ဇာခရိ 3:10 - မြန်မာ့စံမီသမ္မာကျမ်း10 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် စပျစ်ပင်အောက်၊ သဖန်းပင်အောက်သို့ လာရောက်ကြရန် အိမ်နီးချင်းအချင်းချင်း ဖိတ်ခေါ်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု သတိပေးပြောဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ``ထိုနေ့ရက်ကာလကျရောက်လာသောအခါ သင်တို့ရှိသမျှသည်စပျစ်ဥယျာဉ်များ၊ သဖန်းပင်များခြံရံလျက်ငြိမ်းချမ်းလုံခြုံ စွာနေထိုင်နိုင်ကြစေရန် မိမိတို့၏အိမ်နီး ချင်းများကိုခေါ်ဖိတ်ကြလိမ့်မည်'' ဟုအနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ထို နေ့ ရက် ၌ သင် တို့ သည်၊ စ ပျစ် ခြံ၊ သ ဖန်း ခြံ ရိပ် သို့ အ ချင်း ချင်း ခေါ် ဖိတ် ရ ကြ လ တ္တံ့ ဟူ၍ လည်း ကောင်း၊ မိန့် တော် မူ ကြောင်း ဆင့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုနေ့၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် စပျစ်ပင်အောက်၊ သင်္ဘောသဖန်းပင် အောက်သို့ ခေါ်ဖိတ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘သင့်အရိုက်အရာကိုဆက်ခံပြီး သင့်ရာဇပလ္လင်ပေါ်တွင် ငါစံမြန်းစေမည့် သင့်သားတော်သည် ငါ့နာမအဖို့ အိမ်တော်ကို တည်လိမ့်မည်’ဟု မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ရည်ရွယ်ပါ၏။