဆယ်​ကို သင်​တို့​အား​ငါ​ပေး​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ