၃ ရာ 17:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 မုဆိုးမသည်ဧလိယအား``အို ထာဝရဘုရား ၏အစေခံ၊ အရှင်သည်အဘယ်ကြောင့်ကျွန်မ အားဤသို့ဒုက္ခရောက်စေပါသနည်း။ အရှင် သည်ကျွန်မ၏သားသေရအောင်ဘုရားသခင်အား ကျွန်မ၏အပြစ်များကိုပြန် လည်သတိပေးရန်အတွက် ဤအရပ်သို့ ကြွလာတော်မူပါသလော'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible18 မိ ခင် က၊ အို ဘု ရား သ ခင့် လူ ယုံ တော်၊ ကိုယ် တော် သည် တ ပည့် တော် မ နှင့် မည် သို့ ဆိုင် ပါ သ နည်း။ သား ကို သေ စေ လျက် ကိုယ့် အ ပြစ် ကို တ ပည့် တော် မ သ တိ ရ စေ ရန် ရောက် လာ ပြီ တ ကား ဟု ဆို ရာ အခန်းကိုကြည့်ပါ။Judson Bible18 မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ်တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မအပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့သောငှာ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယအားဆိုသော်၊ အခန်းကိုကြည့်ပါ။ |
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
သို့သော် နေခေါမင်းကြီးက ယောရှိမင်းကြီးထံ တမန်ကိုလွှတ်၍ “အို ယုဒဘုရင်၊ သင်နှင့် အကျွန်ုပ် မည်သို့ဆိုင်သနည်း။ ယခု သင်နှင့်စစ်တိုက်ရန် အကျွန်ုပ်ချီလာသည်မဟုတ်။ အကျွန်ုပ်နှင့်စစ်ဖြစ်နေသောလူမျိုးကိုသာတိုက်ရန် ချီလာ၏။ ဘုရားသခင်သည် အကျွန်ုပ်အား စစ်အမြန်တိုက်စေပြီဖြစ်၍ အကျွန်ုပ်နှင့်အတူရှိသောဘုရားသခင်ကို ဆန့်ကျင်၍ဆီးတားမနေပါနှင့်။ သို့မဟုတ်လျှင် သင့်ကိုဖျက်ဆီးတော်မူမည်”ဟု မှာကြားလိုက်၏။
‘သခင့်အပေါ်မကောင်းမှုပြုခဲ့သည့် သခင့်ညီအစ်ကိုတို့ကျူးလွန်ခဲ့သောအပြစ်ကို ခွင့်လွှတ်ပါလော့’ဟူ၍ သခင့်အားပြောကြားရန် မှာကြားခဲ့ပါ၏။ သို့ဖြစ်၍ သခင့်ဖခင်ကိုးကွယ်သည့်ဘုရားသခင်၏အစေအပါးဖြစ်သော အကျွန်ုပ်တို့ ကျူးလွန်မိသောအပြစ်များကို ခွင့်လွှတ်ပါလော့”ဟု လျှောက်စေ၏။ ထိုသို့လျှောက်ထားသောအခါ ယောသပ်သည် မျက်ရည်ကျလေ၏။
ယောက်ျားသည် မိမိမယားကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ဆောင်လာရမည်။ မိမိမယားအတွက် မုယောမုန့်ညက်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ပူဇော်သက္ကာအဖြစ် ယူလာရမည်။ ထိုမုန့်ညက်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာ၊ ဒုစရိုက်ကိုအောက်မေ့သတိရစေသည့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်နှင့်အညီ ထိုမုန့်ညက်အပေါ် ဆီမလောင်းရ။ လော်ဗန်မတင်ရ။
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ယုဒက “အကျွန်ုပ်တို့သည် သခင့်အား မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ မည်သို့ဆိုနိုင်ပါမည်နည်း။ အကျွန်ုပ်တို့ဖြောင့်မတ်ကြောင်း မည်သို့သက်သေပြနိုင်ပါမည်နည်း။ ဘုရားသခင်သည် သခင့်အစေအပါးတို့၏ဒုစရိုက်ကိုတွေ့မြင်တော်မူပြီ။ လက်ဝယ်၌ခွက်ရှိသောသူမှစ၍ အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်လေ၏။