၄ ရာ 5:22 - မြန်မာ့စံမီသမ္မာကျမ်း22 သူကလည်း “အဆင်ပြေပါ၏။ အကျွန်ုပ်သခင်က ‘ယခုလေးပင် ဧဖရိမ်တောင်ပေါ်ဒေသမှ ပရောဖက်အဖွဲ့သားလူငယ်နှစ်ဦး ငါ့ထံသို့ရောက်လာသဖြင့် သူတို့အဖို့ ငွေတစ်တာလန်နှင့် အဝတ်နှစ်စုံ ပေးပါလော့’ဟု မှာလိုက်ပါ၏”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ဂေဟာဇိက``မရှိပါ။ သို့ရာတွင်ကျွန်တော်၏သခင် က ယခုပင်ဧဖရိမ်တောင်ကုန်းဒေသမှပရောဖက် နှစ်ပါးရောက်ရှိလာသဖြင့် သူတို့အတွက်ငွေသား သုံးထောင်နှင့်ဝတ်စုံနှစ်စုံကိုအရှင့်ထံမှတောင်းခံ ရန် ကျွန်တော်အားစေလွှတ်လိုက်ပါသည်'' ဟုဖြေ၏။ အခန်းကိုကြည့်ပါ။Garrad Bible22 သို့ ရာ တွင် ဧ ဖ ရိမ် ခင် တန်း မှ ယ ခု ပင် ရောက် လာ သော ပ ရော ဖက် ဂိုဏ်း သား လု လင် နှစ် ယောက် အ တွက် ငွေ ချိန် ခွက် သုံး ဆယ် နှင့် အ ဝတ် နှစ် စုံ ကို တောင်း ခံ ရန် အခန်းကိုကြည့်ပါ။Judson Bible22 ဂေဟာဇိက ကောင်းပါ၏။ ယခုတွင် ပရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ။ ငွေအခွက်တစ်ဆယ်နှင့် အဝတ်နှစ်စုံကို သူတို့အဖို့ပေးပါလော့ဟု တောင်းစေခြင်းငှာ၊ ကျွန်တော် သခင်သည် ကျွန်တော်ကိုစေလွှတ်ပါပြီဟု ဆိုလျှင်၊ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်ကြွလာသောအခါ သူသည် အော်ဟစ်လျက် ရှင်ဘုရင်အား “ကျွန်တော်မျိုးသည် တိုက်ပွဲထဲသို့ ရောက်ခဲ့ပါ၏။ လူတစ်ယောက်က အကျွန်ုပ်ထံသို့ လူတစ်ယောက်ကို ခေါ်လာပြီး ‘ဤသူကို စောင့်ရှောက်ပါ။ သူထွက်ပြေးပျောက်ဆုံးသွားလျှင် သူ့အသက်အဖို့ သင့်အသက်၊ သို့မဟုတ် ငွေတစ်တာလန်ကို ပေးလျော်ရမည်’ဟု အကျွန်ုပ်အား ဆိုပါ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။