၂ ရာချုပ် 16:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာတိုက်တို့မှ ရွှေငွေတို့ကိုယူ၍ ဒမတ်စကပ်မြို့၌နန်းစံသော ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက် အခန်းကိုကြည့်ပါ။Common Language Bible2 ထိုကြောင့်အာသသည်ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များမှရွှေ၊ ငွေ၊ ရှိသမျှကိုယူ၍ ဒမာသက်မြို့ရှိရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ ပို့၍၊- အခန်းကိုကြည့်ပါ။Garrad Bible2 အာ သ မင်း သည်၊ ဗိ မာန် တော်၊ နန်း တော် ရှိ ရွှေ ငွေ ဘ ဏ္ဍာ များ ကို ထုတ် ယူ၍၊ ဒ မာ သက် မြို့ စံ၊ ရှု ရိ ဘု ရင် ဗင်္ဟာ ဒဒ် မင်း ထံ ပေး ပို့ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible2 ထိုအခါ ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို၊ အာသသည်ထုတ်၍၊ ဒမာသက်မြို့၌နေသော ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်ထံသို့ ပေးလိုက်၍၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယုဒဘုရင်ယဟောရှမင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
“သင့်ခမည်းတော်နှင့်အကျွန်ုပ်၏ခမည်းတော် ကတိသစ္စာပြုခဲ့သကဲ့သို့ သင်နှင့်အကျွန်ုပ်လည်း ကတိသစ္စာပြုခဲ့ပါ၏။ ယခု သင့်အား ရွှေငွေများကို ပို့ပေးလိုက်ပါ၏။ အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် အကျွန်ုပ်ထံမှ တပ်ရုပ်သွားရန် သူနှင့်ပြုသောကတိသစ္စာကို သွား၍ဖျက်ပါလော့”ဟု မှာလိုက်လေ၏။