Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 4:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သို့သော် ယခု သင်​တို့​သည် ဟိတ်ဟန်​ထုတ်​လျက် ဝါကြွား​နေ​ကြ​၏။ ထိုသို့သော​ဝါကြွား​ခြင်း​ဟူသမျှ​သည် မကောင်း​သော​အမှု​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ယ​ခု​မူ​ကား​သင်​တို့​သည်​မာန်​မာ​န​ကြီး​ကာ ကြွား​ဝါ​တတ်​ကြ​၏။ ယင်း​သို့​ကြွား​ဝါ​မှု​ရှိ သ​မျှ​သည်​အ​ပြစ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ယ ခု မူ ကား သင် တို့ သည် ထောင် လွှား ဝါ ကြွား တတ် ကြ၏။ ထို သို့ သော ဝါ ကြွား ခြင်း မ သင့် ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယ​ခု​သင်​တို့​သည် မိ​မိ​ထောင်​လွှား​ခြင်း၌ ဝါ​ကြွား​ကြ​သေး၏။ ထို​သို့​သော ဝါ​ကြွား​ခြင်း​ရှိ​သ​မျှ​သည် မ​ကောင်း​မ​သင့်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ယခု​တွင်မူ သင်တို့​သည် လုပ်ဆောင်မည့်​အစီအစဉ်​အကြောင်း မာနထောင်​လျက် ကြွားဝါတတ်ကြ၏။ ထိုသို့သော ကြွားဝါခြင်း​မှန်သမျှ​သည် မကောင်းမှု​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 4:16
11 ပူးပေါင်းရင်းမြစ်များ  

အို ခွန်အားကြီး​သော​သူ​၊ သင်​သည် မကောင်းမှု​၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွား​သနည်း​။ ဘုရားသခင်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


“​ဘုရားသခင်​ကို မိမိ​၏​မှီခို​ရာ​မ​ဖြစ်စေ​ဘဲ မိမိ​၏​ဓနဥစ္စာ​ကြွယ်ဝမှု​ကို​ယုံကြည်ကိုးစား​သော​သူ​ကို ကြည့်​ကြ​လော့​။ သူ​သည် မိမိ​၏​ယုတ်မာစဉ်းလဲမှု​အားဖြင့် အားကြီး​လာ​၏​”​ဟု ဆို​လျက် သူ့​ကို​ရယ်မော​ကြ​လိမ့်မည်​။


လက်ဆောင်​မပေး​ဘဲ ပေး​သည်​ဟု ဝါကြွား​သော​သူ​သည် မိုးရေ​မ​ပါ​သော မိုးတိမ်​များ​နှင့်​လေ​ကဲ့သို့​ဖြစ်​၏​။


မနက်ဖြန်​အတွက် မ​ဝါကြွား​နှင့်​။ အကြောင်းမူကား တစ်ရက်​အတွင်း မည်သို့​ဖြစ်​မည်​ကို သင်​မ​သိ​။


သင်​သည် မကောင်း​သော​အတတ်ပညာ​ကို ယုံကြည်ကိုးစား​၏​။ “​ငါ့​ကို မည်သူ​မျှ​မ​မြင်​”​ဟု​သင်​ဆို​၏​။ သင်​၏​ဉာဏ်ပညာ​၊ သင်​၏​အသိပညာ​သည် သင့်​ကို​လမ်းလွဲ​စေ​သဖြင့် သင်​က “​ငါ​တစ်ပါးတည်း ရှိ​၏​။ ငါ​မှတစ်ပါး အခြားသူ​မ​ရှိ​”​ဟု သင့်​စိတ်​ထဲ၌​ပြောဆို​၏​။


သင်​တို့​၏​ဝါကြွား​ခြင်း​သည် ကောင်း​သည်​မ​ဟုတ်။ အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။


သို့သော် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခါးသီး​သော​မနာလို​ခြင်း​နှင့် တစ်ကိုယ်ကောင်းဆန်​ခြင်း​များ​ရှိ​လျှင် သမ္မာတရား​ကို​ဆန့်ကျင်​၍ ဝါကြွား​ခြင်း၊ လိမ်ညာ​ခြင်း​တို့​ကို​မ​ပြု​ကြ​နှင့်။


အကြောင်းမူကား လောက​၌​ရှိသမျှ​သော​အရာ​တည်းဟူသော ကိုယ်ကာယ​၏​တပ်မက်​ခြင်း၊ မျက်စိ​၏​တပ်မက်​ခြင်း၊ စည်းစိမ်​၌​ကြွားဝါ​ခြင်း​တို့​သည် ခမည်းတော်​နှင့်​မ​စပ်ဆိုင်။ လောက​နှင့်​သာ​စပ်ဆိုင်​၏။


သူ​သည် မိမိကိုယ်ကို​ချီးမြှောက်​၍ စည်းစိမ်​ခံစား​ခဲ့​သည်​နှင့်အမျှ သူ့​အား ညှဉ်းဆဲ​ခြင်း​နှင့်​ဝမ်းနည်း​ကြေကွဲ​ခြင်း​တို့​ကို ပေး​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် သူ​က ‘ငါ​သည် မိဖုရား​ဖြစ်​၏။ မုဆိုးမ မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း​ကို​လည်း မည်သည့်​အခါ​မျှ ကြုံတွေ့​ရ​လိမ့်မည်​မ​ဟုတ်’​ဟု မိမိ​စိတ်​ထဲ၌​ဆို​သောကြောင့်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ