လယ်ယာများ၌ မျိုးစေ့ကြဲ၍ စပျစ်ခြံများကိုစိုက်ပျိုးကာ ရိတ်သိမ်းစရာအသီးအနှံတို့ကိုရရှိကြ၏။
ယေရမိ 31:5 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ရှမာရိတောင်ပေါ်တွင် စပျစ်ခြံကို ပြန်လည်စိုက်ပျိုးရလိမ့်မည်။ စိုက်ပျိုးသောသူတို့သည် အသီးကို စားရလိမ့်မည်။ Common Language Bible ရှမာရိတောင်ကုန်းများပေါ်တွင်စပျစ်ဥယျာဉ် များကိုတစ်ဖန်စိုက်ပျိုးလျက် ယင်းသို့စိုက်ပျိုး သူတို့သည်ထိုဥယျာဉ်များမှထွက်သည့်အသီး များကိုစားသုံးရကြလိမ့်မည်။- Garrad Bible ရှ မာ ရိ တောင် တန်း ပေါ်၌ စ ပျစ် ခြံ စိုက် ပျိုး ခွင့် ရ ဦး မည်။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စံ ရာ၊ ဇိ အုန် တောင် ပေါ် သို့ တက် သွား ကြ ကုန် အံ့ ဟု၊ ဧ ဖ ရိမ် ခင် တန်း ရှိ ခြံ စောင့် တို့ ကြွေး ကြော် သော နေ့ ရက် ကာ လ ရောက် လ တ္တံ့ သော ကြောင့်၊ စိုက် ပျိုး သူ တို့ သည်၊ စိုက် ပျိုး ၍ သုံး ဆောင် ခွင့် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။ Judson Bible ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တစ်ဖန်စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။ |
လယ်ယာများ၌ မျိုးစေ့ကြဲ၍ စပျစ်ခြံများကိုစိုက်ပျိုးကာ ရိတ်သိမ်းစရာအသီးအနှံတို့ကိုရရှိကြ၏။
အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက နောင်တွင် ဤပြည်၌ အိမ်များ၊ လယ်ယာများ၊ စပျစ်ခြံများကို ဝယ်ကြလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ငါပြော၏။
ထိုပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ အိမ်များကို ဆောက်ကြလိမ့်မည်။ စပျစ်ခြံများ စိုက်ပျိုးကြလိမ့်မည်။ သူတို့ဝန်းကျင်တွင်နေထိုင်၍ သူတို့ကို မထီမဲ့မြင်ပြုခဲ့သောလူများကို ငါဒဏ်ခတ်သောအခါ သူတို့သည် စိတ်အေးလက်အေး နေထိုင်ရလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အို အစ္စရေးတောင်တန်း၊ ငါ၏လူမျိုးတော်အစ္စရေးတို့ပြန်လာတော့မည်ဖြစ်၍ သင်တို့သည် သူတို့အတွက် အကိုင်းအခက်ထွက်လာ၍ အသီးသီးရကြလိမ့်မည်။
“ဖမ်းခေါ်သွားခြင်းခံရသည့် ငါ့လူမျိုးတော်အစ္စရေးအမျိုးသားတို့ကို ငါပြန်လာစေမည်။ သူတို့သည် ဖျက်ဆီးခြင်းခံရသောမြို့များကို ပြန်လည်တည်ဆောက်၍ နေထိုင်ကြလိမ့်မည်။ စပျစ်ပင်များကို စိုက်၍ စပျစ်ဝိုင်ကို သောက်ရလိမ့်မည်။ ဥယျာဉ်ခြံများကို စိုက်ပျိုး၍ အသီးအနှံတို့ကို စားရလိမ့်မည်။
တောင်ပိုင်းသားတို့သည် ဧသောတောင်ကို ပိုင်ဆိုင်ရလိမ့်မည်။ မြေနိမ့်သားတို့သည် ဖိလိတ္တိပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။ ဧဖရိမ်ပြည်၊ ရှမာရိပြည်တို့ကိုလည်း ပိုင်ဆိုင်လိမ့်မည်။ ဗင်္ယာမိန်အမျိုးသည် ဂိလဒ်ပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။
“ထို့ကြောင့် ငါသည် ရှမာရိမြို့ကို ကွင်းပြင်တွင် အပြိုအပျက်ပုံ ဖြစ်စေမည်။ စပျစ်ခြံစိုက်ပျိုးရာနေရာ ဖြစ်စေမည်။ ထိုမြို့ရှိကျောက်တုံးများကို ချိုင့်ဝှမ်းထဲသို့ သွန်ချမည်။ အုတ်မြစ်များကိုလည်း လှန်ပစ်မည်။
လူတို့သည် မိမိတို့၏စပျစ်ပင်၊ သဖန်းပင်တို့အောက်တွင် ထိုင်ကြလိမ့်မည်။ သူတို့ကို ခြိမ်းခြောက်မည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။ ထိုသို့ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား နှုတ်မြွက်တော်မူပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် စပျစ်ပင်အောက်၊ သဖန်းပင်အောက်သို့ လာရောက်ကြရန် အိမ်နီးချင်းအချင်းချင်း ဖိတ်ခေါ်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု သတိပေးပြောဆို၏။
စပျစ်ခြံစိုက်ပျိုး၍ ခြံထွက်စပျစ်သီးမစားရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုစပျစ်သီးကိုစားလိမ့်မည်။
သင်သည် မိန်းမနှင့်စေ့စပ်ထားသော်လည်း အခြားသူက ထိုမိန်းမနှင့်အိပ်လိမ့်မည်။ သင်သည် အိမ်ကိုဆောက်သော်လည်း ထိုအိမ်၌နေရမည်မဟုတ်။ စပျစ်ခြံကို စိုက်ပျိုးသော်လည်း အကျိုးခံစားရမည်မဟုတ်။
ဒါဝိဒ်ကလည်း ယဇ်ပုရောဟိတ်အား “ယခင်ကတည်းက စစ်ချီထွက်လျှင် မိန်းမကို ရှောင်မြဲဖြစ်ပါ၏။ သာမန်ခရီးသွားချိန်၌ပင် ယောက်ျားတို့အင်္ဂါမှာ သန့်ရှင်းပါ၏။ ယခုတွင် ပို၍ပင်သန့်ရှင်းပါ၏”ဟု ပြန်ပြော၏။