အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
ရောမ 1:30 - မြန်မာ့စံမီသမ္မာကျမ်း ပုတ်ခတ်ပြောဆိုသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ မိုက်ရိုင်းသောသူ၊ မာနထောင်လွှားသောသူ၊ ကြွားဝါသောသူ၊ မကောင်းသောအမှုများကို တီထွင်ကြံစည်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ Common Language Bible သူတစ်ပါး၏အသရေကိုဖျက်ကြ၏။ ဘုရား သခင်ကိုမုန်းသူ၊ စော်ကားသူ၊ မာန်မာနထောင် လွှားလျက်ကြွားဝါသူများဖြစ်ကြ၏။ မကောင်း မှုအမျိုးမျိုးကိုတီထွင်ကြံစည်တတ်ကြ၏။ မိမိတို့မိဘများ၏စကားကိုနားမထောင် ကြ။- Garrad Bible ကုန်း ချော သူ၊ အ သ ရေ ဖျက် သူ၊ ဘု ရား သ ခင် ရွံ ရှာ သူ၊ စော် ကား သူ၊ မာ န ထောင် လွှား သူ၊ ဝင့် ဝါ သူ၊ ပြစ် မှု ကွန့် မြူး သူ၊ မိ ဘ စ ကား ကို မ လိုက် နာ သူ၊ Judson Bible ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် အသရေပျက်အောင်ပြောဆိုသူများ၊ ဘုရားသခင်ကို မုန်းတီးသူများ၊ မောက်မာသူများ၊ မာနထောင်လွှားသူများ၊ ကြွားဝါသူများ၊ မကောင်းမှုဖန်တီးသူများ၊ မိဘစကားနားမထောင်သူများဖြစ်ကြ၏။ |
အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ ကိုယ့်နန်းတော်၌သာ ကိုယ်စံမြန်းပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိစိတ်ဝိညာဉ်၏အလိုဆန္ဒများ၌ ဂုဏ်ယူဝါကြွား၍ လောဘကြီးသောသူသည် ထာဝရဘုရားကိုကျိန်ဆဲလျက် မထီလေးစားပြု၏။
သူတို့သည် မိမိတို့ပြုသောအမှုများဖြင့် မိမိတို့ကိုယ်ကိုညစ်ညူးစေ၍ မိမိတို့၏အပြုအမူများဖြင့် ဖောက်ပြန်မှားယွင်းကြ၏။
ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
ဝါကြွားသောသူတို့သည် ကိုယ်တော်၏မျက်မှောက်တော်၌ ရပ်နိုင်ကြမည်မဟုတ်ပါ။ ကိုယ်တော်သည် အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏။
အို ခွန်အားကြီးသောသူ၊ သင်သည် မကောင်းမှု၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွားသနည်း။ ဘုရားသခင်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ထာဝရဘုရားကို မုန်းသောသူတို့သည် ရှေ့တော်၌ ခယဝပ်တွားကြသော်လည်း သူတို့အပြစ်ဒဏ်ခံရသောကာလသည် အစဉ်ထာဝရဖြစ်လိမ့်မည်။
သူတို့သည် မောက်မာသောစကားများကို မြွက်ဟပြောဆိုကြပါ၏။ အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဝါကြွားကြပါ၏။
ထုလုပ်ထားသောအရုပ်ကိုဝတ်ပြုသောသူ၊ ရုပ်တုများ၌ ဂုဏ်ယူဝါကြွားသောသူအပေါင်းတို့သည် အရှက်ကွဲကြရပါစေ။ ဘုရားအပေါင်းတို့၊ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ ကိုယ်တော်သည် သူတို့ပြုသောမကောင်းမှုများအတွက် အပြစ်ပေးသော်လည်း သူတို့ကို ခွင့်လွှတ်သော ဘုရားသခင်ဖြစ်တော်မူ၏။
မြောက်လေသည် မိုးကိုဖြစ်ပေါ်စေတတ်၏။ အတင်းပြောသောလျှာသည်လည်း ဒေါသမျက်နှာထားကို ဖြစ်ပေါ်စေတတ်၏။
ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
ကြည့်ရှုလော့။ ငါတွေ့ရှိသည့် တစ်ခုတည်းသောအရာကား ဘုရားသခင်သည် လူကိုဖြောင့်မှန်သောသူအဖြစ် ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များစွာသောအကြောင်းအချက်တို့ကိုရှာဖွေကြသည်ဟူ၍ဖြစ်၏။
ရုပ်တုများကြောင့် ငါနှင့်ဝေးကွာသွားသော အစ္စရေးလူမျိုးအပေါင်းတို့၏နှလုံးသားကို ငါပြန်လည်ဆွဲယူမည်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
မိဘကို မထီလေးစားပြုသောသူများ သင့်တွင်ရှိ၏။ တိုင်းတစ်ပါးသားတို့ကို ဖိနှိပ်ချုပ်ချယ်သောသူများ သင့်တွင်ရှိ၏။ ဖတဆိုးများ၊ မုဆိုးမများကို နိုင်ထက်စီးနင်းပြုသောသူများသင့်တွင်ရှိ၏။
သေတ္တာတော်ခရီးပြုသောအခါ မောရှေက “အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် ကွဲလွင့်ကြပါစေသော။ ကိုယ်တော်ကိုမုန်းသောသူတို့သည် ကိုယ်တော့်ထံမှ ထွက်ပြေးကြပါစေသော”ဟု လျှောက်ဆို၍
အကြောင်းမူကား ဘုရားသခင်က ‘မိခင်နှင့်ဖခင်တို့ကိုရိုသေလော့။ မိခင်၊ သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု မိန့်တော်မူခဲ့၏။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
သင်တို့၏မိဘ၊ ညီအစ်ကို၊ ဆွေမျိုးနှင့် မိတ်ဆွေတို့ပင်လျှင် သင်တို့ကိုအပ်နှံကြလိမ့်မည်။ သင်တို့တွင် အချို့တို့သည် အသေသတ်ခြင်းခံရကြလိမ့်မည်။
လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ပြုသောအမှုများမကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။
အကြောင်းမူကား တစ်ခါက သုဒသည်ပေါ်လာ၍ မိမိကိုယ်ကိုအရေးပါသူဖြစ်သည်ဟုဆိုသဖြင့် အရေအတွက်အားဖြင့် လေးရာခန့်ရှိသောသူတို့သည် သူ့နောက်သို့လိုက်ခဲ့ကြ၏။ သို့သော် သူသည် အသတ်ခံရပြီး သူ့နောက်သို့လိုက်သောသူအားလုံးတို့သည် တကွဲတပြားဖြစ်ကြလျက် မည်သို့မျှအရာမထင်ခဲ့ချေ။
အကယ်၍ သင်သည် မိမိကိုယ်ကိုဂျူးလူမျိုးဟုခေါ်လျက်၊ ပညတ်တရားကိုကိုးစားလျက်၊ ဘုရားသခင်၌ဝါကြွားလျက်၊
ပညတ်တရား၌ဝါကြွားလျက်ပင် သင်ကိုယ်တိုင်ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်ခြင်းဖြင့် ဘုရားသခင်ကိုမထီလေးစားပြုရသလော။
သို့ဖြစ်လျှင် ဝါကြွားစရာအဘယ်မှာရှိသနည်း။ ၎င်းသည် ဖယ်ရှားခြင်းခံရလေပြီ။ မည်သည့်တရားအားဖြင့် ဖယ်ရှားသနည်း။ အကျင့်တရားအားဖြင့်လော။ မဟုတ်ပေ။ ယုံကြည်ခြင်းတရားအားဖြင့် ဖယ်ရှား၏။
ငါတို့သည် မိမိတို့အတိုင်းအတာကိုကျော်လွန်၍ သူတစ်ပါးတို့၏ကြိုးပမ်းအားထုတ်မှု၌ ဝါကြွားခြင်းမပြု။ သို့သော် သင်တို့၏ယုံကြည်ခြင်းတိုးပွားလာသည်နှင့်အမျှ ငါတို့၏နယ်ပယ်သည် သင်တို့ထဲ၌ ပိုမိုကျယ်ပြန့်လာ၍
ငါရောက်လာသောအခါ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့ကို ငါတွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရသကဲ့သို့ ငါ့ကိုလည်း သင်တို့တွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရမည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ ရှိမည်ကိုလည်းကောင်း ငါစိုးရိမ်၏။
‘မိမိ၏မိဘကို မထီလေးစားပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
ကိုယ်တော်ကို မုန်းတီးသောသူတို့ကိုကား ပျက်စီးစေခြင်းဖြင့် ဒဏ်ခတ်သောဘုရားဖြစ်တော်မူကြောင်း သိမှတ်ကြလော့။ ကိုယ်တော်သည် မိမိကိုမုန်းတီးသောသူတို့အား အလျင်အမြန် ဒဏ်ခတ်တော်မူမည်။
ထိုသူသည် ဘုရားဟုခေါ်ဝေါ်သောအရာနှင့် ကိုးကွယ်ခြင်းခံရသောအရာအားလုံးကို ဆန့်ကျင်လျက် ၎င်းတို့အပေါ် မိမိကိုယ်ကိုချီးမြှောက်ကာ ဘုရားသခင်၏ဗိမာန်တော်၌ထိုင်၍ မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု ကြေညာလိမ့်မည်။
အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ မသန့်ရှင်းသောသူ၊
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
ထိုနည်းတူ လျှာသည်လည်း သေးငယ်သောအင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ မည်မျှလောက်သေးငယ်သောမီးသည် မည်မျှလောက်ကြီးမားသောသစ်တောကိုမီးစွဲလောင်စေနိုင်သည်ကို ကြည့်လော့။
သို့သော် ယခု သင်တို့သည် ဟိတ်ဟန်ထုတ်လျက် ဝါကြွားနေကြ၏။ ထိုသို့သောဝါကြွားခြင်းဟူသမျှသည် မကောင်းသောအမှုဖြစ်၏။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။