ထွက်မြောက် 20:14 - မြန်မာ့စံမီသမ္မာကျမ်း14 အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ။ အခန်းကိုကြည့်ပါ။Common Language Bible14 ``သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။ အခန်းကိုကြည့်ပါ။Garrad Bible14 သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်။ အခန်းကိုကြည့်ပါ။Judson Bible14 သူ့မယားကို မပြစ်မှားနှင့်။ အခန်းကိုကြည့်ပါ။ |
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။
ဤအိမ်၌ အကျွန်ုပ်ထက်ကြီးမြတ်သောသူမရှိပါ။ သခင်မသည် အကျွန်ုပ်သခင်၏မယားဖြစ်သောကြောင့် အကျွန်ုပ်၏သခင်သည် သခင်မမှတစ်ပါး မည်သည့်အရာကိုမျှအကျွန်ုပ်အား မဟန့်တားပါ။ သို့ဖြစ်၍ အကျွန်ုပ်သည် ဤမျှလောက်ကြီးမားသောမကောင်းမှုကိုပြု၍ ဘုရားသခင်ကို ပြစ်မှားရပါမည်လော”ဟု ဆိုလေ၏။