သုတ္တံကျမ်း။ 30:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible17 အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible17 အ ကြင် သူ သည် အ ဘ ကို ပြက် ရယ် ပြု လျက်၊ အ မိ ကို မ ကြည် မ ညို၊ မ ထီ မဲ့ မြင် ပြု အံ့။ ထို သူ၏ မျက် စိ ကို ချိုင့် ရှိ ကျီး အ တို့ သည် ထုတ် ယူ၍။ လင်း တ သား ငယ် များ လည်း စား ကြ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible17 အဘကို ကျီစားသောသူ၊ အမိစကားကို နားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏မျက်စိကို ချိုင့်၌ကျင်လည်သော ကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတ သူငယ်တို့သည်လည်း စားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အလောင်းတို့ကို နေ့အချိန်တွင် မိုးကောင်းကင်ငှက်တို့ မထိပါးအောင်၊ ညအချိန်တွင် တောတိရစ္ဆာန်တို့ လာမဆွဲအောင် အာယ၏သမီးရိဇပက လျှော်တေအဝတ်ကိုယူ၍ ကျောက်ဖျာတစ်ခုပေါ်တွင်ခင်းထိုင်ပြီး သီးနှံရိတ်သိမ်းချိန်မှစ၍ အလောင်းပေါ်သို့ ကောင်းကင်မှမိုးရွာချသည့်အချိန်ထိ စောင့်ရှောက်ပေးခဲ့၏။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။