သုတ္တံကျမ်း။ 11:11 - မြန်မာ့စံမီသမ္မာကျမ်း11 မြို့သည် ဖြောင့်မှန်သောသူတို့၏ ကောင်းချီးမင်္ဂလာအားဖြင့် ချီးမြှောက်ခြင်းခံရတတ်၏။ သို့သော် ဆိုးယုတ်သောသူတို့၏နှုတ်အားဖြင့် ဖြိုဖျက်ခြင်းခံရတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible11 တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ဖြောင့် မှန် သော သူ တို့ ပေး သော မင်္ဂ လာ ကြောင့်၊ တစ် မြို့ လုံး ထွန်း ကား၏။ လူ ဆိုး တို့၏ နှုတ် ဖြင့် ကား၊ ပြို လဲ ရ၏။ အခန်းကိုကြည့်ပါ။Judson Bible11 တရားသောသူသည် ကောင်းချီးပေးသောအားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့လည်းကောင်း၊ မတရားသောသူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့လည်းကောင်း ရောက်တတ်၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သင်တို့သည် အကျွန်ုပ်ကို ဤအရပ်သို့စေလွှတ်သည်မဟုတ်။ ဘုရားသခင်စေလွှတ်တော်မူသည်ဖြစ်၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဖာရောမင်းကြီး၏အဖအရာ၌လည်းကောင်း၊ နန်းတော်သူနန်းတော်သားအပေါင်းတို့၏သခင်အရာ၌လည်းကောင်း၊ အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူအရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။