မိက္ခာ 4:7 - မြန်မာ့စံမီသမ္မာကျမ်း7 ခြေမသန်သူကို ကြွင်းကျန်စေမည်။ အဝေးသို့နှင်ထုတ်ခံရသူကို အားကြီးသောလူမျိုးဖြစ်စေမည်။ ထာဝရဘုရားသည် ယခုမှစ၍ ကာလအစဉ်အဆက် ဇိအုန်တောင်ပေါ်တွင် သူတို့ကို အုပ်စိုးတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible7 သူတို့သည်ခြေဆွံ့လျက်နေအိမ်မှရပ်ဝေး သို့ရောက်ရှိနေကြ၏။ သို့ရာတွင်ငါသည် မသေဘဲကျန်ကြွင်းနေသေးသူတို့အား အင်အားကြီးသောလူမျိုးဖြစ်လာစေမည်။ ငါသည်ဇိအုန်တောင်ပေါ်မှာသူတို့အား ယခုမှစ၍ကာလအစဉ်အဆက်အုပ် စိုးတော်မူမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ဝေး ကွာ စွာ နှင် ထုတ် ခံ ရ သူ့ ကို လူ မျိုး ကြီး အ ဖြစ် ထား၍၊ ဇိ အုန် တောင် ပေါ် တွင်၊ ထို သူ တို့ ကို ကာ လ အ စဉ် ငါ ထာ ဝ ရ ဘု ရား အုပ် စိုး မည်။ အခန်းကိုကြည့်ပါ။Judson Bible7 ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသောသူသည် ကြီးမားသော လူမျိုးဖြစ်စေခြင်းငှာ ငါစီရင်မည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ်အမြဲ အုပ်ချုပ်စိုးစံတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤနေရာသည် ငါ့ပလ္လင်တည်ရာ၊ ငါ့ခြေချရာဖြစ်၏။ ဤနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ အစ္စရေးအမျိုးသားနှင့် သူတို့၏ဘုရင်တို့သည် ဖောက်ပြန်သောအားဖြင့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့၌ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့် သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြတော့မည်မဟုတ်။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
ထို့နောက် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသောလူမျိုးတော်သည် နိုင်ငံတော်နှင့်တကွ အာဏာစက်ကိုလည်းကောင်း၊ ကောင်းကင်တစ်ခွင်အောက်ရှိတိုင်းနိုင်ငံများ၏ဘုန်းတန်ခိုးတို့ကိုလည်းကောင်း ရရှိလိမ့်မည်။ ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပြီး အာဏာရမင်းရှိသမျှသည် ကိုယ်တော့်ကို နာခံ၍ ဝတ်ပြုကြလိမ့်မည်’ဟု ငါ့အား ရှင်းပြ၏။
ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။