ယေရမိ 35:4 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏လူ ဣဂဒါလိ၏သားဖြစ်သော ဟာနန်၏သားတို့ အခန်းသို့ သွား၏။ ထိုအခန်းသည် ထာဝရဘုရား၏အိမ်တော်အတွင်းရှိ ရှလ္လုံ၏သား တံခါးစောင့်မာသေယနေသောအခန်း၏အပေါ်ထပ်၌ရှိသော အကြီးအကဲများ၏အခန်းနှင့်ကပ်လျက်ရှိ၏။ Common Language Bible ဗိမာန်တော်သို့ဖိတ်ကြားပြီးလျှင်ပရောဖက် ဟာနန်၏တပည့်များနေထိုင်ရာအခန်းသို့ ခေါ်သွား၏။ ဟာနန်ကားဣဂဒါလိ၏သား ဖြစ်သတည်း။ ထိုအခန်းသည်အရာရှိများ ၏အခန်းအနီးဗိမာန်တော်အရာရှိကြီး တစ်ဦးဖြစ်သောရှလ္လုံ၏သားမာသေယ၏ အခန်းအထက်၌ရှိလေသည်။- Garrad Bible ဗိ မာန် တော် တွင် အ ထွက် အ ဝင် ကြည့် ရှု ရ သူ၊ ရှ လ္လုံ သား မာ သေ ယ ၏ အ ခန်း အ ထက် မှူး တော် မတ် တော် တို့ အ ခန်း အ နီး၊ ဘု ရား သ ခင့် လူ ယုံ တော် ဣ ဂ ဒါ လိ မြေး၊ ဟာ နန့် သား တို့ ၏ အ ခန်း အ တွင်း သို့ ခေါ် သွား ပြီး လျှင်၊ Judson Bible ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေးရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့နေသောအခန်းထဲသို့ ဆောင်သွားပြီးလျှင်၊ |
ဘုရားသခင်၏လူတစ်ဦးသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၏။ ထိုအချိန်တွင် ယေရောဗောင်မင်းကြီးသည် နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ယဇ်ပလ္လင်နားတွင် ရပ်နေ၏။
လမ်းခုလတ်မှ သူ့အားပြန်ခေါ်လာခဲ့သောပရောဖက်သည် ထိုသတင်းကိုကြားသောအခါ “ဤသူသည် ထာဝရဘုရား၏စကားတော်ကို ဖီဆန်သော ဘုရားသခင်၏လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ခြင်္သေ့ကိုအခွင့်ပေးသဖြင့် သူ့ကို ခြင်္သေ့ကိုက်ဖြတ်သတ်ပစ်လေပြီ။ သူ့ကို ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖြစ်လေပြီတကား”ဟု ဆို၍
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ထိုအခါ ထိုအမျိုးသမီးက ဧလိယအား “သင်သည် ဘုရားသခင်၏လူဖြစ်ကြောင်း၊ သင်ဆင့်ဆိုသောထာဝရဘုရား၏စကားတော်သည် မှန်ကန်ကြောင်းကို အကျွန်ုပ်သိပါပြီ”ဟု ဆို၏။
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ထို့နောက် ရှင်ဘုရင်က တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို ဧလိယထံသို့ စေလွှတ်၏။ တပ်မှူးက ဧလိယနေထိုင်ရာ တောင်ထိပ်သို့ တက်သွားပြီး “အို ဘုရားသခင်၏လူ၊ ‘ဆင်းလာပါ’ဟူ၍ ရှင်ဘုရင်မိန့်မှာလိုက်ပါ၏”ဟု ဆို၏။
ထို့နောက် ယဇ်ပုရောဟိတ်ယောယဒသည် သေတ္တာတစ်လုံးကို ယူ၍ အဖုံးတွင်အပေါက်ဖောက်ထားပြီး ထာဝရဘုရားအိမ်တော်သို့ဝင်ရာလမ်း၏ညာဘက် ယဇ်ပလ္လင်အနားတွင် ထား၏။ တံခါးစောင့်ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသောငွေအားလုံးကို ထိုသေတ္တာထဲသို့ ထည့်ကြ၏။
ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်းစရာယ၊ လက်ထောက်ယဇ်ပုရောဟိတ်ဇေဖနိနှင့် တံခါးစောင့်သုံးယောက်တို့ကို ခေါ်ဆောင်သွား၏။
ထို့ကြောင့် နေမန်သည် ဘုရားသခင်၏လူပြောသောစကားအတိုင်း ဂျော်ဒန်မြစ်သို့ဆင်းသွားပြီး ခုနစ်ကြိမ်ရေနှစ်လိုက်သောအခါ သူ့အသားအရေသည် သူငယ်အသားအရေကဲ့သို့ဖြစ်ပြီး စင်ကြယ်သွားလေ၏။
ဘုရားသခင်၏လူဧလိရှဲ၏ငယ်သား ဂေဟာဇိက “ငါ့သခင်သည် ဤဆီးရီးယားလူမျိုးနေမန် ယူဆောင်လာသောလက်ဆောင်တို့ကို မယူဘဲ လက်လွှတ်လိုက်ပြီ။ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါသည် သူ့နောက်သို့ပြေးလိုက်ပြီး သူ့ထံမှတစ်စုံတစ်ခုကိုတောင်းယူမည်”ဟု တွေး၏။
အစ္စရေးဘုရင်လည်း ဘုရားသခင်၏လူသတိပေးသောနေရာသို့ မိမိလူတို့ကို စေလွှတ်၍စူးစမ်းစေ၏။ ဤနည်းဖြင့် ရန်သူကို တစ်ကြိမ်နှစ်ကြိမ်မက ရှောင်နိုင်ခဲ့၏။
ရှင်ဘုရင်က မိမိလက်ရုံးဖြစ်သူတပ်မှူးအား တံခါးမှူးအဖြစ်ခန့်အပ်ရာ ထိုတပ်မှူးကို မြို့တံခါးဝတွင် လူတို့နင်းမိသဖြင့် သူသေသွားလေ၏။ ဘုရားသခင်၏လူထံ ရှင်ဘုရင်ကြွလာစဉ်က ဘုရားသခင်၏လူကြိုတင်ပြောဆိုခဲ့သည့်အတိုင်း ဖြစ်လာလေ၏။
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
သူတို့သည် အစောင့်တာဝန်များကိုသာမက နံနက်တိုင်း တံခါးသော့ဖွင့်ပေးရသောတာဝန်ကိုပါ ယူရသဖြင့် ဘုရားသခင်၏အိမ်တော်ဝန်းကျင်တွင်ပင် ညအိပ်ရ၏။
ခမည်းတော်ဒါဝိဒ်မင်းကြီး စီမံထားခဲ့သည့်အတိုင်း ယဇ်ပုရောဟိတ်တို့ကို အလှည့်ကျ တာဝန်ခွဲဝေပေး၏။ လေဝိအမျိုးသားတို့ကိုလည်း နေ့စဉ် ယဇ်ပုရောဟိတ်တို့ရှေ့တွင် အမှုတော်ထမ်းဆောင်ရမည့်တာဝန်နှင့် ကျေးဇူးတော်ချီးမွမ်းရမည့်တာဝန်ကို ခွဲဝေပေး၏။ တံခါးတိုင်းတွင် အလှည့်ကျတံခါးစောင့်များကိုလည်း ခန့်အပ်ထား၏။ ဤသည်မှာ ဘုရားသခင်၏လူ ဒါဝိဒ်မင်းကြီး၏အမိန့်တော်ဖြစ်၏။
အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၏။ ထိုအချိန်တွင် ဇေဒကိမင်းကြီးသည် မာလခိယသား ပါရှုရနှင့် မာသေယသား ယဇ်ပုရောဟိတ်ဇေဖနိတို့ကို ယေရမိထံသို့ စေလွှတ်လိုက်၏။
ထိုအကြောင်းတို့ကို ယုဒလူမျိုးမှူးမတ်တို့ကြားကြသောအခါ ရှင်ဘုရင်၏နန်းတော်မှ ထာဝရဘုရား၏အိမ်တော်သို့တက်လာကြပြီး ထာဝရဘုရား၏အိမ်တော်တံခါးသစ်အဝင်ဝ၌ ထိုင်ကြ၏။
ငါကလည်း ဟာဗဇိညာ၏သားဖြစ်သော ယေရမိ၏သား ယာဇညာနှင့်တကွ သူ့ညီအစ်ကိုများ၊ သူ့သားများအပါအဝင် ရေခပ်တစ်မျိုးသားလုံးကို ခေါ်၍
ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်းစရာယ၊ လက်ထောက်ယဇ်ပုရောဟိတ်ဇေဖနိနှင့် တံခါးစောင့်သုံးယောက်တို့ကို ခေါ်ဆောင်သွား၏။
မုခ်ဆောင်တံခါးတိုင်နားတွင် တံခါးပေါက်ပါသောအခန်းတစ်ခန်းရှိ၏။ ထိုနေရာတွင် မီးရှို့ရာယဇ်ကောင်ကို ဆေးကြောကြ၏။
သူတို့၏တံခါးခုံများကို ငါ့တံခါးခုံနားမှာလည်းကောင်း၊ သူတို့၏တံခါးတိုင်များကို ငါ့တံခါးတိုင်နားမှာလည်းကောင်း ထားကြ၏။ သူတို့နှင့်ငါ့ကြား၌ နံရံတစ်ခုသာခြား၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာများကိုပြု၍ သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြ၏။ ထို့ကြောင့် ငါအမျက်ထွက်၍ သူတို့ကို ဖျက်ဆီးခဲ့၏။
ဘုရားသခင်၏လူမောရှေ မကွယ်လွန်မီ အစ္စရေးအမျိုးသားတို့အား ပေးခဲ့သော ကောင်းချီးမင်္ဂလာကား ဤသို့ဖြစ်၏။
အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။
ဤသည်ကား ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်းခံရလျက် ပြည့်ဝစုံလင်သောသူဖြစ်မည့်အကြောင်းတည်း။
တစ်နေ့တွင် ယုဒအမျိုးသားတို့သည် ဂိလဂါလအရပ်ရှိ ယောရှုထံသို့ လာ၍ ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်က “ကာဒေရှဘာနာအရပ်၌ ထာဝရဘုရားသည် သင်နှင့်ကျွန်ုပ်ကို ရည်ညွှန်း၍ ဘုရားသခင်၏လူမောရှေအား မိန့်တော်မူခဲ့သည့်စကားများကို သင်သိပါ၏။
တစ်နေ့တွင် ဘုရားသခင်၏လူတစ်ဦးသည် ဧလိထံသို့လာပြီး “ထာဝရဘုရားက ‘သင့်ဘိုးဘေး၏အမျိုးအနွယ်တို့သည် အီဂျစ်ပြည်၊ ဖာရောမင်းကြီးလက်အောက်တွင် နေရစဉ်က သူတို့အား ငါအမှန်တကယ် ကိုယ်တိုင်ထင်ရှားပြခဲ့သည်မဟုတ်လော။