ထို့နောက် ဖာရောမင်းကြီးက ယောသပ်အား “ဘုရားသခင်သည် ဤအမှုအလုံးစုံကို သင့်အားဖော်ပြတော်မူပြီဖြစ်၍ သင်ကဲ့သို့ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူတစ်ယောက်မျှမရှိ။
သုတ္တံကျမ်း။ 6:32 - မြန်မာ့စံမီသမ္မာကျမ်း သူတစ်ပါး၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူသည် အသိစိတ်မရှိ။ ထိုအမှုကိုပြုသောသူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသောသူဖြစ်၏။ Common Language Bible သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။ Garrad Bible သူ့ မ ယား နှင့် မှား ယွင်း သူ သည်၊ ဉာဏ် မ ရှိ။ ကိုယ့် အ သက် ကို ဖျက် ဆီး လို သော သူ သာ လျှင်၊ ထို သို့ ပြု တတ်၏။ Judson Bible သူ့မယားကို ပြစ်မှားသောသူသည် ဉာဏ်မရှိ။ ထိုသို့ ပြုသောသူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။ |
ထို့နောက် ဖာရောမင်းကြီးက ယောသပ်အား “ဘုရားသခင်သည် ဤအမှုအလုံးစုံကို သင့်အားဖော်ပြတော်မူပြီဖြစ်၍ သင်ကဲ့သို့ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူတစ်ယောက်မျှမရှိ။
အသိဉာဏ်ရှိသောသူ၏နှုတ်ခမ်းတွင် ဉာဏ်ပညာကိုတွေ့ရ၏။ အသိစိတ်မရှိသောသူ၏ကျောကုန်းအတွက်မူကား ကြိမ်လုံးရှိ၏။
ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် များစွာသောသူတို့ကို ကျွေးမွေးတတ်၏။ ဆိုးမိုက်သောသူတို့မူကား အသိစိတ်မရှိသောကြောင့် သေကြလိမ့်မည်။
အသိစိတ်မရှိသောသူသည် မိမိ၏အိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ထိုးထွင်းဉာဏ်ရှိသောသူမူကား တိတ်ဆိတ်စွာနေတတ်၏။
မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။
ဉာဏ်ပညာကို အာရုံစိုက်နားထောင်လျက် ထိုးထွင်းဉာဏ်ဘက်သို့ သင်၏စိတ်နှလုံးကို တိမ်းညွတ်စေလျှင်လည်းကောင်း၊
ငါသည် ပျင်းရိသောသူ၏လယ်ယာနား၊ အသိစိတ်မရှိသောသူ၏စပျစ်ခြံနားမှ ဖြတ်သွားရာ
ထိုသူသည် ရိုက်နှက်ခြင်းနှင့် အရှက်ခွဲခြင်းကိုခံရလိမ့်မည်။ သူခံရသောကဲ့ရဲ့ပြစ်တင်ခြင်းသည်လည်း မည်သည့်အခါမျှပျောက်ပျက်သွားမည်မဟုတ်။
အသိဉာဏ်နည်းပါးသောသူများကြားတွင် အသိစိတ်မရှိသောလုလင်တစ်ဦးကို ငါမြင်၍ လူငယ်များအလယ်တွင် သူ့ကိုသတိပြုမိ၏။
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
“အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း
‘မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြား၊ မိုက်မဲ၍ အသိဉာဏ်မရှိသောလူတို့၊ ယခု ဤစကားကိုနားထောင်ကြလော့။
အစာဝ၍ ရာဂစိတ်ကြီးသောမြင်းများကဲ့သို့ဖြစ်ပြီး အိမ်နီးချင်း၏မယားကို ဟီကြပြီ။
‘သင်တို့ကျူးလွန်သောအပြစ်များကို စွန့်၍ စိတ်နှလုံးအသစ်၊ စိတ်သဘောအသစ် ရှိကြလော့။ အို အစ္စရေးအမျိုး၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း။
အို အစ္စရေးအမျိုး၊ သင့်ကိုကူညီမစသောအရှင်ဖြစ်သည့် ငါ့ကို ဆန့်ကျင်သောကြောင့် သင့်ကို ငါဖျက်ဆီးမည်။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။