ယောလ 3:17 - မြန်မာ့စံမီသမ္မာကျမ်း
17 “ဤသို့ဖြင့် ငါသည် သန့်ရှင်းရာတောင်တော် ဇိအုန်တွင် ကိန်းဝပ်သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်။ ဂျေရုဆလင်မြို့သည် သန့်ရှင်းသောမြို့ ဖြစ်လိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် ထိုမြို့ကို ဘယ်သောအခါမှ ကျော်နင်းခွင့်ရကြတော့မည်မဟုတ်။
အခန်းကိုကြည့်ပါ။ ကော်ပီ
17 ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ ထိုအခါငါသည်သင်တို့၏ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်ပေါ်တွင်ကျိန်းဝပ်တော်မူပေသည်။ ယေရုရှလင်မြို့သည်သန့်ရှင်းမြင့်မြတ်လိမ့်မည်။ လူမျိုးခြားတို့သည်ထိုမြို့ကိုနောက်တစ်ဖန် အဘယ်အခါ၌မျှနိုင်နင်းရကြလိမ့်မည် မဟုတ်။
အခန်းကိုကြည့်ပါ။ ကော်ပီ
17 သို့ ဖြစ်၍။ ငါ သည် သန့် ရှင်း ရာ ဇိ အုန် တောင် တော်၌ စံ နေ သော၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း။ သင် တို့ သိ ရ ကြ သည့် ပြင်။ သန့် ရှင်း ရာ ရောက် သော ယေ ရု ရှ လင် မြို့ ကို၊ လူ မျိုး ခြား တို့ ကျော် နင်း ခွင့် ရ ကြ တော့ မည် မ ဟုတ်။
အခန်းကိုကြည့်ပါ။ ကော်ပီ
17 ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင်ပေါ်မှာ နေသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း သန့်ရှင်းလိမ့်မည်။ နောက်တစ်ဖန် ထိုမြို့ကို တစ်ပါးအမျိုးသား မနင်းရ။
အခန်းကိုကြည့်ပါ။ ကော်ပီ