သူကြီး 14:12 - Common Language Bible12 ရှံဆုန်ကသူတို့အား``သင်တို့အားစကား ထာကိုငါဝှက်မည်။ သင်တို့သည်မင်္ဂလာဆောင် ပွဲရက်ခုနစ်ရက်မလွန်မီဖော်နိုင်လျှင် ခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ကိုငါပေးမည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ရှံ ဆုန် က စ ကား ထာ ဝှက် ပါ မည်။ ပွဲ ခံ သော ခု နစ် ရက် အ တွင်း ဘော် ဆို နိုင် လျှင် ပိတ် တ ဘက် ထည် သုံး ဆယ် နှင့် အ ဝတ် စုံ သုံး ဆယ် ပေး ပါ မည်။ အခန်းကိုကြည့်ပါ။Judson Bible12 ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဖော်ပြနိုင်လျှင် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ရှံဆုန်က ထိုသူတို့အား “ယခု သင်တို့ကို စကားထာဝှက်မည်။ ပွဲခံရာခုနစ်ရက်အတွင်း အဖြေကို ရှာတွေ့ပြီး ပြောပြနိုင်လျှင် ပိတ်ချောဝတ်ရုံအထည်သုံးဆယ်နှင့် ဝတ်စုံအစုံသုံးဆယ်ကို သင်တို့အားငါပေးမည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အားငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုသိရှိကြစေ ရန် စကားထာဝှက်၍ပုံဥပမာတစ်ခုကို ပြောပြလော့။ အခါတစ်ပါးကသန်စွမ်း သောအတောင်ကြီးများနှင့် ရှည်သောအမွေး အတောင်များရှိသည့်လင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ့မှာအရောင်စုံ၍လှပ သောအမွေးအတောင်များရှိ၏။ သူသည် လေဗနုန်တောင်ထိပ်သို့ပျံသန်းပြီးလျှင် အာရစ်ပင်ထိပ်ဖျားတွင်နားလျက်၊-
ယခုအခါငါတို့သည်ကြေးမုံတွင်ပေါ်လာ သည့်ပုံသဏ္ဌာန်ကိုမြင်ရသကဲ့သို့မထင်မရှား တွေ့မြင်ရကြ၏။ ထိုအခါ၌မူကားမျက်ဝါး ထင်ထင်တွေ့မြင်ရလတ္တံ့။ ယခုအခါငါသည် စုံလင်စွာမသိမမြင်ရ။ ထိုအခါ၌ကား ဘုရားသခင်သည်ငါ့ကိုစုံလင်စွာသိမြင် တော်မူသကဲ့သို့ငါသည်စုံလင်စွာသိ မြင်ရလိမ့်မည်။