Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 6:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ထို​သူ​သည် ရိုက်နှက်​ခြင်း​နှင့် အရှက်ခွဲခြင်း​ကို​ခံရ​လိမ့်မည်​။ သူ​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​သည်​လည်း မည်သည့်​အခါ​မျှ​ပျောက်ပျက်​သွား​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ရိုက် နှက် ခြင်း၊ အ ရှက် ကွဲ ခြင်း ကို ခံ ရ သည့် ပြင်၊ ကဲ့ ရဲ့ ခြင်း နှင့် လည်း ကင်း လွတ် မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 နာ​ကျင်​စွာ​ထိ​ခိုက်​ခြင်း​နှင့် အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ၏​အ​ရှက်​ကွဲ​ခြင်း​သည် မ​ပြေ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 6:33
11 ပူးပေါင်းရင်းမြစ်များ  

သို့သော် သင်​သည် ရေ​ကဲ့သို့​ဘောင်ဘင်ခတ်​တတ်​သည်​ဖြစ်၍ အထွတ်​သို့​မ​ရောက်​။ အကြောင်းမူကား သင်​သည် သင့်​ဖခင်​၏​အိပ်ရာ​ပေါ်​တက်​၍​ညစ်ညူး​စေ​၏​။ သူ​သည် ငါ့​ခုတင်​ပေါ်​တက်​ဝံ့​လေ​ပြီ​တကား​။


ဒါဝိဒ်​မင်းကြီး​သည် သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဟိတ္တိ​လူမျိုး ဥရိယ​အမှု​မှလွဲ၍ မိန့်မှာ​တော်မူ​သမျှ​တို့​ကို တစ်စုံတစ်ရာ​မျှ​မ​လွဲ​ဘဲ ထာဝရဘုရား​ရှေ့​တော်​၌ ဖြောင့်မတ်မှန်ကန်​စွာ ပြုကျင့်​ခဲ့​၏​။


အစ္စရေး​ဘုရင်​ရှောလမုန်​မင်းကြီး​သည်​လည်း ဤနည်းဖြင့် အပြစ်ပြု​ခဲ့​သည်​မ​ဟုတ်​လော​။ တိုင်းနိုင်ငံ​များ​တွင် သူ​နှင့်​တူ​သော​ဘုရင်​မ​ရှိ​။ ဘုရားသခင်​သည် သူ့​ကို​ချစ်​တော်မူ​၍ အစ္စရေး​လူမျိုး​အားလုံး​တို့​၏​ဘုရင်​အဖြစ် သူ့​ကို​ခန့်ထား​တော်မူ​၏​။ သို့သော် သူ​သည် တစ်ပါးအမျိုးသား​မိန်းမပျို​တို့​အားဖြင့် အပြစ်​ကျူးလွန်​ခဲ့​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ပယ်ဖျက်​တော်မူ​ပါ​။


အကျွန်ုပ်​အား ရွှင်မြူး​ခြင်း​နှင့်​ဝမ်းမြောက်​ခြင်း​ကို ကြား​စေ​တော်မူ​ပါ​။ ကိုယ်တော်​ကြေမွ​စေ​သော​အရိုး​တို့​ကို​လည်း ရွှင်လန်း​စေ​တော်မူ​ပါ​။


သူတစ်ပါး​၏​မယား​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​သည် အသိစိတ်​မ​ရှိ​။ ထို​အမှု​ကို​ပြု​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​ဖျက်ဆီး​သော​သူ​ဖြစ်​၏​။


အကြောင်းမူကား သဝန်တိုမှု​သည် ခင်ပွန်းသည်​ကို အမျက်ဒေါသ​ထွက်​စေ​သဖြင့် သူ​သည် လက်စားချေ​သော​နေ့​၌ ညှာတာ​လိမ့်မည်​မ​ဟုတ်​။


ယေရှဲ​သည် သား​ဒါဝိဒ်​မင်းကြီး​ကို​ရ​၏။ ဒါဝိဒ်​သည် ဥရိယ​၏​မယား​အားဖြင့် သား​ရှောလမုန်​ကို​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ