ယေရမိ 21:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၏။ ထိုအချိန်တွင် ဇေဒကိမင်းကြီးသည် မာလခိယသား ပါရှုရနှင့် မာသေယသား ယဇ်ပုရောဟိတ်ဇေဖနိတို့ကို ယေရမိထံသို့ စေလွှတ်လိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ဇေဒကိမင်းသည်မေလခိ၏သားပါရှုရ နှင့် မာသေယ၏သားဇေဖနိတို့ကိုငါ့ထံ သို့စေလွှတ်ပြီးလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible1-2 ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ ငါ တို့ အား စစ် တိုက် ရေး နှင့် စပ် လျဉ်း၍၊ ထာ ဝ ရ ဘု ရား ထံ ငါ တို့ အ ဖို့ မေး လျှောက် ပါ။ ထို မင်း ဆုတ် ခွာ စေ အံ့ သော ငှာ၊ အံ့ ဖွယ် ရာ ရာ တော် အ လိုက်၊ ငါ တို့ ဘက်၌ ထာ ဝ ရ ဘု ရား စီ ရင် ကောင်း စီ ရင် တော် မူ လိမ့် မည် ဟု ကြား လျှောက် စေ ရန်၊ မေ လ ခိ သား ပါ ရှု ရ နှင့် ပ ရော ဟိတ် မာ သေ ယ သား ဇေ ဖ နိ တို့ ကို၊ ဇေ ဒ ကိ မင်း စေ လွှတ် သည့် ကာ လ၊ ယေ ရ မိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ဆို ဦး အံ့။ အခန်းကိုကြည့်ပါ။Judson Bible1-2 ဇေဒကိမင်းကြီးသည် မေလခိသား ပါရှုရနှင့်၊ ယဇ်ပုရောဟိတ် မာသေယသားဇေဖနိတို့ကို ယေရမိထံသို့ စေလွှတ်၍၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို စစ်တိုက်သည်ဖြစ်၍၊ သူ့ကိုငါတို့ထံမှ ပြန်သွားစေခြင်းငှာ၊ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း၊ ငါတို့၌ တစ်ဖန်ပြုတော်မူမည်အကြောင်း၊ ငါတို့အတွက် ထာဝရဘုရားကို တောင်းပန်ပါလော့ဟု မိန့်တော်မူသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊ အခန်းကိုကြည့်ပါ။ |
“ငါနှင့်ပြည်သူပြည်သားတို့အတွက်သာမက ယုဒအမျိုးသားအပေါင်းတို့အတွက်ပါ ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးမြန်းပေးကြလော့။ ငါတို့ဘိုးဘေးတို့သည် ဤကျမ်းပါစကားတော်အတိုင်း မလိုက်နာ၊ ငါတို့နှင့်ပတ်သက်ပြီး ရေးထားသမျှတို့ကို မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။