ယေဇကျေလ 28:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထိုပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ အိမ်များကို ဆောက်ကြလိမ့်မည်။ စပျစ်ခြံများ စိုက်ပျိုးကြလိမ့်မည်။ သူတို့ဝန်းကျင်တွင်နေထိုင်၍ သူတို့ကို မထီမဲ့မြင်ပြုခဲ့သောလူများကို ငါဒဏ်ခတ်သောအခါ သူတို့သည် စိတ်အေးလက်အေး နေထိုင်ရလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible26 သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible26 မုန်း ထား သော ပတ် ဝန်း ကျင် ရှိ လူ အ မျိုး မျိုး ကို စီ ရင် ဒဏ် ခတ် ပြီး လျှင်၊ အိမ် ဆောက် ခွင့်၊ ခြံ လုပ် ခွင့်၊ လုံ ခြုံ စွာ နေ ထိုင် ခွင့် ရ သော ထို သူ တို့ သည်၊ သူ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့ ဟု၊ မိန့် ဆို သည် ဟူ ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible26 ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက်ခြင်း အမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ ပတ်လည်၌နေ၍ မထီမဲ့မြင်ပြုသောသူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ်စရာမရှိဘဲနေ၍၊ ငါသည် သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင့်ကို ဝါးမျိုသောသူအပေါင်းတို့သည် ဝါးမျိုခြင်းကိုခံရလိမ့်မည်။ သင်၏ရန်သူအပေါင်းတို့သည် တစ်ယောက်မကျန် ဖမ်းခေါ်သွားရာသို့ လိုက်ပါရလိမ့်မည်။ သင့်ကို တိုက်ခိုက်လုယက်သောသူတို့သည်လည်း တိုက်ခိုက်လုယက်ခြင်းခံရမည်။ သင့်ကို သိမ်းပိုက်သောသူအပေါင်းတို့သည် သိမ်းပိုက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။
ကွင်းပြင်မှထင်းများကို စုသိမ်းစရာမလို၊ တောထဲမှ ထင်းများကို ခုတ်ယူစရာမလို။ ထိုလက်နက်များကို လောင်စာအဖြစ် အသုံးပြုကြလိမ့်မည်။ သူတို့ထံ လုယူခဲ့သောအရာများကို သူတို့ပြန်လည်လုယူကြလိမ့်မည်။ သူတို့ထံ သိမ်းယူသွားသောအရာတို့ကို သူတို့ပြန်လည်သိမ်းယူကြလိမ့်မည်’ဟု မိန့်တော်မူ၏။