၂ ရာချုပ် 19:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible2 ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။- အခန်းကိုကြည့်ပါ။Garrad Bible2 ဟာ နန့် သား အ မြော် အ မြင် ဆ ရာ ယေ ဟု သည်၊ ခ ရီး ဦး ကြို ဆို လျက်၊ ယော ရှ ဖတ် မင်း အား လျှောက် ဆို သည် မှာ၊ ဘု ရင် မင်း သည် လူ ဆိုး ကို ထောက် မ အပ် သ လော။ ထာ ဝ ရ ဘု ရား အား မုန်း ထား သူ တို့ ကို ချစ် အပ် သ လော။ ဤ အ မှု ကြောင့် ထာ ဝ ရ ဘု ရား အ မျက် တော် သည်၊ ဘု ရင် မင်း အ ပေါ် သို့ သင့် ရောက် လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible2 ဟာနန်သား ပရောဖက်ယေဟုသည်၊ ယောရှဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွား၍၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင့်သလော။ ထာဝရဘုရားကို မုန်းသောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား၏ အမျက်တော်သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။ အခန်းကိုကြည့်ပါ။ |
ဗာရှာမင်းကြီးသည် ယေရောဗောင်အမျိုးအနွယ်ကဲ့သို့ပင် မိမိလက်ဖြင့်ပြုလုပ်သောအရာအားဖြင့် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုအလုံးစုံတို့ကိုပြု၍ အမျက်တော်ကိုနှိုးဆော်ပြီး ယေရောဗောင်အမျိုးအနွယ်ကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဟာနနိ၏သား ပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းကြီးနှင့် သူ၏အမျိုးအနွယ်ကိုဆန့်ကျင်ဆင့်ဆိုသော ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၏။
အစ္စရေးဘုရင်အာဟပ်မင်းကြီးက ယုဒဘုရင်ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်နှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီလိုက်မည်လော”ဟု မေးလျှင် ယောရှဖတ်မင်းကြီးက “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်များပင် ဖြစ်ပါ၏။ မင်းကြီးနှင့်အတူ စစ်ချီထွက်ပါမည်”ဟု ပြန်ပြော၏။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကို ငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် မည်သည့်အခါမျှ အကောင်းကိုမဟော။ သူ့တစ်သက်မှာ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယ ဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
မြို့အသီးသီးတွင်နေထိုင်ကြသော သင်တို့၏ညီအစ်ကိုတို့သည် အချင်းချင်းသတ်ဖြတ်မှု၊ ဥပဒေသ၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်စသည်တို့နှင့်ပတ်သက်သောအမှုအခင်းအလုံးစုံတို့ကို သင်တို့ထံသို့ ယူဆောင်လာလျှင် သင်တို့သည် သူတို့အား သတိပေးရမည်။ သို့မှ သူတို့သည် ထာဝရဘုရားကို မပြစ်မှားမိဘဲနေလိမ့်မည်။ သင်တို့နှင့် သင်တို့၏ညီအစ်ကိုအပေါ်အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။ သင်တို့လည်း အပြစ်မပြုမိဘဲနေလိမ့်မည်။
ဩဇိမင်းကြီးနှင့်မျက်နှာချင်းဆိုင်လျက် “အရှင်ဩဇိမင်းကြီး၊ ထာဝရဘုရားထံ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှုသည် အရှင်မင်းကြီးနှင့်မဆိုင်ပါ။ နံ့သာပေါင်းမီးရှို့ပူဇော်ရန် ခန့်အပ်ခြင်းခံရသောအာရုန်နှင့်သူ၏သားစဉ်မြေးဆက်တို့နှင့်သာဆိုင်ပါ၏။ သန့်ရှင်းရာဌာနထဲမှထွက်သွားပါ။ မင်းကြီးသည် သစ္စာမဲ့စွာပြုမိပြီဖြစ်၍ မင်းကြီး၌ ဘုရားသခင်ထာဝရဘုရားထံမှ ဘုန်းအသရေမရှိတော့ပေ”ဟု ဆိုလျှင်