သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
ယေရမိ 49:23 - မြန်မာ့စံမီသမ္မာကျမ်း ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။ Common Language Bible ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။- Garrad Bible ဒ မာ သက် နိုင် ငံ အ ကြောင်း၊ ဟာ မတ် နှင့် အာ ပဒ် မြို့ များ သည်၊ မ ကောင်း သ တင်း ကြား ရ သ ဖြင့်၊ အ ရှက် ကွဲ၍ ပျက် ပြား ကြ ပြီ။ သ မု ဒ္ဒ ရာ ဝေ လျက် မ ငြိမ်း နိုင်။ Judson Bible ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ၍ စိတ်ပျက်လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသောကြောင့်၊ ငြိမ်ဝပ်ခြင်းသို့ မရောက်နိုင်။ |
သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ခြင်္သေ့ကဲ့သို့ရဲရင့်သောစိတ်နှလုံးရှိသူများပင် စိတ်ပျက်အားလျော့ကုန်ကြပါလိမ့်မည်။ အကြောင်းမူကား အရှင့်ခမည်းတော်သည် သူရဲကောင်းဖြစ်ကြောင်း၊ သူ့အမှုထမ်းတို့သည်လည်း ရဲစွမ်းသတ္တိရှိသူများဖြစ်ကြောင်းကို အစ္စရေးလူမျိုးအပေါင်းတို့ သိကြပါ၏။
ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင်
ဇောဘလူမျိုးတို့ကို ဒါဝိဒ်မင်းကြီး နှိမ်နင်းခဲ့စဉ်က ရေဇုန်သည် လူတို့ကိုစုရုံးပြီး ခေါင်းဆောင်လုပ်ကာ ဓားပြအုပ်စုဖွဲ့လေ၏။ သူတို့သည် ဒမတ်စကပ်မြို့သို့သွားရောက်နေထိုင်ပြီး ထိုမြို့တွင် ဗိုလ်ကျစိုးမိုးကြ၏။
အဆီးရီးယားဘုရင်သည် ဘေဘီလုံမြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့၊ သေဖရဝိမ်မြို့တို့မှ လူတို့ကို ခေါ်လာပြီး အစ္စရေးအမျိုးသားတို့နေရာ ရှမာရိမြို့ရွာများတွင် နေထိုင်စေ၏။ ဤသို့ဖြင့် ထိုသူတို့သည် ရှမာရိမြို့ကို အပိုင်စီးထားပြီး ရှမာရိမြို့ရွာတို့တွင် နေထိုင်ကြလေ၏။
ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။
ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်တို့အဘယ်မှာရှိတော့သနည်း။ သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့တို့၏ဘုရင်တို့သည်လည်း အဘယ်မှာရှိတော့သနည်း”ဟု ပြောကြားစေ၏။
ဒမတ်စကပ်မြို့ရှိအာဗနမြစ်ရေ၊ ဖာဖာမြစ်ရေသည် အစ္စရေးပြည်ရှိရေအားလုံးတို့ထက် ပိုကောင်းသည်မဟုတ်လော။ ငါသည် ထိုမြစ်ရေတို့ကို ချိုးပြီးမစင်ကြယ်နိုင်သလော”ဟု ဆိုကာ ဒေါသတကြီးနှင့် လှည့်ပြန်သွားလေ၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာတိုက်တို့မှ ရွှေငွေတို့ကိုယူ၍ ဒမတ်စကပ်မြို့၌နန်းစံသော ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ဧဒုံအမျိုးအနွယ်သူကြီးတို့သည်လည်း ထိတ်လန့်ကြလိမ့်မည်။ မောဘလူမျိုးအကြီးအကဲတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြလိမ့်မည်။
ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။
ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်တို့အဘယ်မှာရှိတော့သနည်း။ သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့တို့၏ဘုရင်တို့သည်လည်း အဘယ်မှာရှိတော့သနည်း”ဟု ပြောကြားစေ၏။
ဆိုးယုတ်သောသူတို့သည် မငြိမ်မသက်လှိုင်းထနေသောပင်လယ်နှင့်တူ၏။ ပင်လယ်ရေသည် ရွှံ့နှင့်အမှိုက်တို့ကို ထကြွလှုပ်ရှားစေတတ်၏။
အကြောင်းမူကား ဆီးရီးယားပြည်၏ဦးခေါင်းသည် ဒမတ်စကပ်မြို့၊ ဒမတ်စကပ်မြို့၏ဦးခေါင်းသည် ရေဇိန်မင်းကြီးဖြစ်၏။ ဧဖရိမ်သည် ခြောက်ဆယ့်ငါးနှစ်အတွင်း လူမျိုးတစ်မျိုးအဖြစ်မှ တစ်စစီပြိုကွဲသွားရလိမ့်မည်ဟု မိန့်တော်မူပြီ။
ခါလဒဲစစ်သည်တို့ကလည်း သူတို့နောက်သို့လိုက်ရာ ဂျေရိခေါလွင်ပြင်တွင် ဇေဒကိမင်းကြီးကိုမီသဖြင့် သူ့ကိုဖမ်းပြီး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် ဇေဒကိမင်းကြီးကို စီရင်ချက်ချလေ၏။
ဒမတ်စကပ်မြို့သည် ကုန်စည်မျိုးစုံပေါများသော၊ ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၏။ ထိုကုန်စည်တို့ကို ဟေလဖုန်စပျစ်ဝိုင်များ၊ ဇောဟာသိုးမွေးများနှင့် လဲလှယ်၏။
ကာလနေမြို့သို့ သွားလော့။ ထိုမှ ဟာမတ်မြို့ကြီးသို့ သွားပြီး ဖိလိတ္တိပြည်၊ ဂါသမြို့အထိ ဆင်းသွား၍ကြည့်ကြလော့။ ဤပြည်တို့သည် သင်တို့၏ပြည်ထက် သာ၍ကောင်းသလော။ သူတို့၏နယ်မြေသည် သင်တို့၏နယ်မြေထက် သာ၍ကျယ်ပြန့်သလော။
မြို့သည် ဘာမျှမကျန်အောင် ပျက်စီး၍ ဟင်းလင်းပြင်ဖြစ်လေပြီ။ လူတို့သည်လည်း စိတ်ပျက်အားလျော့လျက်၊ ကြောက်ဒူးတုန်လျက်၊ ခါးချည့်လျက် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ကြလေပြီ။
ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။
ရက်ပေါင်းများစွာ နေနှင့်ကြယ်များကိုမတွေ့ရချေ။ မုန်တိုင်းသည်လည်း အရှိန်မလျော့ဘဲ တိုက်ခတ်လျက်ရှိသဖြင့် နောက်ဆုံးတွင် ငါတို့လွတ်မြောက်မည်ဟူသောမျှော်လင့်ချက်ရှိသမျှသည် ပျောက်ကွယ်သွားခဲ့လေ၏။
ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။
ဒမတ်စကပ်မြို့တွင် အရေတမင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကိုဖမ်းဆီးရန်အတွက် ဒမတ်စကပ်မြို့ကို ပိတ်ဆို့စောင့်ကြပ်ထားခဲ့၏။
ကြီးကြပ်အုပ်ချုပ်သူတို့သည် စစ်သည်တို့အား ‘ကြောက်တတ်သောသူ၊ စိတ်မခိုင်သောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ်လျှင် ထိုသူသည် မိမိကဲ့သို့ မိမိညီအစ်ကိုတို့ကို စိတ်ပျက်အားလျော့စေလိမ့်မည်’ဟု ဆက်၍ပြောကြားရမည်။
သို့သော် အကျွန်ုပ်နှင့်အတူ လိုက်သွားသောညီအစ်ကိုတို့သည် လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ပါ၏။ အကျွန်ုပ်ကား ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစ်စိုက်လိုက်ပါ၏။
ထိုသို့ သင်တို့သတင်းကိုကြားသိရသောကြောင့် ကျွန်မတို့စိတ်ပျက်အားလျော့ကြပါ၏။ လူတိုင်းအလွန်ကြောက်ရွံ့လျက်ရှိပါ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အထက်မိုးကောင်းကင်တွင်လည်းကောင်း၊ အောက်မြေကြီးတွင်လည်းကောင်း ဘုရားသခင်ဖြစ်တော်မူ၏။