Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 99:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​၏​။ ကိုယ်တော်​သည် သူ​တို့​ပြု​သော​မကောင်းမှု​များ​အတွက် အပြစ်ပေး​သော်လည်း သူ​တို့​ကို ခွင့်လွှတ်​သော ဘုရားသခင်​ဖြစ်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​ခေါ်​သော အ​ခါ ထူး​တော်​မူ​ပါ​၏။ ထို​သူ​တို့​ပြု​သည့်​အ​ပြစ်​များ​အ​တွက် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ထူး တော် မူ၍၊ သူ တို့ အ မှု များ ကြောင့် လက် စား ချေ လျက် ပင်၊ ချမ်း သာ ပေး သော ဘု ရား ဖြစ် တော် မူ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သူ​တို့​ကို ထူး​တော်​မူ၏။ သူ​တို့​အ​မှု​ကြောင့် အ​ပြစ်​ပေး​သော်​လည်း၊ သူ​တို့​ကို သည်း​ခံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 99:8
16 ပူးပေါင်းရင်းမြစ်များ  

သို့သော် အရှင်မင်းကြီး​သည် ဤ​အမှု​အားဖြင့် စင်စစ် ထာဝရဘုရား​၏​ရန်သူ​တို့ မထီလေးစားပြုစရာ ဖြစ်​စေ​လေ​ပြီ​။ ထို့ကြောင့် ယခု​မွေးဖွား​မည့် မင်းကြီး​၏​သား​တော်​သည် မုချ​သေ​ရ​လိမ့်မည်​”​ဟု ဆို​ပြီးလျှင်


သို့သော် သနားစုံမက်​တတ်​သော​ကိုယ်တော်​သည် သူ​တို့​ကို​မ​ဖျက်ဆီး​ဘဲ သူ​တို့​၏​ဒုစရိုက်​ကို​ဖြေလွှတ်​တော်မူ​၏​။ မိမိ​၏​အမျက်​တော်​ကို​လည်း အကြိမ်ကြိမ်​ချုပ်တည်း​၍ မိမိ​၏​အမျက်ဒေါသ​ကို အကုန်အစင်​နှိုးဆော်​တော်​မ​မူ​ခဲ့​ပေ​။


သို့သော် ငါ​၏​မေတ္တာကရုဏာ​ကို သူ့​ထံမှ​ဖယ်ရှား​မည်​မ​ဟုတ်​။ ငါ​၏​သစ္စာ​ကို​လည်း ဖောက်ဖျက်​မည်​မ​ဟုတ်​။


အာရုန်​က​လည်း “​သင်​တို့​၏​မယား​နှင့် သား​သမီး​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ ငါ့​ထံသို့​ယူဆောင်​ခဲ့​လော့​”​ဟု သူ​တို့​အား​ဆို​၏​။


မျိုးဆက်​အထောင်​အသောင်း​တို့​အား မေတ္တာကရုဏာ​ထား​၍ ကျူးလွန်​သော​ဒုစရိုက်​အပြစ်​တို့​ကို​ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​။ ဖခင်​တို့​၏​အပြစ်​ကို သား​မြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​သည်​”​ဟု မြွက်ဆို​တော်မူ​၏​။


ကြည့်ရှု​လော့​။ ငါ​တွေ့ရှိ​သည့် တစ်ခုတည်း​သော​အရာ​ကား ဘုရားသခင်​သည် လူ​ကို​ဖြောင့်မှန်​သော​သူ​အဖြစ် ဖန်ဆင်း​တော်မူ​သော်လည်း လူ​တို့​သည် များစွာ​သော​အကြောင်းအချက်​တို့​ကို​ရှာဖွေ​ကြ​သည်​ဟူ၍​ဖြစ်​၏​။


အို ငါ့​အစေအပါး​ယာကုပ်​၊ မ​ကြောက်​နှင့်​။ သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင့်​ကို ငါ​နှင်ထုတ်​၍ သင်​ရောက်​လေ​ရာ​အရပ်​ရှိ လူမျိုး​အားလုံး​ကို သုတ်သင်ဖျက်ဆီး​မည်​။ သင့်​ကို ငါ​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​သော်လည်း အပြစ်​မ​ပေး​ဘဲ​မ​နေ​။ သင့်​ကို တရားမျှတ​စွာ​ဆုံးမ​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​က ‘​သင်​သည် ငါ့​ကို​ကြောက်ရွံ့​လိမ့်မည်​၊ ငါ​၏​ဆုံးမစကား​ကို နာခံ​လိမ့်မည်၊ ထို့ကြောင့် သင့်​ကို တစ်ခုမျှ​ဒဏ်​မ​ခတ်​၊ သင့်​နေရာ​ကို မ​ဖျက်ဆီး’​ဟု ဆို​သော်လည်း စင်စစ် သူ​တို့​၏​အပြုအမူ​များ​မှာ ပိုမို​ဆိုးဝါး​လာ​၏​။


သို့သော် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​၊ အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​၌ ငါ​သန့်ရှင်း​ကြောင်း အသိအမှတ်​မ​ပြု​ကြ​သောကြောင့် သင်​တို့​သည် ဤ​လူအစုအဝေး​တို့​အား ငါ​ပေး​သော​ပြည်​သို့ သူ​တို့​ကို ပို့ဆောင်​ရ​လိမ့်မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


“​အာရုန်​သည် မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ သွား​ရ​တော့​မည်​။ အကြောင်းမူကား သင်​တို့​သည် မေရိဘ​စမ်းရေ​နား​တွင် ငါ့​အမိန့်​ကို​ဖီဆန်​ကြ​သောကြောင့် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​သို့ အာရုန်​သည်​မ​ဝင်​ရ​။


အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​သိ​လျက်​နှင့်​ပင် ဘုရား​အဖြစ်​ဘုန်း​တော်​ကို​မ​ချီးမွမ်း၊ ကျေးဇူး​လည်း​မ​တင်​ကြ​ပေ။ သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​သွား​၍ သူ​တို့​၏​အသိတရား​ကင်းမဲ့​သော​စိတ်နှလုံး​ကို​လည်း အမှောင်​ဖုံးလွှမ်း​လေ​၏။


သို့သော် ထာဝရဘုရား​သည် သင်​တို့​ကြောင့် ငါ့​ကို​အမျက်ထွက်​၍ ငါ့​စကား​ကို နားညောင်း​တော်​မ​မူ​။ ထို့ပြင် ထာဝရဘုရား​သည် ငါ့​အား ‘​တော်​ပြီ​။ ဤ​ကိစ္စ​နှင့်​ပတ်သက်၍ ငါ့​အား ထပ်၍​မ​လျှောက်​တော့​နှင့်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ