၄ ရာ 5:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဘုရားသခင်၏လူဧလိရှဲ၏ငယ်သား ဂေဟာဇိက “ငါ့သခင်သည် ဤဆီးရီးယားလူမျိုးနေမန် ယူဆောင်လာသောလက်ဆောင်တို့ကို မယူဘဲ လက်လွှတ်လိုက်ပြီ။ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါသည် သူ့နောက်သို့ပြေးလိုက်ပြီး သူ့ထံမှတစ်စုံတစ်ခုကိုတောင်းယူမည်”ဟု တွေး၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ဧလိရှဲ၏အစေခံဂေဟာဇိက``ငါ့သခင်သည် နေမန်ထံမှအဘယ်အရာကိုမျှမယူဘဲ သူ့ အားထွက်ခွာသွားခွင့်ပြုလေပြီတကား။ သခင် သည်ရှုရိအမျိုးသားပေးလှူသည့်ပစ္စည်းများ ကိုလက်ခံသင့်သည်။ ငါသည်နေမန်၏နောက်သို့ ပြေး၍လိုက်ပြီးလျှင် သူ့ထံမှပစ္စည်းတစ်စုံတစ် ရာကိုရအောင်ယူမည်ဖြစ်ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပါ၏'' ဟုတစ်ကိုယ်တည်းပြောဆိုကာ၊- အခန်းကိုကြည့်ပါ။Garrad Bible20 ဘု ရား သ ခင့် လူ ယုံ တော် ဧ လိ ရှဲ၏ တ ပည့် ဂေ ဟာ ဇိ က၊ ဤ ရှု ရိ လူ မျိုး နေ မန်၏ လက် ဆောင် ကို ငါ့ အ ရှင် မ ခံ မ ယူ ဘဲ ပယ် လိုက် လေ စွ တ ကား။ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ငါ အ သော့ လိုက် ၍ တစ် စုံ တစ် ခု ကို ယူ မည် ဟု ကြံ လျက် အခန်းကိုကြည့်ပါ။Judson Bible20 ဘုရားသခင်၏လူ ဧလိရှဲ၏ကျွန်ဂေဟာဇိက၊ ဤရှုရိလူ နေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူ့နောက်သို့ ငါလိုက်၍ တစ်စုံတစ်ခုကိုယူမည်ဟု အကြံရှိလျက်၊ အခန်းကိုကြည့်ပါ။ |
အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊