Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 11:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အသိစိတ်​မ​ရှိ​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို မထီမဲ့မြင်ပြု​တတ်​၏​။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​မူကား တိတ်ဆိတ်​စွာ​နေ​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ပ ညာ မဲ့ သော သူ သည်၊ အ ပေါင်း အ ဖော် ကို မ ထီ မဲ့ မြင် ပြု တတ်၏။ ဉာဏ် ရှိ သော သူ မူ ကား၊ ဆိတ် ဆိတ် နေ တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ပ​ညာ​မဲ့​သော​သူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင် ပြု​တတ်၏။ ဉာဏ်​ကောင်း​သော​သူ​မူ​ကား၊ တိတ်​ဆိတ်​စွာ နေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 11:12
15 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​က “​သူ့​အား ဘာမျှ​ပြန်​မ​ပြော​ကြ​နှင့်​”​ဟု အမိန့်ရှိ​ထား​သောကြောင့် လူ​တို့​လည်း ဘာမျှ​ပြန်​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏​။


စကား​များစွာ​ပြောဆို​သောအခါ အပြစ်​ပါလာ​တတ်​၏​။ မိမိ​၏​နှုတ်​ကို​ချုပ်တည်း​သော​သူ​မူကား ပညာသတိ​ရှိ​၏​။


မြို့​သည် ဖြောင့်မှန်​သော​သူ​တို့​၏ ကောင်းချီးမင်္ဂလာ​အားဖြင့် ချီးမြှောက်​ခြင်း​ခံရ​တတ်​၏​။ သို့သော် ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​အားဖြင့် ဖြိုဖျက်​ခြင်း​ခံရ​တတ်​၏​။


အတင်းအဖျင်း​လိုက်ပြော​သော​သူ​သည် လျှို့ဝှက်ချက်​ကို​ပေါက်ကြား​စေ​တတ်​၏​။ ယုံကြည်​စိတ်ချ​ရ​သော​စိတ်သဘော​ရှိ​သူ​မူကား အမှုကိစ္စ​ကို ဖုံးကွယ်​ထား​တတ်​၏​။


မိမိ​၏​အိမ်နီးချင်း​ကို မထီမဲ့မြင်ပြု​သော​သူ​သည် အပြစ်ပြု​သော​သူ​ဖြစ်​၏​။ ဆင်းရဲချို့တဲ့​သော​သူ​တို့​ကို သနား​သော​သူ​မူကား မင်္ဂလာ​ရှိ​၏​။


သူတစ်ပါး​၏​မယား​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​သည် အသိစိတ်​မ​ရှိ​။ ထို​အမှု​ကို​ပြု​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​ဖျက်ဆီး​သော​သူ​ဖြစ်​၏​။


ငွေ​ကို​တပ်မက်​သော​ဖာရိရှဲ​တို့​သည် ဤ​အရာ​အားလုံး​ကို​ကြား​လျှင် ကိုယ်တော်​ကို​ပြက်ရယ်ပြု​ကြ​၏။


မိမိကိုယ်ကို​ဖြောင့်မတ်​သည်​ဟု​ယုံမှတ်​လျက် သူတစ်ပါး​တို့​ကို မထီမဲ့မြင်​ပြု​တတ်​သော​သူ​အချို့​တို့​အား ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး၍​မြွက်ဆို​တော်မူ​သည်​မှာ


ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ပြန်​၍​မ​တုံ့ပြန်၊ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သောအခါ​၌​လည်း ခြိမ်းခြောက်​ခြင်း​ကို​မ​ပြု​ဘဲ ဖြောင့်မတ်​စွာ​တရား​စီရင်​တော်မူ​သော​အရှင်​ထံသို့ မိမိ​ကိုယ်​ကို​အပ်နှံ​တော်မူ​၏။


ထိုအခါ ဇေဗုလ​က ဂါလ​အား “​သင်​က ‘​ငါ​တို့​သည် အဘိမလက်​ကို​အစေခံ​ရ​မည့်​အကြောင်း သူ​ကား မည်သူ​နည်း​’​ဟု ပြော​ခဲ့​သည်​မှာ ယခု မည်သို့ ဖြစ်​ပြီ​နည်း​။ သင်​သည် ထို​သူ​တို့​ကို မထီမဲ့မြင်ပြု​ခဲ့​သည်​မ​ဟုတ်​လော​။ ယခု​သူ့​ကို ထွက်​တိုက်​ပါ​လော့​”​ဟု ဆို​လေ​၏​။


သို့သော် ဆိုးညစ်​သော​သူ​တို့​က “​ဤ​သူ​သည် ငါ​တို့​ကို မည်သို့​ကယ်တင်​နိုင်​မည်နည်း​”​ဟု ဆို​လျက် သူ့​အား မထီမဲ့မြင်ပြု​ပြီး လက်ဆောင်ပဏ္ဏာ​ကို မ​ဆက်သ​ဘဲ​နေ​ကြ​၏​။ သို့သော် သူ​သည် ဘာမျှမပြော​ဘဲ နှုတ်ဆိတ်​နေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ