ဟောရှေ 13:9 - မြန်မာ့စံမီသမ္မာကျမ်း9 အို အစ္စရေးအမျိုး၊ သင့်ကိုကူညီမစသောအရှင်ဖြစ်သည့် ငါ့ကို ဆန့်ကျင်သောကြောင့် သင့်ကို ငါဖျက်ဆီးမည်။ အခန်းကိုကြည့်ပါ။Common Language Bible9 ``ဣသရေလပြည်သားတို့၊ သင်တို့ကိုငါ သုတ်သင်ဖျက်ဆီးပစ်မည်။ မည်သူသင်တို့ ကိုကယ်နိုင်ဦးမည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible9 အို ဣ သ ရေ လ၊ သင် သည် ပျက် ပြား လေ ပြီ။ မည် သူ မ စ အံ့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible9 အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သောအရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။ အခန်းကိုကြည့်ပါ။ |
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။
သူက “ဆီးရီးယားဘုရင်၏ဘုရားတို့သည် သူတို့ကို ကူညီ၏။ ထိုဘုရားတို့ကို ယဇ်ပူဇော်လျှင် ငါ့ကိုလည်းကူညီလိမ့်မည်”ဟု တွေးလျက် သူ့ကို တိုက်ခိုက်နှိမ်နင်းခဲ့သောဒမတ်စကပ်မြို့သားတို့၏ဘုရားများကို ယဇ်ပူဇော်လေ၏။ သို့သော် ထိုဘုရားတို့သည် သူနှင့်အစ္စရေးတစ်မျိုးနွယ်လုံးကို ကျရှုံးစေ၏။