ယေဇကျေလ 20:39 - မြန်မာ့စံမီသမ္မာကျမ်း39 အို အစ္စရေးအမျိုးအနွယ်တို့၊ ဘုရားရှင်ထာဝရဘုရားက ‘သွားကြ၊ ကိုယ့်ရုပ်တုကို ကိုယ်ကိုးကွယ်ကြလော့။ နောက်မှ ရုပ်တုများကို ပူဇော်ပြီး သန့်ရှင်းသောငါ့နာမကို မရှုတ်ချတော့ဘဲ ငါ့စကားကို နားထောင်ရမည့်အချိန် ရောက်လာလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible39 အရှင်ထာဝရဘုရားက``အချင်းဣသရေလ အမျိုးသားအပေါင်းတို့၊ ယခုသင်တို့သည်တစ် ယောက်မကျန်မိမိတို့ရှိရုပ်တုများကိုသွား၍ ရှိခိုးဝတ်ပြုကြလော့။ သို့ရာတွင်ယခုမှစ၍ သင်တို့သည်ငါ၏စကားကိုနားထောင်ရကြ မည်။ ရုပ်တုတို့အားပူဇော်သကာများဆက်သ ခြင်းအားဖြင့် ငါ၏သန့်ရှင်းမြင့်မြတ်သည့် နာမတော်ကိုနောက်တစ်ဖန်မရှုတ်ချရ။- အခန်းကိုကြည့်ပါ။Garrad Bible39 အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို ရည် လျက် အ ရှင် ထာ ဝ ရ ဘု ရား က၊ အ သီး အ သီး တို့၏ ရုပ် ပွား များ ကို သွား၍ ဝတ် ပြု ကြ ဦး၊ နောင် ကာ လ၌ ကား၊ အ လှူ ဒါ န နှင့် ရုပ် ပွား များ ဖြင့်၊ သန့် ရှင်း သော နာ မ တော် ကို မ ရှုတ် ချ ဘဲ၊ အ မိန့် တော် ကို နာ ခံ ရ ကြ လိမ့် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible39 အို ဣသရေလအမျိုးသားတို့၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သွားကြလော့။ အသီးအသီး မိမိတို့ရုပ်တုများကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တစ်ဖန် ငါ့စကားကိုနားမထောင်သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သကာများနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤနေရာသည် ငါ့ပလ္လင်တည်ရာ၊ ငါ့ခြေချရာဖြစ်၏။ ဤနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ အစ္စရေးအမျိုးသားနှင့် သူတို့၏ဘုရင်တို့သည် ဖောက်ပြန်သောအားဖြင့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့၌ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့် သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြတော့မည်မဟုတ်။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
ထိုအခါ ဘုရားသခင်သည် သူတို့ထံမှ မျက်နှာလွှဲ၍ သူတို့အား ကောင်းကင်ကြယ်တာရာများကိုဝတ်ပြုစေရန် စွန့်ပစ်ထားတော်မူ၏။ ဤသည်ကား ပရောဖက်ကျမ်းတွင် ‘အစ္စရေးအမျိုးတို့၊ သင်တို့သည် တောကန္တာရတွင် နှစ်ပေါင်းလေးဆယ်တိုင်တိုင် ယဇ်ပူဇော်ရန်တိရစ္ဆာန်များနှင့်ယဇ်များကို ငါ့ထံသို့ ယူဆောင်လာခဲ့ဖူးသလော။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။