ကိုယ်တော်အဖို့ မြင့်မြတ်သောအိမ်တော်၊ ကိုယ်တော် အစဉ်အမြဲကိန်းဝပ်တော်မူရာနေရာကို အကျွန်ုပ်တည်ဆောက်ပါပြီ”ဟု မြွက်ဆို၏။
ယေဇကျေလ 43:7 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤနေရာသည် ငါ့ပလ္လင်တည်ရာ၊ ငါ့ခြေချရာဖြစ်၏။ ဤနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ အစ္စရေးအမျိုးသားနှင့် သူတို့၏ဘုရင်တို့သည် ဖောက်ပြန်သောအားဖြင့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့၌ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့် သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြတော့မည်မဟုတ်။ Common Language Bible ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။- Garrad Bible အ ချင်း လူ့ သား၊ ဤ ဌာ န ကား၊ ဣ သ ရေ လ အ မျိုး သား စဉ် မြေး ဆက် တို့ ဘောင် တွင် ငါ စံ နေ ရာ၊ ပ လ္လင် တော် တည် ရာ၊ ခြေ တော် ချ ရာ ဖြစ်၏။ အ မျက် တော် ကြောင့် ငါ ကုန် ခမ်း စေ သည့် တိုင် အောင်၊ ပြု ကျင့် ခဲ့ သော ရွံ ရှာ ဖွယ် မှု များ ဖြင့်၊ သန့် ရှင်း သော ငါ့ နာ မ တော် ကို၊ မ သန့် ရာ ရောက် စေ ခဲ့ သော ဣ သ ရေ လ အ မျိုး သား တို့ သည်၊ အုပ် စိုး သော ဘု ရင် များ ပါ၊ မှား ယွင်း မှု၊ ဘု ရင် များ ကို စျာ ပ န ပြု မှု မှ စ၍၊ တံ တိုင်း ရိုး မျှ သာ ငါ နှင့် သူ တို့ ခြား လျက်၊ တံ ခါး ခုံ တော့် အ နီး၌ ချင်း တို့ တံ ခါး ခုံ၊ တံ ခါး တိုင် တော် အ နီး၌ ချင်း တို့ တံ ခါး တိုင် ကို ယှဉ် ထား မှု ကြောင့်၊ သန့် ရှင်း သော ငါ့ နာ မ တော် ကို မ သန့် ရာ ရောက် စေ တော့ မည် မ ဟုတ်၊ Judson Bible အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဖဝါး နင်းမြဲအရပ်၊ ဣသရေလအမျိုးသားတို့တွင် အစဉ်အမြဲ ငါ့နေရာအရပ် ဖြစ်၏။ ဣသရေလရှင်ဘုရင်များနှင့် အမျိုးသားများတို့သည် မှားယွင်းခြင်း အားဖြင့်လည်းကောင်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်လည်းကောင်း မြင့်ရာအရပ်တို့၌ ငါ၏နာမတော်မြတ်ကို နောက်တစ်ဖန် မရှုတ်ချရကြ။ |
ကိုယ်တော်အဖို့ မြင့်မြတ်သောအိမ်တော်၊ ကိုယ်တော် အစဉ်အမြဲကိန်းဝပ်တော်မူရာနေရာကို အကျွန်ုပ်တည်ဆောက်ပါပြီ”ဟု မြွက်ဆို၏။
ထို့ပြင် အထွတ်အမြတ်ထားရာနေရာများ၊ တောင်ကုန်းပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက်တို့တွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကိုလည်း မီးရှို့ပူဇော်၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ရပ်လျက် “ငါ့ညီအစ်ကိုတို့၊ ငါ့လူမျိုးတို့၊ နားထောင်ကြလော့။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်တည်ရာနေရာ၊ ငါတို့ဘုရားသခင်၏ခြေတော်တင်ရာနေရာကို ဆောက်လုပ်ရန် ငါဆန္ဒရှိခဲ့၏။ ထိုသို့တည်ဆောက်ရန်လည်း ငါပြင်ဆင်ခဲ့ပြီ။
“ထိုအရပ်သည် ငါ၏ငြိမ်ဝပ်ရာအရပ် အစဉ်ဖြစ်၏။ ထိုအရပ်ကို ငါနှစ်သက်သည်ဖြစ်၍ ထိုအရပ်၌ ငါကိန်းဝပ်မည်။
ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။ နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။
ဘုရားသခင်သည် လူမျိုးတကာတို့ကိုစိုးစံတော်မူ၏။ ဘုရားသခင်သည် မိမိ၏သန့်ရှင်းသော ပလ္လင်တော်ပေါ်၌ထိုင်တော်မူ၏။
ဘုရားသခင်၏စစ်ရထားတို့သည် အထောင်အသောင်းမကများပြားကြ၏။ ဘုရားရှင်သည် သိနာတောင်မှာကဲ့သို့ သူတို့နှင့်အတူ သန့်ရှင်းရာဌာနတော်၌ ရှိတော်မူ၏။
ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ သုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့ထံမှမက ငြင်းဆန်သောသူတို့ထံမှပင် လက်ဆောင်များကိုခံယူတော်မူ၏။ ဤသည်ကား ထာဝရအရှင်ဘုရားသခင်သည် ထိုအရပ်၌ကိန်းဝပ်တော်မူရန်ဖြစ်၏။
ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူမျိုးတကာတို့သည် ထိတ်လန့်တုန်လှုပ်ကြပါစေ။ ကိုယ်တော်သည် ခေရုဗိမ်တို့အထက်၌ စံပယ်တော်မူ၏။ မြေကြီးသည် လှုပ်ခါပါစေ။
ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြလော့။ ကိုယ်တော်သည် သန့်ရှင်းတော်မူ၏။
သူတို့အလယ်၌ ငါကိန်းဝပ်ဖို့ရန် သူတို့သည် ငါ့အဖို့ သန့်ရှင်းရာဌာနကိုလုပ်ကြစေ။
ဩဇိမင်းကြီးအနိစ္စရောက်သောနှစ်၌ ဘုရားရှင်သည် မြင့်မြတ်ထည်ဝါသောပလ္လင်ပေါ်တွင် ထိုင်နေတော်မူသည်ကို ငါမြင်၏။ ကိုယ်တော်၏ဝတ်ရုံတော်အနားစွန်းသည် ဗိမာန်တော်အပြည့်ဖုံးနေ၏။
ထာဝရဘုရားက “ကောင်းကင်ဘုံသည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ ငါ့အတွက် အိမ်ကို အဘယ်မှာဆောက်မည်နည်း။ ငါကိန်းဝပ်ရာအရပ်ကား အဘယ်မှာနည်း”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏နာမကိုထောက်၍ အကျွန်ုပ်တို့ကို ပစ်ပယ်တော်မမူပါနှင့်။ ကိုယ်တော်၏ဘုန်းအသရေပလ္လင်တော်ကို အသရေဖျက်တော်မမူပါနှင့်။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ကိုယ်တော်၏ပဋိညာဉ်ကို အောက်မေ့တော်မူပါ၊ ပယ်ဖျက်တော်မမူပါနှင့်။
ငါ၏ပြည်ကို ရွံရှာဖွယ်လူသေကောင်ဖြင့် ညစ်ညူးစေ၍ ငါ၏အမွေမြေကို စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည့်စေသော သူတို့၏ဒုစရိုက်၊ သူတို့၏အပြစ်များကြောင့် ငါသည် သူတို့ကို နှစ်ဆတုံ့ပြန်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အစအဦးကပင် မြင့်မြတ်၍ ဘုန်းကြီးသောပလ္လင်တော်သည် ငါတို့၏သန့်ရှင်းရာဌာနဖြစ်၏။
“ထိုကာလ၌ သူတို့သည် ဂျေရုဆလင်မြို့ကို ‘ထာဝရဘုရား၏ပလ္လင်’ဟု ခေါ်ဆိုကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ စုဝေးကြလိမ့်မည်။ သူတို့သည် ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့ လိုက်ကြတော့မည်မဟုတ်။
သူတို့ဦးခေါင်းအထက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် နီလာကျောက်အဆင်းအရောင်နှင့်တူသည့် ရာဇပလ္လင်ကဲ့သို့ သဏ္ဌာန်တစ်ခုရှိ၏။ ထိုပလ္လင်ပေါ်တွင် လူနှင့်တူသော သဏ္ဌာန်တစ်ခုရှိ၏။
ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ်တို့၏ဦးခေါင်းအထက်မိုးမျက်နှာကြက်တွင် နီလာရောင်အဆင်းသဏ္ဌာန်ပလ္လင်နှင့်တူသောအရာတစ်ခု ပေါ်လာသည်ကို တွေ့ရ၏။
အို အစ္စရေးအမျိုးအနွယ်တို့၊ ဘုရားရှင်ထာဝရဘုရားက ‘သွားကြ၊ ကိုယ့်ရုပ်တုကို ကိုယ်ကိုးကွယ်ကြလော့။ နောက်မှ ရုပ်တုများကို ပူဇော်ပြီး သန့်ရှင်းသောငါ့နာမကို မရှုတ်ချတော့ဘဲ ငါ့စကားကို နားထောင်ရမည့်အချိန် ရောက်လာလိမ့်မည်’ဟု မိန့်တော်မူ၏။
ငါ့နာမသန့်ရှင်းကြောင်းကို ငါ့လူမျိုးတော်အစ္စရေးတို့အား သိစေမည်။ သန့်ရှင်းသောငါ့နာမကို ရှုတ်ချခွင့်ပြုတော့မည်မဟုတ်။ ငါသည် အစ္စရေးလူမျိုးတွင် သန့်ရှင်းသောအရှင် ထာဝရဘုရားဖြစ်ကြောင်း လူမျိုးတကာတို့သိရလိမ့်မည်။
ယခုတွင် သူတို့၏ဖောက်ပြန်မှားယွင်းမှု၊ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့်မှားယွင်းမှုတို့ကို ပယ်ရှားကြပါစေ။ သို့ပြုလျှင် သူတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။
မြို့ပတ်ပတ်လည်သည် အတောင်တစ်သောင်းရှစ်ထောင်ကျယ်၏။ ထိုနေ့မှစ၍ ထိုမြို့၏အမည်ကို “ထာဝရဘုရား စံတော်မူရာ”ဟု ခေါ်တွင်ရမည်။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
သင်တို့၏ရုပ်တုများရှေ့တွင် အစ္စရေးအမျိုးသားတို့၏အလောင်းကို ပစ်ထားမည်။ ယဇ်ပလ္လင်ဝန်းကျင်တွင် အရိုးများကို ကြဲဖြန့်ထားမည်။
ဧဖရိမ်က ‘ငါသည် ရုပ်တုတို့နှင့် မည်သို့ဆိုင်သေးသနည်း’ဟု ဆိုလိမ့်မည်။ ငါသည် သူ့စကားကိုကြား၍ သူ့ကိုကြည့်ရှုစောင်မမည်။ ငါသည် စိမ်းလန်းသောထင်းရှူးပင်ကဲ့သို့ ဖြစ်၍ သင်တို့သည် ငါ့ထံမှ အသီးကို ရရှိလိမ့်မည်။”
“ဤသို့ဖြင့် ငါသည် သန့်ရှင်းရာတောင်တော် ဇိအုန်တွင် ကိန်းဝပ်သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်။ ဂျေရုဆလင်မြို့သည် သန့်ရှင်းသောမြို့ ဖြစ်လိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် ထိုမြို့ကို ဘယ်သောအခါမှ ကျော်နင်းခွင့်ရကြတော့မည်မဟုတ်။
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။
ခြေမသန်သူကို ကြွင်းကျန်စေမည်။ အဝေးသို့နှင်ထုတ်ခံရသူကို အားကြီးသောလူမျိုးဖြစ်စေမည်။ ထာဝရဘုရားသည် ယခုမှစ၍ ကာလအစဉ်အဆက် ဇိအုန်တောင်ပေါ်တွင် သူတို့ကို အုပ်စိုးတော်မူမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်တွင် ထိုပြည်မှ ရုပ်တုတို့၏အမည်များကို ပြန်လည်အမှတ်ရခြင်း မရှိလေအောင် ငါ ပယ်ဖျက်ပစ်မည်။ ထိုနည်းတူ ထိုပြည်မှ ပရောဖက်များနှင့် ဝိညာဉ်ဆိုးများကိုလည်း ဖယ်ရှားပစ်မည်။
တစ်စုံတစ်ဦးသည် ပရောဖက်ပြုဟောပြောနေသေးလျှင် သူ့ကိုဖြစ်ပွားစေသော သူ့မိဘတို့က ‘သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ မဟုတ်မမှန်ဟောပြောသောကြောင့် အသက်ချမ်းသာရာရမည်မဟုတ်’ဟု ဆို၍ သူ့ကိုဖြစ်ပွားစေသောမိဘကိုယ်တိုင်က ထိုသူပရောဖက်ပြုဟောပြောသောအခါ သူ့ကို ထိုးသတ်လိမ့်မည်။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်သည် ထိုမြို့တွင်ရှိ၍ ကိုယ်တော်၏အစေအပါးတို့သည် ကိုယ်တော်ကိုဝတ်ပြုကြလိမ့်မည်။